သတင်းအချက်အလက်/Campaigns
2021/05/31
မြန်မာငွေလွှဲပို့ခြင်း၀န်ဆောင်မှုအားခေတ္တယာယီပိတ်ထားခြင်းပတ်သက်၍အသိပေးအကြောင်းကြားခြင်း
SBI REMIT၏ နိုင်ငံတကာ ငွေလွှဲ၀န်ဆောင်မှုကို အစဉ်အသုံးပြုလျက်ရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။
အထက်ဖော်ပြပါ ခေါင်းစဥ်အရ System Security ပိုမိုကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံသို့ ငွေလွှဲပို့ခြင်းအား ခေတ္တယာယီပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ထို့ပြင် ငွေလွှဲပိတ်ထားသော အချိန်အတွင်း မှားယွင်းပြီး ငွေလွှဲမိပါက ATM အသုံးပြုခနှင့်ငွေပြန်အမ်းခ ကျသင့်မည်ဖြစ်ပါသောကြောင့် ငွေမလွှဲမိစေရန် အထူးဂရုပြုစေချင်ပါသည်။
ဧည့်သည်များ အဆင်မပြေဖြစ်စေခြင်းအတွက် အထူးတောင်းပန်အပ်ပြီး နားလည်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ငွေလွှဲယာယီပိတ်မည့်အချိန်ကာလ ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁)ရက်နေ့ – လတ်တလောကာလအတွင်း
ငွေလွှဲပြန်လည်စတင်သည့်အချိန်သိရှိသည်နှင့် တပြိုက်နက် အသိပေးအကြောင်းကြားပေးပါမည်။