စည်းမျဥ်းဥပဒေများကို လိုက်နာခြင်း

SBI Remit ကုမ္ပဏီသည် ‌ဘဏ္ဍာ‌ရေးဝန်ဆောင်မှုအေဂျင်စီတွင် မှတ်ပုံတင်ထားသော ငွေလွှဲကုမ္ပဏီဖြစ်သောကြောင့် သက်ဆိုင်ရာ ဥပဒေ၏စည်းမျဉ်းစည်းကမ်းများနှင့်အညီ၊ ငွေပေးချေခြင်းအက်ဥပဒေ၊ နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေ၊ နှင့် ရာဇဝတ်မှုများကို ကာကွယ်တားဆီးရေးအက်ဥဒေများကို လိုက်နာရန် ကတိပြုပြီး နိုင်ငံတကာငွေလွှဲလုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါသည်။
SBI Remit သည် ငွေမည်းမှငွေဖြူဖြစ်အောင်ပြုလုပ်ခြင်း၊ အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ခြင်းနှင့် အယောင်ဆောင်နည်းဖြင့်ရရှိထားသည့်ငွေများကို တရားမဝင်အသုံးပြုခြင်းတို့ကို တားဆီးရန်အတွက် နည်းလမ်းအများအပြားကို အသုံးပြုပါသည်။ Customer များ လိမ်လည်မှု၏သားကောင်မဖြစ်အောင် တားဆီးရန်အတွက် သတိပေးချက်များကိုလည်း ထုတ်ပြန်ပေးပါသည်

ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုခြင်းနှင့် ပတ်သက်၍

Member အဖြစ်မှတ်ပုံတင်ရာတွင် အထောက်အထားစစ်ဆေးရန်၊ အလုပ်အကိုင်ကိုအတည်ပြုရန်နှင့် ငွေလွှဲရန်ရည်ရွယ်ချက်အား အကောင်အထည်ဖော်ရန်အလို့ငှာ Customer များထံမှ စာရွက်စာတမ်းများကို တောင်းခံပါသည်။

ငွေလက်ခံမည့်သူ၏အချက်အလက်

ငွေလက်ခံမည့်သူ၏ နေရပ်လိပ်စာနှင့် မွေးသက္ကရာဇ်ကဲ့သို့သော အသေးစိတ်အချက်အလက်များကို ပေးဆောင်ရန်လည်း Customer များထံမှ တောင်းဆိုပါသည်။

စီးပွားရေးဆိုင်ရာ ငွေလွှဲမှုများကို အတည်ပြုခြင်းနှင့်ပတ်သက်၍

စီးပွားရေးဆိုင်ရာငွေပေးချေမှုနှင့်ပတ်သက်ပြီး ငွေလွှဲရခြင်း၏ရည်ရွယ်ချက်သည် ကုန်ပစ္စည်းနာမည်အသေးစိတ်၊ ကုန်ပစ္စည်းထုတ်သည့်နိုင်ငံ၊ သ‌င်္ဘောကုန်တင်ပို့ဆောင်သည့်နိုင်ငံတို့ကို ဖော်ပြရန်လည်း Customer များအား တောင်းဆိုပါသည်။
ထို့အပြင်၊ သ‌‌င်္ဘောဖြင့်ကုန်တင်ပို့ဆောင်သည့်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံများဖြစ်ပါက တင်ပို့သည့်” ဒေသဆိုင်ရာအမည် ” အထိ တရားဝင်ကြေငြာခိုင်းပါသည်။

ငွေလွှဲတောင်းဆိုမှုများကို ကန့်သတ်ထားသောနိုင်ငံများအကြောင်း

ငွေမည်းမှငွေဖြူဖြစ်အောင်ပြုလုပ်ခြင်းကဲ့သို့သော တရားမဝင် သို့မဟုတ် လိမ်လည်မှု လှုပ်ရှားဆောင်ရွက်ခြင်းပေါများသည်ဟုမှတ်ယူရသော နိုင်ငံများရှိ ငွေလက်ခံသူများထံသို့ ငွေလွှဲပို့ခြင်းကို တားမြစ်ထားပါသည်။ ယင်းကဲ့သို့သောကိစ္စရပ်များတွင် ငွေလွှဲပို့ခြင်းဆိုင်ရာ အသေးစိတ်အချက်များတောင်းဆိုမှုအား ငွေလွှဲပို့ခြင်းဆက်လက်မလုပ်ဆောင်မီ အတည်ပြုရန်လိုအပ်သည်။

ငွေလွှဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို အတည်ပြုခြင်းနှင့်ပတ်သက်၍

Customer များအသုံးပြုသော ဝန်ဆောင်မှုအမျိုးအစားပေါ်မူတည်၍ ငွေလွှဲပို့ခြင်း၏ရည်ရွယ်ချက်နှင့် ငွေလက်ခံရယူသူနှင့်တော်စပ်ပုံကဲ့သို့သော ငွေလွှဲပို့ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို SBI Remit မှ ပြန်လည်သုံးသပ်မည်ဖြစ်သည်။ တဖန် ငွေလွှဲအသေးစိတ်များကို တင်ပြနိုင်သည့် စာရွက်စာတမ်းများကိုလည်း တောင်းဆိုပါသည်။