Conbini မှ ငွေလွှဲခြင်း

တနင်္လာမှ သောကြာအတွင်း အလုပ်အလွန်များသော သို့မဟုတ် ဘဏ်အကောင့် အသုံးပြုခွင့်မရှိသော customer များအတွက် ဤငွေလွှဲပို့ခြင်းဝန်ဆောင်မှုကို အကြံပြုအပ်ပါသည်။

ဝန်ဆောင်မှုလုပ်ငန်းစဥ်

1 SBI Remit ၏ Member ဆိုဒ်မှ ငွေလွှဲပို့ရန် တောင်းဆိုချက်များ

Member ဆိုဒ်ရှိ ငွေလွှဲနိုင်သည့်နည်းလမ်းများမှ “convenience store ငွေလွှဲခြင်း” ကိုရွေးချယ်ပါ။
ငွေလွှဲပို့ရန်တောင်းဆိုချက်ကို ပေးပို့လိုက်သည်နှင့် Convenience Store Order Number (ဂဏန်း 5 လုံး + ဂဏန်း 12 လုံး ) ပေါ်လာမည်ဖြစ်သည်။ Multi Copier ဝင်ပေါက်များနှင့် Convenience Store Order Number များအတွက် ဆောင်ရွက်ရန်လုပ်ငန်းစဥ်များကို မှတ်သားထားပြီး Family Mart တည်နေရာသို့ ဆက်လက်သွားရောက်ပါ။

*Convenience Store Order Number သည် စုစုပေါင်း ဂဏန်း 17 လုံးဖြစ်ပြီး ကုမ္ပဏီကုတ်နံပါတ် (20020) 5 လုံး၊ order No. 12 လုံးတို့ဖြင့် ဖွဲ့စည်းထားသည်။

2 Multi Copier ဝင်ပေါက်မှ လုပ်ငန်းဆောင်တာများ

 Multi Copier ဆောင်ရွက်ရန်လုပ်ငန်းစဥ်များ

Family Mart တည်နေရာတွင် Multi Copier (မာလ်တီမီဒီယာ စတေရှင်) ရှိ “နိုင်ငံတကာသို့ငွေလွှဲပို့ခြင်း” နည်းလမ်းမှ SBI Remit ကိုရွေးချယ်ပြီးနောက် သင်၏ Convenience Store Order Numberကို ဖြည့်သွင်းပြီး ပြေစာ (Multi Copier အက်ပ်လီကေးရှင်းလက်မှတ်) ကို ပရင့်ထုတ်ပါ။

3 Family Mart ငွေရှင်းကောင်တာတွင် ငွေပေးချေခြင်း။

သင်၏ပြေစာ (Multi Copier အက်ပ်လီကေးရှင်းလက်မှတ်) ကို ငွေရှင်းကောင်တာတွင် ပြသပြီး ငွေပေးချေပါ။ ငွေလွှဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ / ပြေစာမိတ္တူ (ဧည့်သည်မိတ္တူ) ကို စတိုးဆိုင်ဝန်ထမ်းထံမှ သေချာပေါက်ရယူပါ။

*ငွေပေးချေမှုကို ငွေသားဖြင့်သာ ပြုလုပ်နိုင်သည်။

4 ငွေလွှဲပို့ခြင်း ဆောင်ရွက်ပြီးသည့်နောက်တွင် အီးမေးလ်တစ်စောင် ပေးပို့ပါသည်။

အပ်နှံသည့်ငွေပမာဏထဲမှ ငွေအပ်နှံခများနှင့် ငွေလွှဲခများကို နှုတ်ယူပြီးသည်နှင့် ငွေများကို သက်ဆိုင်ရာငွေကြေးဖြင့် လွှဲပို့ပေးသည်။
အဆိုပါလုပ်ငန်းစဥ်များကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည်နှင့် သင့်အား ဝန်ဆောင်ခ၊ ငွေလွှဲခ၊ ပြည်တွင်း၌လက်ခံရရှိမည့် ငွေပမာဏနှင့် Reference Number တို့ကို အကြောင်းကြားရန် အီးမေးလ်တစ်စောင် ပေးပို့မည်ဖြစ်သည်။

5 ငွေများကို ဖော်ပြပါငွေလွှဲပို့ခြင်းနည်းလမ်းဖြင့် ပေးပို့နိုင်ပါသည်။

ငွေသားထုတ်ယူရန်အတွက် ငွေလွှဲပို့ခြင်းကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည်နှင့် Reference Number ကို ထုတ်ပေးမည်ဖြစ်သည်။ Reference Number ကိုလက်ခံရရှိသည်နှင့် ငွေသားများကို ထုတ်ယူနိုင်ပြီဖြစ်သည်။
ပေးပို့လိုသည့်အကောင့်သို့ ငွေလွှဲပို့ရန်အတွက် ဘဏ်အကောင့်တစ်ခုသို့ ငွေလွှဲခြင်းသည် ရုံးဖွင့်ရက် 1 ရက် မှ 3 ရက်အထိကြာနိုင်ပါသည်