သတင်းအချက်အလက်/Campaigns
2021/08/30
မိုဘိုင်းဖုန်း Appli ၀န်ဆောင်မှုစတင်ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားခြင်း
SBI REMIT၏နိုင်ငံတကာငွေလွှဲ၀န်ဆောင်မှုကို အစဉ်အမြဲအသုံးပြုလျက်ရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။
ဖော်ပြပါ ခေါင်းစဥ်အတိုင်း SBI REMIT ၏နိုင်ငံတကာငွေလွှဲ၀န်ဆောင်မှုအား ပိုမိုအဆင်ပြေစွာ အသုံးပြုစေနိုင်ရန်အတွက် မိုဘိုင်းဖုန်းAppli ၀န်ဆောင်မှုကို စတင်ပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ မိုဘိုင်းဖုန်းAppli ၀န်ဆောင်မှုအသုံးပြုရခြင်းအကျိုးကျေးဇူးကြောင့် ကွန်ပျူတာ၊ ဂျပန်နိုင်ငံအတွင်းဖုန်းလိုင်း မရှိသောထရိန်နင်ကျောင်းသားများသည် မိုဘိုင်းဖုန်းနှင့် WIFI အင်တာနက်ချိတ်ဆက်မှု ပြုလုပ်ပြီး အင်တာနက်၀ဘ်ဆိုဒ်မှတဆင့် SBI REMIT နိုင်ငံတကာ ငွေလွှဲ၀န်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်သော မိုဘိုင်းဖုန်းAppli ဖြစ်စေရန် အမျိုးမျိုးသောလုပ်ဆောင်ချက်များနှင့် ၀န်ဆောင်မှုများကို ထပ်မံ ဖြည့်စွက်မည်ဖြစ်သောကြောင့် ကျေးဇူးပြု၍ အသုံးပြုပေးစေလိုပါသည်။
သို့ပေမဲ့ မိုဘိုင်းဖုန်းAppli အသုံးပြုရန်အတွက် ပထမဦးစွာ SBI REMIT၀ဘ်ဆိုဒ်တွင် Member Register ပြုလုပ်ရန်လိုအပ်ပါသည်။
အောက်ပါ လင့်မှ Download ပြုလုပ်ပေးပါ။
မိုဘိုင်းဖုန်းAppli စတင်မည့်ရက်
၂၀၂၁ခုနှစ်၊ ၈လပိုင်း၊ ၃၀ရက် (တနလာ်နေ့)
အသုံးပြုနိုင်မည့် ဖုန်းနှင့် ဗားရှင်းအမျိုးအစား
Android OS Ver.7.0အထက်
iOS 12.1အထက်
*မိုဘိုင်းဖုန်း Appliအသုံးပြုခသည် အခမဲ့ဖြစ်ပါသည်။
*ငွေထည့်ခြင်း၊ ငွေလွှဲခြင်းပြုလုပ်သည့်အခါမှသာ SBI REMITမှ သတ်မှတ်ထားသော ၀န်ဆောင်ခသာ ကျသင့်မည်ဖြစ်ပါသည်။