SBI Group ကုမ္ပဏီအကျဥ်းချုံး
SBI Group ကုမ္ပဏီအကျဥ်းချုံး
SBI Group သည် ငွေကြေးဝန်ဆောင်မှုများ၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးနှင့် ဇီဝနည်းပညာကဏ္ဍတို့ကို အဓိကထားဆောင်ရွက်ပါသည်။ ဘဏ္ဍာရေးဝန်ဆောင်မှုများကဏ္ဍတွင် ကျွန်ုပ်တို့သည် လုံခြုံရေး၊ ဘဏ်၌အပ်နှံခြင်းနှင့် အာမခံ၊ ပိုင်ဆိုင်မှုစီမီခန့်ခွဲရေးတို့အပါအဝင် ဘဏ္ဍာရေးပိုင်းဆိုင်ရာထုတ်ကုန်များကို ပေးဆောင်ကာ IT နှင့်ဆက်စပ်လုပ်ငန်းများအတွက် ရင်းနှီးမြုပ်နှံမှုနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး၊ ဇီဝနည်းပညာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ / စွမ်းအင်ပရောဂျက်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပြည်တွင်းရော ပြည်ပတွင်ပါ ဆောင်ရွက်ပေးပြီး ဇီဝနည်းပညာတွင် ကျွန်ုပ်တို့သည် ဆေးဝါး၊ ကျန်းမာသောအစားအစာနှင့် အလှကုန်နယ်ပယ်များတွင် ကမ္ဘာနှင့်အဝှမ်း၌ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

SBI Group ၏စီမံရေးရာအယူအဆ
ကောင်းမွန်သော ကျင့်ဝတ်ပိုင်းဆိုင်ရာတန်ဖိုးများ
တရားဥပဒေ သို့မဟုတ် ကုမ္ပဏီ၏အကျိုးအမြတ်ပိုင်းဆိုင်ရာ လိုက်နာခြင်း၊ မလိုက်နာခြင်းပေါ်တွင်သာမက လူမှုရေးအရ တရားမျှတခြင်းရှိ၊ မရှိပေါ်တွင်ပါ အခြေခံ၍ ဖြစ်ရပ်များကို စီရင်ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
ဘဏ္ဍာရေးပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်သူ
ယခင်ဘဏ္ဍာရေးပုံစံကို ပြောင်းလဲပြီး အင်တာနက်အားကောင်းလာမှုကို အသုံးပြု၍ စျေးနှုန်းလျှော့ချပြီး Customer များအား ပို၍ ကောင်းမွန်အဆင်ပြေသောဘဏ္ဍာရေးဝန်ဆောင်မှုများကို တီထွင်ကြံဆလျက်ရှိပါသည်။
လုပ်ငန်းနယ်ပယ်သစ်များဖန်တီးသူ
21 ရာစု၏ အဓိကလုပ်ငန်းများကို ဖန်တီးတည်ထောင်ခြင်းနှင့် တိုးတက်လာအောင် ဆောင်ရွက်ခြင်းတို့တွင် ထိပ်ဆုံးမှဦးဆောင်နိုင်စေရန် ကျွန်ုပ်တို့ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါသည်။
စဥ်ဆက်မပြတ်မိမိကိုယ်တိုင်ပြောင်းလဲတိုးတက်ရန်
「တီထွင်ဖန်တီးမှု」နှင့်「မိမိကိုယ်တိုင်ပြောင်းလဲခြင်း」 မှတဆင့် စီးပွားရေးပတ်၀န်းကျင် အပြောင်းအလဲများတွင်အဆင်ပြေဆုံး လိုက်လျောညီထွေမှုဖြစ်အောင် မိမိကိုယ်တိုင် တိုးတက်ပြောင်းလဲလုပ်ဆောင်ပါမည်။
လူမှုရေးတာဝန်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပါမည်
SBI Group အတွင်းရှိ ကုမ္ပဏီတစ်ခုစီသည် ၎င်းတို့နှင့်ပါဝင်ပတ်သက်နေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပိုမိုကောင်းမွန်သောလူမှုအသိုက်အဝန်းဖြစ်လာစေရန် ကူညီဆောင်ရွက်သည့်အပြင် လူမှုအသိုက်အဝန်း၏အဖွဲ့ဝင်အနေဖြင့် လူမှုရေးတာဝန်များကို လုပ်ဆောင်ပါမည်။