ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကိုင်တွယ်ထိန်းသိမ်းခြင်း

SBI Remit (ဤမှနောင်တွင် “ကုမ္ပဏီ” ဟု ရည်ညွှန်းခေါ်ဆိုမည်) သည် အောက်ဖော်ပြပါကိစ္စရပ်များကို ကိုယ်ရေးကိုယ်တာအချက်အလက်များ အကာအကွယ်ပေးခြင်းဆိုင်ရာ အက်ဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် (ဤမှနောင်တွင် “ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်” ဟု ရည်ညွှန်းခေါ်မည်။) တို့နှင့်အညီ ထုတ်ပြန်ကြေညာရမည်။

၁။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရည်ရွယ်အသုံးပြုခြင်းအပေါ် ထုတ်ပြန်ကြေညာခြင်းဆိုင်ရာ ကိစ္စရပ်များ

ကုမ္ပဏီသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရရှိထားသော သုံးစွဲသူများ၏ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်မျိုးကိုမဆို အောက်ဖော်ပြပါအတိုင်း ရည်ရွယ်ထားသောအသုံးပြုမှုများကို ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်သည့်အတိုင်းအတာအထိ အသုံးပြုရမည်။
ကုမ္ပဏီက စာဖြင့်ရေးသား၍ သုံးစွဲသူများထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို တိုက်ရိုက်ရယူသည့် အခါ ကုမ္ပဏီအနေဖြင့် ထိုသို့သော ရည်ရွယ်ထားသည့်အသုံးပြုမှုကို ကြိုတင်၍ ရှင်းလင်းစွာဖော်ပြရမည်။
ထို့အပြင် သုံးစွဲသူများရှင်းလင်းစွာနားလည်နိုင်စေရန် ရည်ရွယ်ထားသည့်အသုံးပြုမှုကို တိကျစွာသတ်မှတ်ဖော်ပြ ပေးရမည့်အပြင်၊ ကုမ္ပဏီသည် သတင်းအချက်အလက်ရရှိသည့် အခြေအနေအလိုက် ရည်ရွယ်ထားသည့် အသုံးပြုမှုကို ကန့်သတ်ရန်လည်း ကြိုးပမ်းဆောင်ရွက်ရမည်၊ ဥပမာ – မတူညီသည့်မေးခွန်းပုံစံများအပေါ် တုံ့ပြန်ဖြေကြားခြင်းများကို စာရင်းအင်းအချက်အလက်များစုစည်းရန်အတွက် အသုံးပြုခြင်း။

ရည်ရွယ်ထားသည့်အသုံးပြုမှုများစာရင်း

  • ၁.၁။ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုအတွက် အဖွဲ့ဝင်များကို မှတ်ပုံတင်ခြင်းနှင့် ဝန်ဆောင်မှုများပံ့ပိုးခြင်း၊
  • ၁.၂။ ပြစ်မှုကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့်ပစ္စည်းများ လွှဲပြောင်းခြင်းဆိုင်ရာ အက်ဥပဒေ (Act on the Transfer of Criminal Proceeds)၊ နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေ (The Foreign Exchange Act) ၊ ပြည်တွင်းအခွန်စည်းကြပ်ကောက်ခံမှု မှန်ကန်ရေး အထောက်အကူပြုရန်အလို့ငှာ ပြည်ပသို့ ငွေလွှဲပြောင်းမှုဆိုင်ရာ ကြေညာချက် တင်သွင်းခြင်းအက်ဥပဒေ (Act on the Submission of Statements of Overseas Wire Transfers for the Purpose of Securing Proper Domestic Taxation) နှင့် အခြားသော သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တစ်ဦးချင်းစီ၏ အထောက်အထားကို အတည်ပြုခြင်းနှင့် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို တစ်ဦးချင်းစီက အသုံးပြုခွင့် ရှိကြောင်း အတည်ပြုခြင်း၊
  • ၁.၃။ အခြားသောလုပ်ငန်းလုပ်ကိုင်သူမှ ကုမ္ပဏီသို့ ပြင်ပဝန်ဆောင်မှုအပ်နှံထားသော ကိုယ်ရေးကိုယ်တာ အချက်အလက် (တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ) များအား စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုတစ်ရပ်ရပ်ကို နည်းလမ်းတကျ အကောင်အထည်ဖော်ခြင်း၊
  • ၁.၄။ ကုမ္ပဏီ၏ သုံးစွဲသူများနှင့်ချုပ်ဆိုထားသည့် သဘောတူစာချုပ်များနှင့် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ အခွင့်အရေးများ ကျင့်သုံးခြင်းနှင့် တာဝန်ရှိမှုများကို ဖြည့်ဆည်း ဆောင်ရွက်ခြင်း၊
  • ၁.၅။ အချက်အလက်စိစစ်ချက်၊ စစ်တမ်းမေးခွန်းလွှာတို့နှင့်အတူ ဈေးကွက်လေ့လာခြင်းများဆောင်ရွက် ခြင်းဖြင့် ကုမ္ပဏီ၏ဝန်ဆောင်မှုများကို လေ့လာဆန်းစစ်ခြင်းနှင့် တိုးတက်အောင်ဆောင်ရွက်ခြင်း၊
  • ၁.၆။ တိုက်ရိုက်အီးမေးလ်ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ အခြားသောနည်းလမ်းဖြင့်ဖြစ်စေ သုံးစွဲသူများထံ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အသိပေးအကြောင်းကြားခြင်း၊
  • ၁.၇။ သုံးစွဲသူများထံ တွဲဖက်ကုမ္ပဏီများ သို့မဟုတ် အလားတူအဖွဲ့အစည်းများမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အသိပေးအကြောင်းကြားခြင်း၊
  • ၁.၈။ ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက်များ (transactions) ကို ပယ်ဖျက်ခြင်းနှင့် ထိုသို့ပယ်ဖျက်ပြီးနောက် စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ နှင့်
  • ၁.၉။ တစ်နည်းအားဖြင့် သုံးစွဲသူများနှင့် ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက်များကို သင့်လျော်ပြီး ကန့်သတ်ပိတ်ပင်မှုမရှိသောနည်းလမ်းဖြင့် လုပ်ဆောင်ခြင်း။

