တရားမဝင်ဆောင်ရွက်ချက်များကျူးလွန်သည့်အဖွဲ့အစည်းများတွင် မပါဝင်ကြောင်း ကိုယ်စားပြုဖော်ပြချက်နှင့် ကတိကဝတ်ပြုချက်

ကျွန်ုပ် (စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ်ဆောင်ရွက်သည့်ကိစ္စရပ်များ အပါအဝင်၊ နောင်တွင်လည်း အလားတူ အဓိပ္ပာယ်သက်ရောက်စေရမည်) သည် SBI Remit Co., Ltd (“ကုမ္ပဏီ”) သို့ အောက်ပါအတိုင်း ကိုယ်စားပြု ဖော်ပြ၍ ကတိကဝတ်ပြုပါသည် –

 

  • ၁။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ အရာရှိများ စသည်တို့ (ဤအပိုဒ် ၁ တွင် နောင်၌ “ဤပုဂ္ဂိုလ်/အဖွဲ့အစည်း” ဟု ရည်ညွှန်းမည်) သည် လက်ရှိတွင် ရာဇဝတ်ဂိုဏ်း၊ ဂိုဏ်းဝင်၊ ဂိုဏ်းဝင်အဖြစ်မှထွက်ပြီး (၅) နှစ်မပြည့်သေးသူ၊ ရာဇဝတ်ဂိုဏ်း တစ်ဖွဲ့၏ အဖွဲ့ဝင်သဘောဆောင်သူ၊ ဂိုဏ်းနှင့်ဆက်စပ်သူ၊ စီးပွားရေးလုပ်ငန်းတစ်ခုကို အကာအကွယ်ယူ၍ တရားမဝင်ဆောင်ရွက်ချက်များတွင် ပါဝင်ပတ်သက်သူ၊ လူမှုရေးတက်ကြွ လှုပ်ရှားမှုအမည်ခံ အကြမ်းဖက်သူ၊ အထူးကျွမ်းကျင်မှု အသိပညာများအသုံးချသည့် အကြမ်းဖက်အဖွဲ့ သို့မဟုတ် အလားတူအဖွဲ့အစည်း (နောင်တွင် စုပေါင်း၍ “တရားမဝင်ဆောင်ရွက်ချက်များကျူးလွန်သည့် အဖွဲ့အစည်း စသည်” ဟုရည်ညွှန်းမည်) မဟုတ်ပါကြောင်းနှင့်၊ အောက်ဖော်ပြပါအချက်များသည် ဤပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့် အကျုံးဝင်သက်ဆိုင်မည်မဟုတ်ပါကြောင်း၊ ကိုယ်စားပြုဖော်ပြပြီး၊ နောင်အနာဂတ် တွင်လည်း အောက်ဖော်ပြပါအချက်များသည် ဤပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့် အကျုံးဝင်သက်ဆိုင်မည် မဟုတ်ပါကြောင်း ကတိကဝတ်ပြုပါသည် –
  • (၁) ဤပုဂ္ဂိုလ်/အဖွဲ့အစည်းသည် တရားမဝင်ဆောင်ရွက်ချက်များကျူးလွန်သည့်အဖွဲ့အစည်းစသည်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု မှတ်ယူရလောက်သော ပတ်သက်ဆက်နွယ်မှုတစ်ရပ်ရပ်ရှိခြင်း၊
  • (၂) တရားမဝင်ဆောင်ရွက်ချက်များကျူးလွန်သည့်အဖွဲ့အစည်း စသည်တို့သည် ဤပုဂ္ဂိုလ်/အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုတွင် သိသာထင်ရှားစွာ ပါဝင်ပတ်သက်နေသည်ဟု မှတ်ယူရလောက်သော ပတ်သက်ဆက်နွယ်မှု တစ်ရပ်ရပ်ရှိခြင်း၊
  • (၃) ဤပုဂ္ဂိုလ်/အဖွဲ့အစည်းသည် မိမိကိုယ်တိုင်၊ မိမိ၏ကုမ္ပဏီ သို့မဟုတ် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခု အတွက် တရားမဝင်သောအကျိုးအမြတ်ရရှိရန် သို့မဟုတ် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခုကို နစ်နာစေရန် အပါအဝင် (ယင်းအချက်တို့ဖြင့်သာကန့်သတ်ထားသည်မဟုတ်ဘဲ) တရားမဝင်ဆောင်ရွက်ချက်များ ကျူးလွန်သည့်အဖွဲ့အစည်းစသည်တို့ကို မမှန်မကန်သောနည်းလမ်းဖြင့် အသုံးပြုနေသည်ဟု မှတ်ယူအပ်သော ပတ်သက်ဆက်နွယ်မှု တစ်ရပ်ရပ်ရှိခြင်း၊
  • (၄) တရားမဝင်ဆောင်ရွက်ချက်များကျူးလွန်သည့်အဖွဲ့အစည်း စသည်တို့ထံ ရန်ပုံငွေများ သို့မဟုတ် အခြားအကူအညီများ ပေးအပ်ခြင်းဖြင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု မှတ်ယူရလောက်သော ပတ်သက်ဆက်နွယ်မှု တစ်ရပ်ရပ်ရှိခြင်း၊ သို့မဟုတ်
  • (၅) ဤပုဂ္ဂိုလ်/အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုတွင် သိသာထင်ရှားစွာ ပါဝင်ပတ်သက်နေသည့် အရာရှိ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် တရားမဝင်ဆောင်ရွက်ချက်များကျူးလွန်သည့်အဖွဲ့အစည်း စသည်တို့နှင့် လူမှုရေး အရရှုတ်ချဖွယ်ရာ ပတ်သက်ဆက်နွယ်မှု တစ်ရပ်ရပ်ရှိခြင်း။

