ဧည့်သည်များမှဝန်ဆောင်မှုအပေါ်ကျေနပ်မှုအားစစ်တမ်းကောက်ယူရန်လုပ်ဆောင်မှု
1.စစ်တမ်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်
SBI Remit သည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဝန်ဆောင်မှုအရည်အသွေးနှင့် အသုံးပြုရလွယ်ကူမှုနှင့်ပတ်သက်သော ဧည့်သည်များ၏ အမြင်များနှင့် တောင်းဆိုချက်များကို စုဆောင်းရန် ဝန်ဆောင်မှုအပေါ်ကျေနပ်မှုစစ်တမ်းကို လုပ်ဆောင်ခြင်းဖြစ်ပါသည်။
စစ်တမ်းရလဒ်များကို ကျွန်ုပ်တို့၏ Product နှင့် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်နှင့် ဝန်ဆောင်မှုအသစ်များ စီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရန် အသုံးပြုပါမည်။
2.စစ်တမ်း အကျဉ်းချုပ်
| အကြောင်းအရာ | အသေးစိတ် |
|---|---|
| စစ်တမ်းအမည် | ဧည့်သည်များမှဝန်ဆောင်မှုအပေါ်ကျေနပ်မှုအားစစ်တမ်း |
| ရည်ရွယ်ချက် | ဝန်ဆောင်မှု တိုးတက်စေရန်နှင့် ဧည့်သည်များ၏ ဝန်ဆောင်မှုကျေနပ်မှု မြှင့်တင်ရန် |
| ပါဝင်နိုင်သူများ | ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုဖူးသော ဧည့်သည်များ |
| ဖြေဆိုနိုင်သည့် အကြိမ်ရေ | စစ်တမ်းတစ်ခုလျှင် တစ်ဦးလျှင် တစ်ကြိမ်သာ ဖြေဆိုနိုင်ပါသည် |
| အကြောင်းအရာ | အသေးစိတ် |
|---|---|
| စစ်တမ်းအမည် | ဧည့်သည်များမှဝန်ဆောင်မှုအပေါ်ကျေနပ်မှုအားစစ်တမ်း |
| ရည်ရွယ်ချက် | ဝန်ဆောင်မှု တိုးတက်စေရန်နှင့် ဧည့်သည်များ၏ ဝန်ဆောင်မှုကျေနပ်မှု မြှင့်တင်ရန် |
| ပါဝင်နိုင်သူများ | ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုဖူးသော ဧည့်သည်များ |
| ဖြေဆိုနိုင်သည့် အကြိမ်ရေ | စစ်တမ်းတစ်ခုလျှင် တစ်ဦးလျှင် တစ်ကြိမ်သာ ဖြေဆိုနိုင်ပါသည် |
3.စစ်တမ်းပါ အကြောင်းအရာများ
စစ်တမ်းတွင် အောက်ပါအကြောင်းအရာများကို မေးမြန်းပါမည်။
- ဝန်ဆောင်မှုအားလုံးအပေါ် ကျေနပ်မှုအဆင့်
- အသုံးပြုရလွယ်ကူမှုနှင့်ပတ်သက်သော အကဲဖြတ်မှု
- ဝန်ဆောင်မှုအရည်အသွေးနှင့်ပတ်သက်သော အကဲဖြတ်မှု
- အသုံးပြုမှု အခြေအနေ
- တိုးတက်စေလိုသည့် အချက်များနှင့် အကြံပြုချက်များ (လွတ်လပ်စွာ ရေးသားဖြေဆိုရန်)
4.ကိုယ်ရေးကိုယ်တာအချက်အလက်များ ကိုင်တွယ်မှု
ဖြေဆိုထားသော အကြောင်းအရာများကို ကျွန်ုပ်တို့၏ ဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရန်နှင့် စာရင်းအင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွက်သာ အသုံးပြုပါမည်။
- ဖောက်သည်တစ်ဦးချင်းစီကို ခွဲခြားသတ်မှတ်နိုင်သော ပုံစံဖြင့် ထုတ်ပြန်မည်မဟုတ်ပါ။
- သက်ဆိုင်ရာ ဥပဒေ စည်းမျဉ်းများအရ လိုအပ်ချက်များမှလွဲ၍ တတိယပုဂ္ဂိုလ်များထံ ပေးအပ်မည်မဟုတ်ပါ။
5.ဖြေကြားပေးသည့်အတွက်လက်ဆောင်
စစ်တမ်းဖြေပေးသည့်ဧည့်သည်များအား ကျွန်ုပ်တို့ကုမ္ပဏီမှ သတ်မှတ်ထားသည့် ဝန်ဆောင်ခအနေဖြင့် အသုံးပြုနိုင်သည့်ပွိုင့်အား ပေးအပ်ပါမည်။ လက်ဆောင်၏ အသေးစိတ်အချက်အလက်များ၊ ရရှိရန်လိုအပ်သော အခြေအနေများနှင့် ပေးအပ်မည့်အချိန်ကို စစ်တမ်းတောင်းဆိုသည့်အီးမေးလ် သို့မဟုတ် အသိပေးချက်စသည်ဖြင့် သီးခြား ဖော်ပြပေးပါမည်။
6.သတိပြုရမည့်အချက်များ
- ဖြေကြားသည့်အကြောင်းအရာတွင် မမှန်ကန်မှု၊ ထပ်ခါတလဲလဲ ဖြေဆိုခြင်း သို့မဟုတ် မမှန်ကန်သော လုပ်ဆောင်မှုများ ပါဝင်သည်ဟုတွေ့ရှိပါက၊ လက်ဆောင်ပေးအပ်ခြင်း၏ အကျိုးခံစားခွင့် အကျုံးမဝင်မှုဖြစ်နိုင်ပါသည်။
- စစ်တမ်းဖြေသည့်အတွက် အင်တာနက်အသုံးပြုခမှာ ဧည့်သည်မှ ကျခံရပါမည်။ စစ်တမ်းအကြောင်းအရာ နှင့် စစ်တမ်းရလဒ်နှင့်ပတ်သက်ပြီး တစ်ဉီးချင်းအလိုက်မေးမြန်းမှုများအား ဖြေကြားပေးမည် မဟုတ်ပါ။
- စစ်တမ်းရလဒ်အား စားရင်းအင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာပြီးနောက် ဝန်ဆောင်မှုအား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရာရန် အသုံးပြုသွားပါမည်။
7.စုံစမ်းမေးမြန်းရန်
SBI Remit Customer Center
03-5652-6759
လုပ်ငန်းချိန် (တနင်္လာ-သောကြာ) – ၉ နာရီ မှ ၆ နာရီ