သတင်းအချက်အလက်
/Campaigns

2021/06/21

မြန်မာပြည်သို့ လက်ငင်းငွေသားဖြင့် ထုတ်ယူသည့်ငွေလွှဲ၀န်ဆောင်မှုပြန်လည်စတင်ခြင်းနှင့် ပက်သက်၍ အသိပေးအကြောင်းကြားခြင်း

SBI REMIT၏ နိုင်ငံတကာ ငွေလွှဲ၀န်ဆောင်မှုကို အစဉ်အမြဲအသုံးပြုလျက်ရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

 

အထက်ဖော်ပြပါခေါင်းစဥ်အရ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေများအရခေတ္တဆိုင်းငံထားသော လက်ငင်းငွေသားဖြင့် ထုတ်ယူသည့်ငွေလွှဲ၀န်ဆောင်မှုအား ပြန်လည်စတင်ခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားအပ်ပါသည်။

ထို့ပြင် လက်ငင်းငွေသားဖြင့် ထုတ်ယူနိုင်သည့် Agent နေရာ အချို့ ဆက်လက်ပိတ်ထားပါသဖြင့် ထုတ်ယူနိုင်သည့်နေရာကို စစ်ကြည့်ပေးစေလိုပါသည်။

တဖန် ဘဏ်အကောင့်ထဲသို့ တိုက်ရိုက်ငွေလွှဲသည့်၀န်ဆောင်မှုမှာ ဆက်လက်ရပ်ဆိုင်းထားပါသဖြင့် ၀န်ဆောင်မှု ပြန်လည်စတင်သည့်အခါတွင် ထပ်မံ အသိပေးအကြောင်းကြားပေးပါမည်။

 

ငွေလွှဲစတင်၀န်ဆောင်မှုပေးမည့်ရက်စွဲ :၂၀၂၁ခုနှစ်၊ ဇွန်လ ၂၁ ရက် (တနလာ်နေ့ )

မြန်မာပြည် လက်ခံထုတ်ယူရရှိနိုင်သည့်နေရာ

①Tun Commercial Bank (Head Office တစ်ခုတည်းသာ)

②Ayeyarwaddy Farmers Development Bank Public Company limited (ABANK) ဘဏ်ခွဲလိပ်စာများကိုအောက်ပါလင့်မှာရှာဖွေနိုင်ပါသည်။

https://www.abank.com.mm/en_US/branches/
သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်