အရေးကြီးသောအကြောင်း

My Number နှင့် သက်ဆိုင်သော စာရွက်စာတမ်းများအား ပေးပို့ရန်တောင်းခံစာ

“အုပ်ချုပ်ရေးလုပ်ထုံးများတွင် တစ်ဦးချင်းစီအတွက်သတ်မှတ်ထားသောနံပါတ်ကို အသုံးပြုစေခြင်း စသည်နှင့်သက်ဆိုင်သောဥပဒေ” တနည်းအားဖြင့် “သင့်တင့်လျောက်ပတ်စွာပြည်တွင်းအခွန်စည်းကြပ် ရန်အတွက် ပြည်ပငွေလွှဲခြင်းဆိုင်ရာ မှတ်တမ်း တင်သွင်းခြင်းဆိုင်ရာအက်ဥပဒေ” ကိုအခြေခံကာ ၁.၁.၂၀၁၆ မှစတင်၍ ဂျပန်နိုင်ငံမှ နိုင်ငံခြားသို့ငွေပေးပို့ရာတွင် အသုံးပြုသူသည်ငွေကြေးဆိုင်ရာကဏ္ဍ၌ မိမိ၏ကိုယ်ပိုင်နံပါတ်(My Number) ကိုတင်ပြရသည်။ ကိုယ်ပိုင်နံပါတ်(My Number) နှင့်ပတ်သက်သောစာရွက်စာတမ်း သို့ တင်ပြမှုနှင့်ပတ်သက်သည်များကို သိရှိရန် အောက်ပါအကြောင်းအရာများကို ကြည့်ရှု့ပါ။

 

ကိုယ်ပိုင်နံပါတ်(My Number) နှင့်ပတ်သက်သောစာရွက်စာတမ်းဆိုသည်မှာ

– အသိပေးကတ်၏ ရှေ့နောက်ကော်ပီ
– ကိုယ်ပိုင်နံပါတ်ကတ်၏ ရှေ့နောက်ကော်ပီ
– နေထိုင်ခွင့်ကတ် (မိမိ၏ကိုယ်ပိုင်နံပါတ်ရေးသားထားသောမူရင်းစာရွက် ၃ လအတွင်းရှိသောစာရွက်)

အသိပေးကတ်လက်ခံရယူမှု၊ ကိုယ်ပိုင်နံပါတ်ကတ် ထုတ်ဝေမှုနှင့်ပတ်သက်၍ ကိုယ်ပိုင်နံပါတ်ကတ်ပေါင်းချုပ်ဝက်ဘ်ဆိုက်၌စစ်ဆေးကြည့်ရှုခြင်း သို့ ကိုယ်ပိုင်နံပါတ်ပေါင်းချုပ် free dial သို့ မိမိနေထိုင်ရာ မြို့နယ်တွင်စစ်ဆေးမေးမြန်းပါ။

 

 

 

 

ရုံးအတွက်ကိုယ်ပိုင်နံပါတ်(My Number)နှင့်ပတ်သက်သောစာရွက်စာတမ်းကိုတင်ပြသည့်နည်းလမ်း

 

၁။ App မှတင်ပြလျှောက်ထားခြင်း
SBI မှ ထောက်ပံပေးထားသော「My Number Submission App」မှတင်ပြလျှောက်ထားနိုင်သည်။ အောက်ပါလင့်ခ်မှဝင်ရောက်၍「My Number Submission App」ကိုဒေါင်းလုတ်လုပ်ပါ။

 

 

 

၂။ စာတိုက်မှတင်ပြလျှောက်ထားခြင်း

၂၀၁၆ ခုနှစ် ၁ လပိုင်းမှစတင်၍ အသစ်လျှောက်ထားသောသူများသည် Sagawa အမြန်ချောပို့ဖြင့်ပေးပို့သော Welcome Package ထဲတွင်「ကိုယ်ပိုင်နံပါတ်(My Number) နှင့်ပတ်သက်သောစာရွက်စာတမ်း 」 အားပေးပို့လျှောက်ထားရန် အသုံးပြုသော အပြာရောင်စာအိတ်ကိုလည်းထားရှိပေးထားသည့်အတွက် စာတိုက်သို့ပေးပို့မှုကိုလုပ်ဆောင်ပေးပါရန် တောင်းဆိုအပ်ပါသည်။
အကယ်၍ ဤအပြာရောင်စာအိတ်မရှိသောသူသည် အောက်ပါ URL ကိုနှိပ်၍ စာအိတ်ကိုပရင့်ထုတ်ပြီး စာတိုက်သို့ပေးပို့မှုကိုလုပ်ဆောင်ပေးပါရန်တောင်းခံအပ်ပါသည်။


>>>ဤနေရာကိုနှိပ်၍ ပရင့်ထုတ်ပါ

 

*ရုံးအတွက်ကိုယ်ပိုင်နံပါတ်(My Number) ကို ထည့်သွင်းမပေးပို့လိုက်သည့်အချိန်တွင် ငွေထုတ်ခြင်းကို ကန့်သတ်သည်မျိုးလည်းရှိသည်။
*ဤရုံးတွင် ကိုယ်ပိုင်နံပါတ်(My Number)ကို ဥပဒေအရဆောင်ရွက်ရသောကိစ္စမှလွဲ၍ အခြားသောရည်ရွယ်ချက်ဖြင့်အသုံးပြုခြင်း၊ အခြားသူကိုပြသခြင်း စသည်များကိုပြုလုပ်ခြင်းမရှိပါ။
*မှတ်ပုံမတင်နိုင်သောအချိန်များ၊ လုပ်ဆောင်မှုကိုဖျက်သိမ်းသည့်အချိန်များတွင် ကိုယ်ပိုင်နံပါတ်(My Number) နှင့်သက်ဆိုင်သောစာရွက်စာတမ်းအား ပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း၊ ဤရုံးမှ စာရွက်စာတမ်းများအား စနစ်တကျဖျက်သိမ်းမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
*အိမ်ထောင်စုဝင်အားလုံး၏ ကိုယ်ပိုင်နံပါတ်(My Number)ကိုရေးသားထားသော နေထိုင်ခွင့်ကတ်ပြားကိုလက်မခံပါ။ အကယ်၍ အိမ်ထောင်စုဝင်အားလုံး၏ ကိုယ်ပိုင်နံပါတ်(My Number)ကိုရေးသားထားသော နေထိုင်ခွင့်ကတ်ပြားကို ပို့လိုက်မိသည့်အခါမျိုးတွင် ထိုစာရွက်စာတမ်းအားပယ်ချမည်ဖြစ်သည့်အတွက် မိမိ၏ ကိုယ်ပိုင်နံပါတ်(My Number)ကိုသာလျှင်ရေးသားထားသောအရာကို ပြန်လည်ပေးပို့ခိုင်းသည်မျိုးလည်းရှိကြောင်း သိရှိထားစေလိုပါသည်။