CEO ၏အမှာစကား

SBI REMIT သည် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ငွေလွှဲပြောင်းခြင်း ကိုယ်စားလှယ် အဖြစ် မှတ်ပုံတင်ပြီး 2010 ခုနှစ် 4 လမှစတင်ကျင့်သုံးသည့် FUND SETTLEMENT ACT (FSA အက်ဥဒေ) အခြေခံထားပါသည်။ ထိုနှစ်ဒီဇင်ဘာတွင် Customer များအား တကြိမ်ငွေလွှဲပမာဏအား ယန်းသောင်း100 ထိ ကန့်သတ်သတ်မှတ်ပြီး နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းကို စတင်ခဲ့ပါသည်။

ထိုအချိန်မှ စ၍ Customer များမှ အပ်နှံထားသော လွှဲငွေကိုစိတ်ချလုံခြုံမှုရှိရုံသာမက ဘဏ်များထက် စျေးနှုန်းချိုသာစွာနှင့်ပိုမိုမြန်ဆန်သည့် ငွေလွှဲဝန်ဆောင်မှုများကိုဆောင်ရွက်ပေးပြီး ငွေလွှဲများကို အချိန်တိုအတွင်းမြန်ဆန်စွာလက်ခံရရှိအောင် လက်တွေ့လုပ်ဆောင်ပေးလျက်ရှိသော နိုင်ငံတကာငွေလွှဲဝန််ဆောင်မှုကို ပံ့ပိုးလျက်ရှိပါသည်။ SBI လုပ်ငန်းစုဟာ လက်ရှိအချိန်မှာ အသိသာဆုံးဖြစ်လာတဲ့ ဂျပန်နိုင်ငံရဲ့သက်ကြီးရွယ်အိုများပြားလာခြင်းကြောင့် အလုပ်သမားအင်အားလျော့နည်းလာခြင်းကို ကြိုတင်မှန်းဆမိခဲ့ပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာလာရောက်လုပ်ကိုင်နေတဲ့ အရည်အချင်းမြင့်မားတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အားပေးဖို့အတွက် ဘဏ္ဍာရေးဖွဲ့စည်းပုံရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အဆိုပါအလုပ်သမားတွေ ၎င်းတို့ရဲ့မိသားစုတွေထံကို ပိုက်ဆံပြန်ပို့နိုင်စေဖို့ လုံခြုံတဲ့အပြင် ဈေးနှုန်းသက်သာပြီး မြန်ဆန်တဲ့ထုတ်ကုန်တွေကို ကျွန်ုပ်တို့ စီစဥ်စုစည်းထားပါတယ်။

ထို့အပြင် ငွေလွှဲလုပ်ငန်းစတင်သည့်အချိန်မှစ၍ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားလူဦးရေ တိုးပွားလာမည်ကို ကျွန်တော့်အနေနဲ့ ကြိုတင် တွေးဆမိပြီး နိုင်ငံခြားသားCustomer များအနေနဲ့ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုသည့် ငွေလွှဲဝန်ဆောင်မှုဖြစ်ရန် အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။ အဆိုပါ ရလဒ်ကြောင့် ပျမ်းမျှအားဖြင့် ဂျပန်နိုင်ငံတွင်နေထိုင်လျက်ရှိ သော နိုင်ငံခြားသား 90% မှာ ကျွန်တော်တို့ SBI REMIT ငွေလွှဲကုမ္ပဏီကို အသုံးပြုလျက်ရှိသော Customer များဖြစ်ပါသည်။ နေထိုင်စားသောက်စရိတ်ဖြင့်နိုင်ငံခြားမှ ငွေလွှဲပမာဏပေါင်းမှာ (ဂျပန်ဘဏ် 2018 ခုနှစ် 7 လပိုင်းမှ 9 လပိုင်း)အရ ဘဏ်များ၊ ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ပျမ်းမျှ 29% ခန့် သည် SBI REMIT ကုမ္ပဏီ၏ရှယ်ယာဖြစ်ပြီး၊ 37% ခန့်မှာ အာရှနိုင်ငံများအတွက် ကန့်သတ်ထားသည့် အမြင့်ဆုံးရှယ်ယာကို သိမ်းပိုက်ထားပါသည်။ထိုကဲ့သို့သော Customer များ၏ ထောက်ခံအားပေးမှုကြောင့် 2019 ခုနှစ် 2 လပိုင်းတွင် စတင်တည်ထောင်ပြီးမှစ၍ လွှဲငွေပမာဏစုစုပေါင်း ယန်းသောင်း 600 ကျော်ထိ ရောက်ရှိခဲ့ပါသည်။

ယခုနောက်ပိုင်းမှာလည်း ပိုမိုတိုးတက် အဆင်ပြေစေရန် Customer များ၏ တုံ့ပြန်ချက်များကို နားစွင့်၍ မကြာသေးမီနှစ်အတွင်းထွက်ပေါ်လာသော နည်းပညာများကို အလျင်မီစွာ ထည့်သွင်းအသုံးပြုနိုင်ဖို့ စဉ်းစားလျက်ရှိပါသည်။ Fin-tech ဖြေရှင်းမှုနည်းပညာတွေအများကြီးထဲမှာ ဘလော့ချိန်းနည်းပညာနဲ့ လျှို့ဝှက်ကုဒ်နဲ့ ငွေသိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ လယ်ဂျာဖြန့်ဝေခြင်းနည်းပညာ (distributed ledger technology (DLT)) ဟာ ဒီရာစုနှစ်တွေမှာ မြင်သာတဲ့ နည်းပညာပိုင်းဆိုင်ရာဖောက်ထွက်မှုတစ်ခုဖြစ်မယ်ဆိုတာကို SBI လုပ်ငန်းစုမှ လေးလေးနက်နက်ယုံကြည်ပါတယ်။ 2017 ခုနှစ်တွင် ကျွန်တော်တို့သည် အမေရိကန် Ripple ကုမ္ပဏီမှ တင်သွင်းသော ဘလော့ချိန်းသည့်နည်းပညာကို လက်တွေ့ကျင့်သုံးနေသည့် ဂျပန်- ထိုင်း၏ဘဏ်ကုမ္ပဏီကြီးဖြစ်သည့် SIAM COMMERCIAL BANK မှ ငွေလွှဲလုပ်ငန်းကို စတင်ခဲ့ပြီး၊ ထိုမှစ၍ Customer များ၏ ငွေလွှဲများ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားလျက်ရှိပါသည်။ ယခုစ၍လည်း အဆိုပါကုမ္ပဏီနှင့် အခြေခံနည်းတူ အသုံးပြု၍ ငွေလွှဲ Project ကို စတင်ရန်စီစဉ်လျက်ရှိပါသည်။ တဖန် ထိုမျှမက ဖုန်းဖြင့် ငွေလွှဲပို့ခြင်းနှင့် ငွေပေးချေခြင်းနည်းလမ်းအသစ်များပေါ်မူတည်၍ SBI GROUP ရဲ့အထူးတာဝန်တခုဖြစ်သည့် ဘဏ္ဍာရေးဆန်းသစ် တီထွင်မှုများကို လုပ်ဆောင်ပြီး ပိုမိုအဆင်ပြေလွယ်ကူသည့် ငွေလွှဲ Project သစ်များနှင့် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို Customer များထံပေးပို့နိုင်ဖို့ ရည်မှန်းလျက်ရှိပါသည်။

SBI Remit Co., Ltd.
Representative Director- Nobuo Ando