ရာဇဝတ်ဂိုဏ်းများနှင့်ဆိုင်သော အခြေခံပေါ်လစီ
SBI Remit Co., Ltd.
တည်ငြိမ်အေးချမ်းမှုနှင့် ဘေးကင်းရေးတို့အတွက် အောက်ဖော်ပြပါ ‘ရာဇဝတ်ဂိုဏ်းများနှင့်ဆိုင်သော အခြေခံပေါ်လစီ’ ကို ကုမ္ပဏီမှချမှတ်ထားသည်။ ကုမ္ပဏီသည် အဆိုပါပေါ်လစီများအား စေ့စပ်သေချာစွာဖြင့်ပြီးမြောက်အောင်ဆောင်ရွက်မည်ဖြစ်သည်။
- 1. စီးပွားရေးလုပ်ငန်းများအပါအဝင် ရာဇဝတ်ဂိုဏ်းများနှင့်ဆက်စပ်သည့်အဖွဲ့များနှင့်ဆက်ဆံရေးအားလုံးကို ကုမ္ပဏီမှပိတ်ဆို့မည်ဖြစ်သည်။
- 2. ဒါရိုက်တာများကဲ့သို့သော SBI Remit စီမံရေးရာအဖွဲ့၏အဖွဲ့ဝင်များသည် ရာဇဝတ်ဂိုဏ်းနှင့် ဆက်စပ်အဖွဲ့များမှလုပ်ဆောင်သည့် မသင့်လျော်သောတောင်းဆိုမှုများကို ကိုင်တွယ်ရာတွင် တစ်စုတစ်စည်းတည်းအနေဖြင့် ပါဝင်ရမည်ဖြစ်ပြီး အဆိုပါကိစ္စရပ်အားကိုင်တွယ်ဆောင်ရွက်နေရသော တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ဘေးကင်းစေရန်လည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
- 3. ရာဇဝတ်ဂိုဏ်းမှလုပ်ဆောင်သည့် မသင့်လျော်သောတောင်းဆိုမှုများအတွက် ကုမ္ပဏီမှကြိုတင်ပြင်ဆင်ထားရန် ရဲ၊ ရှေ့နေကဲ့သို့သော ပြင်ပမှကျွမ်းကျင်သူများဖြင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုကို ပုံမှန်ပြုလုပ်ရန် ကုမ္ပဏီမှစီစဥ်ထားသည်။
- 4. ကုမ္ပဏီသည် ရာဇဝတ်ဂိုဏ်းများထံမှ မသင့်လျော်သည့် မည်သည့်တောင်းဆိုမှုကိုမှ တုံ့ပြန်မည်မဟုတ်ဘဲ ဥပဒေနည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်သည်။
- 5. မည်သည့်အကြောင်းကိစ္စအတွက်ပင်ဖြစ်စေ ကုမ္ပဏီသည် အခြေအနေများကိုလျှို့ဝှက်ထားရန်ရည်ရွယ်ချက်အတွက် နောက်ကွယ်၌ ရာဇဝတ်ဂိုဏ်းဖြင့် အပေးအယူလုပ်မည်မဟုတ်ပါ။
- 6. ကုမ္ပဏီသည် ရာဇဝတ်ဂိုဏ်းအတွက် ပံ့ပိုးငွေ လုံးဝပေးမည်မဟုတ်ပါ။