သတင်းအချက်အလက်
/Campaigns

2020/11/24

အင်တာနက်မှငွေလွှဲခြင်း၀န်ဆောင်မှုတွင်ဘဏ်အကောင့်ထဲသို့တိုက်ရိုက်ငွေလွှဲ၀န်ဆောင်မှုကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားခြင်း

SBI Remit ၏နိုင်ငံတကာငွေလွှဲ၀န်ဆောင်မှုကိုအစဉ်အမြဲအသုံးပြုပေးသည့်အတွက်အထူးကျေးဇူးတင်ရှိပါသည်။

 

အထက်ဖော်ပြပါ အကြောင်းအရာနှင့် ပတ်သက်ပြီး SBI Remit၏အင်တာနက်မှငွေလွှဲခြင်း၀န်ဆောင်မှုတွင် ပုံမှန်MoneyGram အေဂျင်စီများမှတစ်ဆင့်လက်ငင်းငွေသားထုတ်ယူသည့်၀န်ဆောင်မှုအပြင်ယခုအခါဘဏ်အကောင့်ထဲသို့တိုက်ရိုက်ငွေလွှဲနိုင်ခြင်း၀န်ဆောင်မှုကိုပါစတင်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်းအသိပေး အကြောင်းကြားအပ်ပါသည်။

ဘဏ်အကောင့်ထဲသို့တိုက်ရိုက်ငွေလွှဲခြင်း ၀န်ဆောင်မှုကိုအသုံးပြုနိုင်သောနိုင်ငံများနှင့်အတူ၊ သတိပြုရမည့်အချက်များနှင့်ပတ်သတ်၍ကျေးဇူးပြုပြီးအောက်ဖော်ပြပါ အချက်အလက်များကိုစစ်ဆေးပေးပါ။

 

ဘဏ်အကောင့်ထဲသို့တိုက်ရိုက်ငွေလွှဲခြင်း ၀န်ဆောင်မှုစတင်မည့်ရက်:၂၀၂၀၊ ၁၁၊၂၄ရက်(အင်္ဂါနေ့)

ဝန်ဆောင်မှုအသုံးပြုနိုင်သောနိုင်ငံများနှင့်လက်ခံရရှိမည့်ငွေကြေးများ

ကမ္ဘောဒီးယား (ACLEDA ဘဏ်သို့သာ):USD

အင်ဒိုနီးရှား:IDR

မြန်မာ:MMK

ပီရူး:USD

ထိုင်း:THB

ဗီယက်နမ်:VND

ဖိလစ်ပိုင်:PHP

 

သတိပြုရမည့်အချက်များ:

・ငွေလွှဲပို့လိုသည့်နေရာ (ငွေလက်ခံသူ) ကိုစာရင်းသွင်းသည့်အခါငွေထုတ်ယူမည့်နိုင်ငံရှိဘဏ်များမှထုတ်ပေးထားသည့် ဘဏ်စာအုပ်၊ဘဏ်ကတ်များမှအချက်အလက်များကိုသေချာစစ်ဆေးပြီးတိကျမှန်ကန်စွာစာရင်းသွင်းပေးပါ။ အကယ်၍ ဘဏ်အကောင့်နံပါတ်သို့မဟုတ်ငွေလက်ခံသူအမည်အစရှိသည်တို့ကိုမှားယွင်းစွာစာရင်းသွင်းမိပါက မိမိလွှဲလိုက်သောငွေလွှဲသည်မှားယွင်းစွာစာရင်းသွင်းထားသောတခြားသူတယောက်ယောက်၏ဘဏ်အကောင့်ထဲသို့မှားယွင်းပြီးရောက်ရှိသွားနိုင်ခြင်းသို့မဟုတ်ငွေလွှဲerrorတက်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပါသည်။

・ထို့အပြင်၊ ငွေလွှဲပို့လိုသည့်နိုင်ငံများရှိဝန်ဆောင်မှုရရှိနိုင်သည့်ဘဏ်များနှင့်အများဆုံးငွေလွှဲနိုင်

https://www.remit.co.jp/remittancearea/
သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်