သီးခြားကိုယ်ရေးကိုယ်တာအချက်အလက်များကို ရည်ရွယ်ထားသည့်အသုံးပြုခြင်းအား ဥပဒေအရ တားမြစ်သည့် အခါ သတ်မှတ်ဖော်ပြထားသော ရည်ရွယ်ထားသည့်အသုံးပြုမှုအတွက်မှတစ်ပါး အခြားသောရည်ရွယ်ချက် တစ်ရပ်ရပ်အတွက် အသုံးပြု၍မရကြောင်း သိရှိစေလိုပါသည်။ အထူးသဖြင့် အောက်ဖော်ပြပါကိစ္စရပ်များကို သတိပြုပါရန်-

ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုပေးသူများနှင့်စပ်လျဉ်းသည့် အစိုးရအဖွဲ့အမိန့် (Cabinet Ordinance on Fund Transfer Service Providers) ၏ အပိုဒ် ၂၆ အရ ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုပေးသူများသည် ၎င်းတို့၏ ဝန်ဆောင်မှုများကို လျော်ကန်စွာ စီမံဆောင်ရွက်ရမည်။ ထို့အပြင် လိုအပ်သည်ဟုမှတ်ယူသည့်ကိစ္စရပ်မှတစ်ပါး မည်သည့်အကြောင်းကြောင့်မဆို မိမိတို့၏ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုလုပ်ငန်းကို ကိုယ်တိုင်အသုံးပြုသူများ၏ အချက်အလက်များအား အသုံးပြုခြင်း သို့မဟုတ် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများထံသို့ ပေးပို့ခြင်း ပြုလုပ်မည် မဟုတ်ပါ။ ထိုသို့သော အချက်အလက်များတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ မိသားစုမျိုးရိုး၊ အမြဲတမ်း နေထိုင်သည့်လိပ်စာ၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာအခြေအနေ၊ နှင့် ပြစ်မှုမှတ်တမ်းတို့အပြင် ဝန်ဆောင်မှုပေးသူများမှ ကိုင်တွယ်ထိန်းသိမ်းထားသည့် အခြားသော အထူးလျှို့ဝှက်ထားရှိရမည့် သတင်းအချက် အလက်များ (ဥပမာ – လုပ်ငန်းဆောင်ရွက်စဉ်အတွင်း သိရှိလာရပြီး အများပြည်သူသို့ထုတ်ပြန်ထားခြင်းမရှိသော အခြားအချက်အလက်များ) ပါဝင်ကြောင်း သတိပြုပါ။

စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် သီးခြားလူပုဂ္ဂိုလ်များကို အထောက်အထားစိစစ်ရန် နံပါတ်များ အသုံးပြုမှုဆိုင်ရာ အက်ဥပဒေ (Act on the Utilization of Numbers to Identify Specific Persons in Administrative Procedures) အရ ကုမ္ပဏီသည် အတည်ပြုထားသည့် ရည်ရွယ်ထားသောအသုံးပြုမှုမှတစ်ပါး အခြားသော မည်သည့်အကြောင်းကြောင့်မဆို သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက်အထားနံပါတ်များ၊ သို့မဟုတ် ထိုသို့သော အထောက်အထားနံပါတ်များပါဝင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းထံသို့ ပေးပို့ခြင်း မပြုလုပ်ပါ။

