သတင်းအချက်အလက်/Campaigns
2020/03/27
၂၀၂၀ခုနှစ် ၄လ၊ ၁ရက်နေ့မှ စ၍ SBI ငွေလွှဲကတ် လျှောက်မည်ဆိုပါက မိမိကိုယ်တိုင် ဖြစ်ကြောင်း အတည်ပြုရန် စာရွက် အမျိုးအစား (၂ )မျိုးလိုအပ်ပါသည်။
၂၀၂၀ခုနှစ် ၄လ၊ ၁ရက်နေ့မှ စ၍ (ရာဇ၀တ်မှုများမှ ရရှိသောအမြတ်ငွေများလွဲပြောင်းခြင်းကိုတားဆီးသည့်ဥပဒေ)၊ ပြင်ဆင်သည့်အတွက် အမှန်တကယ်ဧည့်သည်များနှင့်တွေ့ဆုံခြင်းမရှိဘဲ၊ စာရွက်စာတမ်း အထောက်အထားများကို စာတိုက်မှ ပေးပို့ရန် ပြုလုပ်သည့် နည်းလမ်းဖြင့် ပိုမိုတင်းကျပ်လာြပီး၊ ဧည့်သည်များ၏နာမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ ဖော်ြပထားသည့် မိမိကိုယ်တိုင် ဟုတ်၊ မဟုတ် အတည် ပြုသည့် စာရွက်စာတမ်း (၂)မျိုးလိုအပ်ပါသည်။ နောက်ပိုင်းတွင် စာတိုက်မှ လျှောက်ထားပါကအောက်ဖ်ောပြပါအမျိုးအစား(၂)မျိုးဖြစ်သည့် မိမိကိုယ်တိုင်အတည်ပြုသည့် စာရွက်စာတမ်း ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မိမိကိုယ်တိုင် ဖြစ်ကြောင်းအတည် ပြုသည့် လက်ခံရရှိမည့်စာရွက်စာတမ်းများ
– မိမိနာမည်၊ မွေးသက္ကရာဇ်၊ လက်ရှိနေရပ်လိပ်စာ ဖ်ောပြထားသည့်အောက်ပါ စာရွက်စာတမ်းများမှ (၂)မျိုးကို တင်ပြပေးပါ၊
– နိုင်ငံခြားသားဖြစ်ပါကနေထိုင်ခွင့်ကတ်ပြား(ZairyuuCard)မိတ္တူကိုတင်ပြပေးပါ။(နေထိုင်ခွင့်ကတ်ပြား(ZairyuuCard)+ အခြား စာရွက် (၁)မျိုး)
- ・ယဥ်မောင်းလိုင်စင် (ရှေ့၊ နောက် မိတ္တူ)၊
- ・(နေထိုင်ခွင့်ကတ် ပြား(ZairyuuCard)၊ အထူးအမြဲတမ်းနေထိုင်ခွင့်လက်မှတ်
- ・အမျိုးမျိုးသောကျန်းမာရေးအာမခံကတ်ပြား(နာမည်၊ မွေးသက္ကရာဇ်၊ လက်ရှိနေရပ်လိပ်စာပါမိတ္တူ)
- ・မိမိကိုယ်ပိုင်နံပါတ် (MY NUMBER) ကတ် (ရှေ့မျက်နှာစာ မိတ္တူ၊ အနောက်ဘက် မိတ္တူမလိုပါ၊ MY NUMBER အကြောင်းကြားစာကတ် မဟုတ်ပါ)
- ・ရပ်ကွက်ထောက်ခံစာ၊ (ထုတ်ပေးသည့်ရက်မှ ၃လအတွင်း My Number နံပါတ်မပါသည့်မူရင်း)
မိမိကိုယ်တိုင် ဖြစ်ကြောင်းအတည် ပြုသည့်စာရွက် (၁)မျိုးသာ ရှိသောသူများ
- ・ငွေလက်ခံ ဖြတ်ပိုင်း၊ လက်ရှိနေထိုင်သည့်လိပ်စာပါသည့် မိမိနာမည်သာ ဖြစ်ရပါမည်။
- ・နိုင်ငံတော်အခွန်၊ ဒေသဆိုင်ရာအခွန်ပေးဆောင်သည့်စာရွက်၊ အခွန်ပေးဆောင်မှုလက်မှတ်၊ လူမှုရေးအာမခံအခွန် ပေးဆောင် သည့်စာရွက်
လျှပ်စစ်မီး၊ ရေ၊ဂတ်စ် ပေးဆောင်ထားသည့်စာရွက် (ထုတ်ပေးသည့်ရက်မှ ၃လအတွင်း ငွေလက်ခံဖြတ်ပိုင်း၊ ပေးဆောင် ထားခြင်းကို ဖ်ောပြထားသည့်စာရွက်) တောင်းခံစာရွက်၊ ငွေလွှဲပေးရန်အကြောင်းကြားစာြဖစ်သည့်စာရွက် မဟုတ်ပါ။
*******************************************
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးမေးမြန်းလိုပါက
အလုပ်ချိန်
(တနင်္လာမှသောကြာ) 10:30 – 23:30
(စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ) 10:30 – 20:30