Furikomi ငွေလွှဲခြင်း

ငွေလက်ခံမည့်သူတစ်ဦးစီအတွက် ငွေလွှဲအကောင့်ကို သီးခြားမှတ်ပုံတင်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ နုတ်ယူပြီးသော အပ်နှံလိုက်သည့်ပမာဏအပြည့်ကို လွှဲပို့ပေးမည်ဖြစ်သည်။(ဝန်ဆောင်ခများကို အလိုအလျောက်နုတ်ယူသည်) အဆိုပါဝန်ဆောင်မှုဖြင့် သင်သည် ဂျပန်နိုင်ငံရှိ မည်သည့်ငွေကြေးအဖွဲ့အစည်း (အွန်လိုင်းမှ ဘဏ်အကောင့်စီမံခြင်း၊ ATM၊ ငွေသွင်းငွေထုတ်စာရေးများ အစရှိသည်) ထံမှမဆို SBI Remit မှသတ်မှတ်ထားသော ဘဏ်အကောင့်သို့ ငွေများ လွဲပို့နိုင်မည်ဖြစ်သည်။ ငွေလွှဲပို့ခြင်းပြီးမြောက်သည်နှင့် ငွေလွှဲပို့ခြင်းလုပ်ငန်းစဥ်လည်း ပြီးမြောက်ပြီဖြစ်သည်။

FurikomiRemittance

ဝန်ဆောင်မှုလုပ်ငန်းစဥ်

1 Furikomi ဖြင့်ငွေလွှဲခြင်းဝန်ဆောင်မှုကိုအသုံးပြုရန် လျှောက်ထားခြင်း

Member အဖြစ်စာရင်းသွင်းပြီးနောက်တွင် ငွေလက်ခံမည့်သူ၏အချက်အလက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ‘Furikomi ဖြင့် ငွေလွှဲခြင်း’ ကိုရွေးချယ်ပါ။
ငွေလက်ခံမည့်သူတစ်ဦးစီအတွက် ငွေလွှဲပို့မည့်အကောင့်ကို ဖန်တီးပေးမည်ဖြစ်ပြီး ၎င်းတို့ကို အီးမေးလ်နှင့် Member ဆိုဒ် (My Page) မှတဆင့် အကြောင်းကြားမည်ဖြစ်သည်။

2 သီးသန့် ငွေလက်ခံမည့်သူအကောင့်

နိုင်ငံတဝှမ်းရှိ ငွေကြေးအဖွဲ့အစည်း (အွန်လိုင်းမှ ဘဏ်အကောင့်စီမံခြင်း၊ ATM၊ ငွေသွင်းငွေထုတ်စာရေးများ အစရှိသည်) မှ သတ်မှတ်ထားသော ငွေလက်ခံမည့်သူအကောင့်ဆီသို့သာ ငွေလွှဲပို့ပါ။
ငွေပေးချေမှုကို SBI Remit မှအတည်ပြုပြီးနောက် လွှဲပို့သောငွေပမာဏကို အပြည့်အဝလွှဲပို့မည်ဖြစ်သည်။ (ငွေလွှဲခကို အလိုအလျောက်နုတ်ယူမည်ဖြစ်သည်။)

3 ငွေလွှဲပို့ခြင်းအားဆောင်ရွက်ပြီးသည်နှင့် သင်သည် အီးမေးလ်တစ်စောင် လက်ခံရရှိမည်ဖြစ်သည်။

ငွေလွှဲခများကို နှုတ်ယူပြီးသည်နှင့် ငွေများကို သက်ဆိုင်ရာငွေကြေးဖြင့် လွှဲပို့ပေးသည်။
အဆိုပါလုပ်ငန်းစဥ်များကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည်နှင့် သင့်အား ဝန်ဆောင်ခ၊ ငွေလွှဲခ၊ ပြည်တွင်း၌လက်ခံရရှိမည့် ငွေပမာဏနှင့် Reference Number (RN) တို့ကို အကြောင်းကြားရန် အတည်ပြုချက်အီးမေးလ်တစ်စောင် ပေးပို့မည်ဖြစ်သည်။

4 ငွေများကို ဖော်ပြပါငွေလွှဲပို့ခြင်းနည်းလမ်းဖြင့် လက်ခံရယူနိုင်ပါသည်။

ငွေများကို ငွေသားဖြင့်ထုတ်ယူပါက ငွေလွှဲပို့ခြင်းပြီးမြောက်သည်နှင့် Reference Number (RN) ထုတ်ပေးမည်ဖြစ်သည်။ ထိုအချိန်တွင် ငွေများကို ထုတ်ယူနိုင်မည်ဖြစ်သည်။
ငွေသားများကို ဘဏ်အကောင့်တစ်ခုဆီသို့ လွှဲပို့ပါက ငွေသားရောက်ရှိလာရန် လုပ်ငန်းဆောင်ရွက်သည့်ရက် 1-3 ရက်ကြာမည်ဖြစ်သည်။