၂။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လျော်ကန်စွာရယူခြင်း

ကုမ္ပဏီသည် မိမိတို့သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်လျော်စွာ ရယူဆောင်ရွက် ရမည်။
ဥပမာ – ကုမ္ပဏီသည် အောက်ဖော်ပြပါအရင်းအမြစ်များမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်း နိုင်သည်။

သတင်းအချက်အလက်များ စုဆောင်းရန် အသုံးပြုသည့် အရင်းအမြစ်ဥပမာများ
သုံးစွဲသူက သတင်းအချက်အလက်များကို တိုက်ရိုက်ပေးပို့သည့် အရင်းအမြစ်များမှာ သုံးစွဲသူများသည် ၎င်းတို့၏ အချက်အလက်များကို ထည့်သွင်းသည့် ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်၊ သုံးစွဲသူများမှ ဖြည့်သွင်း၊ တင်ပြထားသော စာဖြင့်ရေးသားထားသည့် အချက်အလက်များ၊ အဖွဲ့ဝင်ဖြစ်မှုမှတ်ပုံတင်ခြင်းအတွက် လျှောက်လွှာပုံစံများ၊ အစရှိသည်တို့ ဖြစ်သည်။

၃.၁။ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများသို့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပံ့ပိုးခြင်း

ကုမ္ပဏီသည် ဝန်ဆောင်မှုများကိုပြင်ပသို့အပ်နှံခြင်း၊ လုပ်ငန်းပေါင်းစည်းခြင်း သို့မဟုတ် အခြားသော အကြောင်းအရင်းကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းဆက်ခံမှုများနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ပံ့ပိုးခြင်း၊ သတင်းအချက်အလက်များကို ပူးတွဲအသုံးပြုခြင်း၊ နှင့် အောက်ဖော်ပြပါ အခြေအနေများမှအပ သုံးစွဲသူများ၏ သဘောတူညီချက်မပါရှိဘဲ ၎င်းလက်ဝယ်ရှိသည့် မည်သည့် ကိုယ်ရေးကိုယ်တာအချက်အလက် မျိုးကိုမျှ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခုသို့ ပံ့ပိုးမည်မဟုတ်ပါ –

  • ၃.၁.က။ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ ခိုင်လုံသည့် အကြောင်းအရင်းများ ရှိခြင်း၊
  • ၃.၁.ခ။ လူ့အသက်၊ လူပုဂ္ဂိုလ် သို့မဟုတ် ပိုင်ဆိုင်မှုများအား အကာအကွယ်ပေးရန်လိုအပ်ခြင်း၊ နှင့် သက်ဆိုင်သူ တစ်ဦးတစ်ယောက်ထံမှ သဘောတူညီချက်ရယူရန်ခက်ခဲခြင်း၊
  • ၃.၁.ဂ။ အများပြည်သူကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် သို့မဟုတ် ကလေးငယ်များ၏ ကျန်းမာဖွံ့ဖြိုးမှုကို မြှင့်တင်ဆောင်ရွက်ရန် အထူးလိုအပ်ခြင်း၊ နှင့် သက်ဆိုင်သူ တစ်ဦးတစ်ယောက်ထံမှ သဘောတူညီချက် ရယူရန် ခက်ခဲခြင်း၊
  • ၃.၁.ဃ။ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ လုပ်ငန်းကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားအေဂျင်စီ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့ သို့မဟုတ် ၎င်းတို့၏ consignee တစ်ဦးနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်ထံမှ သဘောတူညီချက်ရယူခြင်းက ထိုသို့သောကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအပေါ် အဟန့်အတားဖြစ်စေခြင်း၊ သို့မဟုတ် အဟန့်အတားဖြစ်နိုင်ခြေရှိခြင်း၊

ဝန်ဆောင်မှုများကို ပြင်ပသို့အပ်နှံသည့်အခါ ကုမ္ပဏီအနေဖြင့် ကုမ္ပဏီ၏ သတ်မှတ်ချက်များနှင့်အညီ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို တိကျစွာကိုင်တွယ်ထိန်းသိမ်းမှုရှိစေရန် ကန်ထရိုက်တာနှင့် သဘောတူညီချက်တစ်ရပ် ချုပ်ဆိုရမည်ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီသည် သင့်လျော်သည့် ကြိုတင်ကာကွယ်မှု အစီအမံများ ဆောင်ရွက်ထားရမည်။