 

  • ၂။ ကျွန်ုပ်သည် အောက်ဖော်ပြပါ လုပ်ရပ်တစ်ခုခုကို ကိုယ်တိုင်ပြုလုပ်ခြင်း သို့မဟုတ် တတိယပုဂ္ဂိုလ်/ အဖွဲ့အစည်း တစ်ရပ်ရပ်အား ပြုလုပ်စေခြင်းတို့ ပြုမည်မဟုတ်ကြောင်း ကတိကဝတ်ပြုပါသည် –
  • (၁) အကြမ်းဖက်တောင်းဆိုမှုများ၊
  • (၂) အခြားပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုခု၏ တရားဝင်တာဝန်ရှိမှုများထက် ကျော်လွန်၍ မလျော်ကန်သည့် တောင်းဆိုမှုများ ပြုလုပ်ခြင်း၊
  • (၃) ငွေလွှဲခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကြမ်းဖက်သည့်လုပ်ရပ်များ သို့မဟုတ် ခြိမ်းခြောက်သည့် ပြောဆိုမှုများ၊
  • (၄) ကုမ္ပဏီ၏ဂုဏ်သိက္ခာ သို့မဟုတ် ကုမ္ပဏီ၏လုပ်ငန်းကို ထိခိုက်စေရန် ကောလာဟလများဖြန့်ခြင်း၊ လိမ်လည်လှည့်ဖြားသည့်နည်းလမ်းများ သုံးစွဲခြင်း သို့မဟုတ် အနိုင်ကျင့်ဖိအားပေးခြင်း၊ သို့မဟုတ်
  • (၅) အထက်တွင်ဖော်ပြထားသည့် လုပ်ရပ်များနှင့် အလားတူသော အခြားလုပ်ရပ်တစ်ခုခု။

 

  • ၃။ အထက်ဖော်ပြပါ ကတိကဝတ်များအနက် တစ်ရပ်ရပ်ကို ကျွန်ုပ်မှ ချိုးဖောက်သည့်အခါ သို့မဟုတ် ချိုးဖောက်သည်ဟု ကျိုးကြောင်းဆီလျော်စွာ သံသယရှိသည့်အခါ၊ ကုမ္ပဏီသည် ကျွန်ုပ်ထံသို့ အသိပေးအကြောင်းကြားချက်တစ်စုံတစ်ရာပေးပို့ရန်မလိုဘဲ သို့မဟုတ် အခြားလုပ်ထုံးလုပ်နည်း တစ်စုံတစ်ရာကို လိုက်နာရန်မလိုဘဲ ကျွန်ုပ်နှင့်ပြုလုပ်သော ငွေလွှဲခြင်းကိစ္စအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ချက်ချင်းရပ်ဆိုင်းပိုင်ခွင့် သို့မဟုတ် ကျွန်ုပ်နှင့်ချုပ်ဆိုထားသော စာချုပ်အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ချက်ချင်းရပ်စဲပိုင်ခွင့် ရှိစေရမည်။ ထို့အပြင် (၁) အဆိုပါ ကျိုးကြောင်းဆီလျော်သော သံသယဖြစ်သည့် အကြောင်းအရာနှင့် အခြေခံအကြောင်းရင်းများ၊ မည်သည့် အထောက်အထား သို့မဟုတ် သတင်းအချက်အလက် ကိုမဆို ကျွန်ုပ်ထံ ရှင်းပြရန် သို့မဟုတ် ထုတ်ဖော်ရန် ကုမ္ပဏီအနေဖြင့် တာဝန်မရှိကြောင်း၊ နှင့် (၂) ထိုသို့ ငွေလွှဲခြင်းကိစ္စရပ်ဆိုင်းခြင်း သို့မဟုတ် စာချုပ်ရပ်စဲခြင်းတို့မှ ဖြစ်ပေါ်လာသော သို့မဟုတ် ယင်းတို့နှင့်ဆက်စပ်၍ ကျွန်ုပ်အပေါ် နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေကာမူ၊ ကုမ္ပဏီသည် ထိုသို့သော နစ်နာမှုအားလုံးအတွက် တာဝန်ရှိမည်မဟုတ်ကြောင်း ကျွန်ုပ်မှ သိရှိနားလည်ပါသည်။

 

  • ၄။ ဤကတိကဝတ်၏ ပထမအပိုဒ်နှင့် ဒုတိယအပိုဒ်တို့တွင် ဖော်ပြထားသော ကတိကဝတ်များအနက် တစ်ရပ်ရပ်ကို ကျွန်ုပ်မှ ချိုးဖောက်မှုကြောင့် ကုမ္ပဏီအပေါ် နစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင်၊ ကျွန်ုပ်သည် ထိုနစ်နာမှုအတွက် လျော်ကြေးပေးရန် တာဝန်ရှိကြောင်း သဘောတူပါသည်။

 

နိဂုံး။

ဤဘာသာပြန်ဆိုချက်သည် သုံးစွဲသူများ နားလည်သိရှိစေရန်အတွက်သာဖြစ်သည်။ ဤဘာသာပြန်ဆိုချက်နှင့် ဂျပန်မူရင်းစာသားတို့အကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက ဂျပန်မူရင်းစာသားသည်သာ အတည်ဖြစ်သည်။