သတင်းအချက်အလက်/Campaigns
2021/08/10
“Remit Card” နှင့် “Deposit Card”ဒီဇိုင်းအသစ်ကတ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း
SBI REMIT၏နိုင်ငံတကာငွေလွှဲ၀န်ဆောင်မှုကို အစဉ်အမြဲအသုံးပြုလျှက်ရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။
၂၀၁၀ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော “Remit Card” နှင့် မနှစ်ကစတင်ထုတ်ဝေခဲ့သော “Deposit Card” တို့ကို ယခုအခါဒီဇိုင်းအသစ်ကတ်များဖြင့် ပြောင်းလဲထုတ်ပေးတော့မည်ဖြစ်ပါသည်။
■ဒီဇိုင်းအသစ်ကတ်နဲ့ပတ်သက်ပြီး
၂၀၂၁ ခုနှစ်သြဂုတ်လ ၁၀ ရက်(အင်္ဂါနေ့)မှစ၍ ပို့ပေးမည့်ကတ်များသည်ဒီဇိုင်းအသစ်ကတ်များဖြင့် ဖြစ်လာပါလိမ့်မည်။လက်ရှိရှိပြီးသားကတ်များကိုလည်း စာတိုက်ATMနှင့် Lawson Bank ATM များတွင် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သော်လည်း ဒီဇိုင်းအသစ်ကတ်များစတင်ထုတ်ပေးသည့်အချိန်မှစ၍ မူလဒီဇိုင်းအဟောင်းနှင့်ကတ်များကို ထုတ်ပေးတော့မည်မဟုတ်ပါ။
ငွေလက်ခံသူနောက်တယောက်အတွက်လူထပ်တိုးကတ်ပြုလုပ်ခြင်း(သို့မဟုတ်)ကတ်ပျောက်၍ကတ်ပြန်လည်ထုတ်ပေးခြင်းများတွင်လည်း ဒီဇိုင်းအသစ်ကတ်များဖြင့် ရရှိမည်ဖြစ်ပါသည်။
<ဒီဇိုင်းအဟောင်းကတ်:၂၀၂၁ ခုနှစ်သြဂုတ်လ ၂ ရက်နေ့မှစ၍ မထုတ်ပေးတော့ပါ>


- ဘက်ဘက်မှ: Remit Card အဟောင်း(ငွေလွှဲကတ်)၊ Deposit Card အဟောင်း (ငွေသွင်းကတ်)
<ဒီဇိုင်းအသစ်ကတ် : ၂၀၂၁ ခုနှစ်သြဂုတ်လ ၂ ရက်မှစ၍ ထုတ်ပေးပါမည်>


- ဘယ်ဘက်မှ: Remit Card အသစ် (ငွေလွှဲကတ်)၊ Deposit Card အသစ် (ငွေသွင်းကတ်)
သတိပြုရမည့်အချက်များ
- ・ လက်ရှိရှိပြီးသားကတ် (ဒီဇိုင်းအဟောင်းကတ်)များကိုလည်း ဆက်လက်အသုံးပြုနိုင်ပါသည်။
- ・ ဒီဇိုင်းအသစ်ကတ်များကိုလည်း ဒီဇိုင်းအဟောင်းကတ်များနည်းတူ စာတိုက်ATMနှင့် Lawson Bank ATM များတွင် အသုံးပြုနိုင်ပါသည်။
- ・ ATM ငွေသွင်းဝန်ဆောင်ခ:ဒီဇိုင်းအဟောင်းကတ်နှင့်ဒီဇိုင်းအသစ်ကတ်တို့၏ စာတိုက်ATMနှင့်Lawson Bank ATM နှစ်ခုလုံးရဲ့ငွေသွင်းဝန်ဆောင်ခများမှာ သက်ဆိုင်ရာငွေကြေးဌာနမှသတ်မှတ်ထားသောအတိုင်း ဝန်ဆောင်ခများအတိုင်း အပြောင်းအလဲမရှိပါ။
- ・ ဘရာဇီးသို့ငွေလွှဲနေသောဧည့်သည်များသည် ဒီဇိုင်းအသစ်ကတ်ဖြင့် စာတိုက်ATM (ယန်းသောင်း၁၀၀ အထိ) နှင့် Lawson Bank ATM (ယန်း သောင်း၅၀ အထိ) များတွင် ငွေသွင်း၊ငွေလွှဲပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဘရာဇီးသို့ငွေလွှဲနေသော ဧည့်သည်များထံသို့ ပိုမိုဝန်ဆောင်မှုများပါ၀င်သောဒီဇိုင်းအသစ်ကတ်များကို မှတ်ပုံတင်ထားသောလိပ်စာများထံသို့ အစဉ်လိုက်ပို့ပေးမည်ဖြစ်ပါသဖြင့် ဒီဇိုင်းအဟောင်းကတ်များအစား ဒီဇိုင်းအသစ်ကတ်များဖြင့် အလဲထိုးလဲလှယ်သုံးစွဲပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
နောက်ပိုင်းတွင်လည်း ၀န်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန်ဆက်လက်ကြိုးစားသွားမည်ဖြစ်ပါသဖြင့် SBI Remit ၏ “Remit Card” နှင့် “Deposit Card” များကိုဆက်လက်အားပေးကြဖို့မေတ္တာရပ်ခံအပ်ပါသည်။
နားမလည်သောအချက်များရှိခဲ့ပါက SBI REMIT Customer Centerသို့ မေးမြန်းစုံစမ်းနိုင်ပါသည်။
*********************************************
စုံစမ်းမေးမြန်းရန် :
SBI Remit Customer Center
Facebook Page: SBI Remit Myanmar
Tel: +81 8040852275.+81 8040970792,+95 9955808729(Viber Ok)
ဖြေကြားသည့်အချိန် : ရုံးဖွင့်ရက် 10:30 – 20:30 စနေ၊ တနင်္ဂနွေ၊ အနီရက် 10:30 – 20:30 (နှစ်သစ်ကူးပိတ်ရက်၊ ကုမ္ပဏီသတ်မှတ်ပိတ်ရက်မှအပ)
*********************************************
************************
စုံစမ်းမေးမြန်းရန် :
SBI Remit Customer Center
Facebook Page: SBI Remit Myanmar
Tel: +81 8040852275.+81 8040970792,+95 9955808729(Viber Ok)
ဖြေကြားသည့်အချိန် : ရုံးဖွင့်ရက် 10:30 – 20:30 စနေ၊ တနင်္ဂနွေ၊ အနီရက် 10:30 – 20:30 (နှစ်သစ်ကူးပိတ်ရက်၊ ကုမ္ပဏီသတ်မှတ်ပိတ်ရက်မှအပ)
************************