ဥပမာ – ကုမ္ပဏီသည် အောက်ဖော်ပြပါ စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကိုင်တွယ်ထိန်းသိမ်းခြင်းအတွက် ပြင်ပဝန်ဆောင်မှုအပ်နှံထားသည်။

ပြင်ပဝန်ဆောင်မှုအပ်နှံထားသော စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းတာဝန် နမူနာများမှာ –
လုပ်ထုံးလုပ်နည်းဆိုင်ရာ စာရွက်စာတမ်းများပေးပို့ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်း
တိုက်ရိုက်စာပို့ကြော်ငြာခြင်း (direct mail) နှင့်စပ်လျဉ်းသည့် လုပ်ငန်း
စနစ်လည်ပတ်ဆောင်ရွက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ နှင့်
ကုမ္ပဏီ၏ နိုင်ငံရပ်ခြားသို့ငွေလွှဲပို့ခြင်းဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ကိုင်ဆောင်ရွက်မှုများ
သုံးစွဲသူများ၏ စုံစမ်းမေးမြန်းမှုများအပေါ် တုံ့ပြန်ဖြေကြားခြင်းနှင့်သက်ဆိုင်သည့်လုပ်ငန်း

၃.၂။ ပြည်ပနိုင်ငံများရှိ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများထံသို့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပံ့ပိုးခြင်း

