ပြည်တွင်းအခွန်စည်းကြပ်ကောက်ခံမှု မှန်ကန်ရေး အထောက်အကူပြုရန်အလို့ငှာ ပြည်ပသို့ ငွေလွှဲပြောင်းမှုဆိုင်ရာကြေညာချက် တင်သွင်းခြင်းအက်ဥပဒေ ပုဒ်မ ၃ အရ အကြောင်းကြားစာများ တင်သွင်းမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း

 ပြည်တွင်းအခွန်စည်းကြပ်ကောက်ခံမှု မှန်ကန်ရေး အထောက်အကူပြုရန်အလို့ငှာ ပြည်ပသို့ ငွေလွှဲပြောင်းမှုဆိုင်ရာ ကြေညာချက် တင်သွင်းခြင်းအက်ဥပဒေ (၁၉၉၇ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၁၀)” ၏ ပုဒ်မ ၃ အရ၊ ပြည်ပသို့ ငွေလွှဲပြောင်းသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများသည် ထိုသို့ငွေလွှဲပြောင်းမှု ပြုလုပ်သည့်အခါတိုင်း ငွေလွှဲသူ၏အမည်၊ နေရပ်လိပ်စာ၊ တစ်ဦးချင်းစီအတွက် သတ်မှတ်ထားသောနံပါတ် သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းအတွက် သတ်မှတ်ထားသောနံပါတ်၊ အဆိုပါပြည်ပငွေလွှဲပြောင်းမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်သော အရောင်းအဝယ် သို့မဟုတ် ဆောင်ရွက်ချက်အသေးစိတ်၊ နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် သတ်မှတ်ထားသော အခြားကိစ္စရပ်များကို ဖော်ပြပါရှိသည့် အကြောင်းကြားစာ တစ်စောင်ကို တင်သွင်းရမည်။

 

ကုမ္ပဏီမှ ပံ့ပိုးပေးသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုသည့်အခါ၊ သုံးစွဲသူများသည် ကုမ္ပဏီထံ လိုအပ်သောအချက်အလက်များ မှတ်ပုံတင်ခြင်းသည် အကြောင်းကြားစာ တင်သွင်းခြင်းအစား ဆောင်ရွက်မှု အဖြစ် အကျုံးဝင်မည်ဖြစ်ကြောင်းကို အတည်ပြု၍ သဘောတူညီရမည်။

 

(ဤဘာသာပြန်ဆိုချက်သည် သုံးစွဲသူများ နားလည်သိရှိစေရန်အတွက်သာ ဖြစ်သည်။ ဤဘာသာပြန်ဆိုချက်နှင့် ဂျပန်မူရင်းစာသားအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက ဂျပန်မူရင်းစာသားသည်သာ အတည်ဖြစ်သည်။)