(၁) ပြည်ပနိုင်ငံများ၏အမည်များနှင့် သင့်တင့်လျော်ကန်သည့်နည်းလမ်းဖြင့် ရရှိထားသော ပြည်ပနိုင်ငံ၏ ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ်ပေးမှုစနစ်နှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များ
ကုမ္ပဏီသည် မိမိတို့ကိုင်တွယ်ထိန်းသိမ်းထားသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သုံးစွဲသူများမှ ငွေလွှဲပြုလုပ်လိုသည့်နိုင်ငံအပေါ်မူတည်၍ မိမိတို့နှင့်တွဲဖက်လုပ်ကိုင်ဆောင်ရွက်သော အောက်ဖော်ပြပါ အဖွဲ့အစည်းများထံသို့ ပံ့ပိုးမှုပြုလုပ်ပါသည်။
ကုမ္ပဏီနှင့်တွဲဖက်လုပ်ကိုင်ဆောင်ရွက်သည့် အဖွဲ့အစည်းများစာရင်း
MoneyGram International Payment Systems, Inc. USA
LandBank of The Philippines Philippines
G-Xchange, Inc. Philippines
COINS.PH (BETUR INC.) Philippines
PT Bank Rakyat Indonesia (Persero) Tbk. Indonesia
PT Bank Central Asia Tbk Indonesia
VIETNAM JOINT STOCK COMMERCIAL BANK FOR INDUSTRY AND TRADE Vietnam
Tien Phong Commercial Joint Stock Bank Vietnam
SAI GON THUONG TIN COMMERCIAL JOINT STOCK BANK. Vietnam
City Express Money Transfer Pvt., Ltd. Nepal
Nabil Bank Limited Nepal
JET PERU S.A. Peru
Tranglo Sdn. Bhd. Malaysia
Tranglo Pte. Ltd. Singapore
Nium Pte. Ltd. Singapore
The Siam Commercial Bank Public Company Limited Thailand
CB Bank PCL Myanmar
ACLEDA Bank Plc. Cambodia
• SBI LY HOUR Bank Plc. Cambodia
UnionPay International Co., Ltd. China
အထက်ပါအဖွဲ့အစည်းတည်ရှိသည့်နိုင်ငံ၏ ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ်ပေးမှုစနစ်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ်ပေးမှုကော်မရှင်မှ ထုတ်ပြန်ထားသော အောက်ဖော်ပြပါ ဝက်ဘ်စာမျက်နှာများ သို့မဟုတ် လင့်ခ်တို့တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပါသည် –
https://www.ppc.go.jp/personalinfo/legal/kaiseihogohou/#gaikoku
・Nepal
■ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ်ပေးမှုစနစ်တည်ရှိမှု
  • ・The Individual Privacy Act 2075(2018)
  • ・The Individual Privacy Regulation 2077 (2020)
  • ・The National Civil Code 2074 (2017)
  • ・The National Penal (Code) Act (2017)
ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ်ပေးမှုစနစ်၏ အညွှန်းကိန်းတစ်ခုဖြစ်နိုင်သော သတင်းအချက် အလက်များ
  • ・EU လုံလောက်မှုဆုံးဖြတ်ချက် – မရှိပါ။
  • ・APEC CBPR စနစ် – မရှိပါ။
  • ・OECD ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များ (OCED Privacy Guidelines) ၏ မူသဘောတရား (၈) ချက်နှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်သူများ၏ တာဝန်ရှိမှုများနှင့် တစ်ဦး တစ်ယောက်စီ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
  • (၁) စုဆောင်းမှုဆိုင်ရာကန့်သတ်ချက် အခြေခံမူ – အထက်ဖော်ပြပါ ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများတွင် ဖော်ပြထားသည်။
  • (၂) အချက်အလက်အကြောင်းအရာ အခြေခံမူ – အထက်ဖော်ပြပါ ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများတွင် တစ်စိတ်တစ်ပိုင်း ဖော်ပြထားသည်။
  • (၃) ရည်ရွယ်ချက် ရှင်းလင်းဖော်ပြခြင်းဆိုင်ရာ အခြေခံမူ – အထက်ဖော်ပြပါ ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများတွင် တစ်စိတ်တစ်ပိုင်း ဖော်ပြထားသည်။
  • (၄) အသုံးပြုမှုကန့်သတ်ချက် အခြေခံမူ – အထက်ဖော်ပြပါ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ တွင် တစ်စိတ်တစ်ပိုင်း ဖော်ပြထားသည်။
  • (၅) လုံခြုံမှုအကာအကွယ်ပေးခြင်းဆိုင်ရာ အခြေခံမူ – အထက်ဖော်ပြပါ ဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများတွင် တစ်စိတ်တစ်ပိုင်း ဖော်ပြထားသည်။
  • (၆) ထုတ်ဖော်ပြောကြားခြင်းဆိုင်ရာ အခြေခံမူ – သီးခြားဖော်ပြထားသည့် ပြဋ္ဌာန်းချက်များနှင့် မသက်ဆိုင်ပါ။
  • (၇) တစ်ဦးတစ်ယောက်စီ၏ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခြေခံမူ – အထက်ဖော်ပြပါ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများတွင် တစ်စိတ်တစ်ပိုင်း ဖော်ပြထားသည်။
  • (၈) တာဝန်ရှိမှုဆိုင်ရာ အခြေခံမူ – သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်မှုမရှိပါ။
  • ・တစ်ဦးတစ်ယောက်စီ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားတို့အပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိစေ နိုင်သည့် အခြားသောစနစ်များ – မရှိပါ။
(၂) ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကာအကွယ်ပေးရန် တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းတစ်ခု၏ စီမံဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ
OECD ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုဆိုင်ရာ လမ်းညွှန်ချက်များ၏ မူသဘောတရား (၈) ချက်ကို လိုက်နာဆောင်ရွက်ရန်အတွက် အထက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများ၏ စီမံဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
  • ・MoneyGram International Payment Systems, Inc.
    အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・LandBank of The Philippines
    အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・G-Xchange, Inc.
    အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・COINS.PH (BETUR INC.).
    အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・PT Bank Rakyat Indonesia (Persero) Tbk.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・PT Bank Central Asia Tbk
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・VIETNAM JOINT STOCK COMMERCIAL BANK FOR INDUSTRY AND TRADE
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・Tien Phong Commercial Joint Stock Bank
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・SAI GON THUONG TIN COMMERCIAL JOINT STOCK BANK
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・City Express Money Transfer Pvt., Ltd.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・Nabil Bank Limited
    1. (၁) စုဆောင်းမှုကန့်သတ်ချက်ဆိုင်ရာ အခြေခံမူ – အစီအမံများကို ဆောင်ရွက်ထားပါသည်။
    2. (၂) အချက်အလက်အရည်အသွေးဆိုင်ရာ အခြေခံမူ – အစီအမံများကို ဆောင်ရွက်ထားပါသည်။
    3. (၃) ရည်ရွယ်ချက်သတ်မှတ်ဖော်ပြခြင်းဆိုင်ရာ အခြေခံမူ – အစီအမံများကို ဆောင်ရွက်ထားပါသည်။
    4. (၄) အသုံးပြုမှုကန့်သတ်ချက်ဆိုင်ရာ အခြေခံမူ – အစီအမံများကို ဆောင်ရွက်ထားပါသည်။
    5. (၅) လုံခြုံမှုအကာအကွယ်များဆိုင်ရာ အခြေခံမူ – အစီအမံများကို ဆောင်ရွက်ထားပါသည်။
    6. (၆) ပွင့်လင်းမှုဆိုင်ရာ အခြေခံမူ – အစီအမံ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ထားကြောင်း အတည်ပြုပါသည်။
    7. (၇) တစ်ဦးတစ်ယောက်စီ၏ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခြေခံမူ – အစီအမံ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ထားကြောင်း အတည်ပြုပါသည်။
    8. (၈) တာဝန်ယူမှုဆိုင်ရာ အခြေခံမူ – အစီအမံ တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ထားကြောင်း အတည်ပြုပါသည်။
  • ・JET PERU S.A.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・Tranglo Sdn. Bhd.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・Tranglo Pte. Ltd.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・Nium Pte. Ltd.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・The Siam Commercial Bank Public Company Limited
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・CB Bank PCL
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・ACLEDA Bank Plc.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・• SBI LY HOUR Bank Plc.
    1. အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
  • ・UnionPay International Co., Ltd.
    အစီအမံအားလုံးကို ဆောင်ရွက်ထားပါသည်။
(၃) အထက်ဖော်ပြပါနိုင်ငံများမှတစ်ပါး အခြားသော ပြည်ပနိုင်ငံများရှိ တတိယပုဂ္ဂိုလ်/အဖွဲ့အစည်းများထံသို့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပံ့ပိုးခြင်း
သုံးစွဲသူတစ်ဦးမှ သတ်မှတ်ထားသည့် ငွေလက်ခံသူတစ်ဦးထံသို့ ငွေလွှဲပြောင်းရာတွင် ကုမ္ပဏီသည် ငွေလက်ခံသူက ကုမ္ပဏီနှင့်တွဲဖက်လုပ်ကိုင်သည့် စီးပွားရေးလုပ်ကိုင်သူတစ်ဦးမှတစ်ဆင့် ငွေသားဖြင့်ဖြစ်စေ၊ ငွေစာရင်းပေးချေမှုဖြင့်ဖြစ်စေ လက်ခံရယူရန် အသုံးပြုသည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်း (ကုမ္ပဏီ၏ တွဲဖက်လုပ်ငန်းဆောင်ရွက်သူများ၏ အေးဂျင့်များနှင့် တွဲဖက်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ အပါအဝင်၊ ဤမှနောင်တွင် “Final Recipient Banks, Etc.” ဟု ရည်ညွှန်းခေါ်ဆိုမည်။”) တစ်ခုသို့ ငွေများပေးပို့နိုင်သည်။ ထိုသို့သောကိစ္စရပ်တွင် ကမ္ဘာအနှံ့ရှိ နိုင်ငံများနှင့် ဒေသပေါင်း ၂၀၀ အထက်တွင် တည်ရှိသော Final Recipient Banks, Etc. သို့ ငွေလွှဲပြောင်းရန်အလို့ငှာ ကုမ္ပဏီနှင့်တွဲဖက်လုပ်ငန်းလုပ်ကိုင်သူသည် မိမိ၏ ကိုယ်ပိုင် နိုင်ငံတကာငွေလွှဲကွန်ယက် သို့မဟုတ် နိုင်ငံတကာဘဏ်အချင်းချင်းငွေလွှဲကွန်ယက်ဖြစ်သည့် “SWIFT” ကို အသုံးပြုနိုင်သည်။ ကုမ္ပဏီမှ Final Recipient Banks, Etc. သို့ ဖော်ပြပါကွန်ယက်များအတွင်းရှိ အခြားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်း (များ) (ဤမှနောင်တွင် “Transit Banks, Etc.” ဟု ရည်ညွှန်းခေါ်ဆိုမည်) မှတစ်ဆင့် (များစွာသော Transit Banks, Etc. မှတစ်ဆင့် ဖြစ်နိုင်သည်) ငွေလွှဲပြောင်းခြင်းဆောင်ရွက်မှုမှာ ဖြစ်နိုင်ခြေရှိပါသည်။ သို့သော် သုံးစွဲသူထံမှ ငွေလွှဲမှုဆိုင်ရာညွှန်ကြားချက်လက်ခံရရှိသည့်အချိန်တွင် Transit Banks, Etc. များ ပါဝင်ခြင်းရှိ/မရှိနှင့် ၎င်းတို့၏အမည်များကို သေချာစွာသိရှိနိုင်မည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ ကုမ္ပဏီအနေဖြင့် Transit Banks, Etc. တည်ရှိရာ ပြည်ပနိုင်ငံ၏အမည်၊ ထိုသို့သောနိုင်ငံရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် အကာအကွယ်ပေးမှုစနစ်၊ သို့မဟုတ် Transit Banks, Etc. မှ ပြုလုပ်သော စီမံဆောင်ရွက်ချက် များနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို ပံ့ပိုးခြင်းမပြုလုပ်နိုင်ပါ။
Final Recipient Banks, Etc. တည်ရှိရာ ပြည်ပနိုင်ငံများရှိ ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ် ပေးမှု စနစ်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို သိရှိလိုပါက ကိုယ်ရေးကိုယ်တာ အချက်အလက် အကာအကွယ်ပေးမှု ကော်မရှင်မှ ထုတ်ပြန်ထားသော အောက်ဖော်ပြပါ ဝက်ဘ်စာမျက်နှာများတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည် –
https://www.ppc.go.jp/personalinfo/legal/kaiseihogohou/#gaikoku

၄။ ကိုယ်ရေးကိုယ်တာအချက်အလက်များအား မျှဝေအသုံးပြုခြင်း

ကုမ္ပဏီသည် အောက်ဖော်ပြပါ အချက် ၄.၁ တွင် ဖော်ပြထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အချက် ၄.၂ တွင် ဖော်ပြထားသည့် အဖွဲ့အစည်းများနှင့် မျှဝေအသုံးပြုနိုင်ပါသည်။ သို့သော် အချက် ၄.၁.ဃ တွင် ဖော်ပြထားသည့် အလုပ်လျှောက်ထားသူများနှင့်သက်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို အချက် ၄.၃.င တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်အတွက်သာ အသုံးပြုရမည်။ ထို့အပြင် ကုမ္ပဏီသည် ငွေကြေးဆိုင်ရာစာချုပ်စာတမ်းများနှင့် ငွေလဲလှယ်ရေးအက်ဥပဒေ၊ အာမခံလုပ်ငန်းအက်ဥပဒေနှင့် အခြား ဆက်စပ်ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ သတင်းအချက်အလက်များအား မျှဝေအသုံးပြုခြင်းဆိုင်ရာ ကန့်သတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး၊ ဤဥပဒေများနှင့်အညီ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ရမည်။

၄.၁။ မျှဝေအသုံးပြုနိုင်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

  • ၄.၁.က။ အမည်၊ လိပ်စာ၊ မွေးသက္ကရာဇ်၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ငွေသွင်း/ငွေထုတ် လိုအပ်ချက်ဆိုင်ရာ သတင်းအချက်အလက်များ၊ အများပြည်သူသိရှိနိုင်သော သတင်းအချက် အလက်များနှင့် အခြားသော ကိုယ်ရေးကိုယ်တာဆိုင်ရာ သတင်းအချက်အလက်များ၊
  • ၄.၁.ခ။ သုံးစွဲသူနှင့် ငွေသွင်း/ငွေထုတ်ဆောင်ရွက်ခဲ့သော ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက် မှတ်တမ်းများ၊ ပွိုင့်အချက်အလက်များ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးမျိုး စသည်တို့နှင့် အခြားသော ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက်ဆိုင်ရာ သတင်းအချက်အလက်များ၊
  • ၄.၁.ဂ။ သုံးစွဲသူနံပါတ်များနှင့် ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက်နံပါတ်များ စသည်တို့အပါအဝင် စီမံခန့်ခွဲရေးနံပါတ်များ ကဲ့သို့သော ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက်စီမံခန့်ခွဲမှုအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ နှင့်
  • ၄.၁.ဃ။ SBI အုပ်စုကုမ္ပဏီများတွင် အလုပ်လျှောက်ထားသည့် တစ်ဦးချင်းစီ၏ အမည်၊ ကျား/မ၊ အီးမေးလ်လိပ်စာ၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ အလုပ်ရာဇဝင်၊ ရည်မှန်းချက်များနှင့် စိတ်အားထက်သန်မှုများနှင့် အလားတူ သတင်းအချက်အလက်များ။

၄.၂။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေအသုံးပြုခွင့်ရှိသည့် သုံးစွဲသူများ၏ အတိုင်းအတာ

SBI Holdings, Inc. ၊ ၎င်း၏ လက်အောက်ခံကုမ္ပဏီများနှင့် အောက်ဖော်ပြပါ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော တွဲဖက်ကုမ္ပဏီများ (ဤမှနောင်တွင် “SBI အုပ်စုကုမ္ပဏီ/ကုမ္ပဏီများ” ဟု ရည်ညွှန်းခေါ်ဆိုမည်)။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေအသုံးပြုခွင့်ရှိသည့် သုံးစွဲသူများအား အခါအားလျော်စွာ ပြောင်းလဲနိုင်သည်ကို သတိပြုပါ။

https://www.sbigroup.co.jp/company/group/overview.html

  • ၄.၃။ မျှဝေအသုံးပြုသော ကိုယ်ရေးကိုယ်တာအချက်အလက်များအား ရည်ရွယ်ထားသည့် အသုံးပြုမှု
    ၄.၃.က။ SBI အုပ်စုကုမ္ပဏီများမှ ပေးအပ်သော ဝန်ဆောင်မှုများ၏ အဖွဲ့ဝင်များအနေဖြင့် ဝန်ဆောင်မှု များကို အသုံးပြုခြင်း
    သုံးစွဲသူများက SBI အုပ်စုကုမ္ပဏီများ၏ မှတ်ပုံတင်ထားသော အဖွဲ့ဝင်များအနေဖြင့် ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ အကောင့်ဝင်ရောက်စဉ်နှင့် ဝင်ရောက်ပြီးနောက် အထောက်အထားစိစစ်ခြင်း၊ စာမျက်နှာအမျိုးမျိုးတွင် သုံးစွဲသူအချက်အလက်များကို အလိုအလျောက်ဖော်ပြခြင်းတို့ကဲ့သို့သော သုံးစွဲသူများအတွက် ပိုမိုအသုံးပြုရလွယ်ကူစေရန်။
  • ၄.၃.ခ။ SBI အုပ်စုကုမ္ပဏီများနှင့် ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ခြင်း သုံးစွဲသူတစ်ဦးဦးက SBI အုပ်စု ကုမ္ပဏီတစ်ခုထံမှ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ကြိုတင်မှာယူ/ဝယ်ယူခြင်း၊ ဆုတစ်ခုခုအတွက် လျှောက်ထားခြင်း သို့မဟုတ် အခြားသော ဆောင်ရွက်ချက်တစ်ရပ်ရပ်ကို တောင်းဆိုသည့်အခါ၊ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်- ကုန်ပစ္စည်းများ ပို့ဆောင်ခြင်း၊ ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ ငွေပေးချေမှုများအား ရှင်းလင်းဆောင်ရွက်ခြင်း၊ သုံးစွဲသူများ၏ မေးမြန်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ SBI အုပ်စု ကုမ္ပဏီများထံမှ မေးမြန်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ နှင့် ဆက်စပ်သော ရောင်းချပြီးနောက်ပိုင်းဝန်ဆောင်မှုများပံ့ပိုးခြင်း စသည်တို့။
  • ၄.၃.ဂ။ SBI အုပ်စုကုမ္ပဏီများအတွက် ကြော်ငြာခြင်းနှင့် ဈေးကွက်ရှာဖွေခြင်း
    • ・ အီးမေးလ်မဂ္ဂဇင်းများ သို့မဟုတ် အလားတူဆက်သွယ်ရေးများမှတစ်ဆင့် SBI အုပ်စုကုမ္ပဏီများထံမှ သတင်းအချက်အလက်များ ပေးပို့ရန်။
    • ・ အီးမေးလ်၊ စာတိုက်၊ တယ်လီဖုန်း သို့မဟုတ် အလားတူနည်းလမ်းများမှတစ်ဆင့် SBI အုပ်စုကုမ္ပဏီဝန်ဆောင်မှုများဆိုင်ရာ သတင်းအချက်အလက်များ ပေးပို့ရန်။
    • ・ ကျား/မ၊ အသက်၊ နေထိုင်ရာဒေသ၊ ဝါသနာနှင့် စိတ်ဝင်စားမှုများကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များအပြင် SBI အုပ်စုကုမ္ပဏီများမှ လည်ပတ်သော ဝက်ဘ်ဆိုဒ်များမှ ဝယ်ယူမှုမှတ်တမ်းနှင့် ကြည့်ရှုမှုမှတ်တမ်းတို့နှင့် ကိုက်ညီသော SBI အုပ်စုကုမ္ပဏီများမှ ပေးအပ်သည့် ကြော်ငြာများနှင့် အကြောင်းအရာများကို ပံ့ပိုးရန်။
    • ・ SBI အုပ်စုကုမ္ပဏီဝန်ဆောင်မှုများ၏ အသုံးပြုမှုအခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဝန်ဆောင်မှုအသစ်များ တီထွင်ဖန်တီးရန်နှင့် ရှိရင်းစွဲဝန်ဆောင်မှုများကို တိုးတက် ကောင်းမွန်စေရန်။
    • ・ မေးခွန်းလွှာများ၊ ကမ်ပိန်းများ၊ ကံစမ်းမဲများ ပြုလုပ်ရန်၊ ဆုများပေးပို့ရန် စသည်တို့နှင့် ယင်းတို့နှင့်စပ်လျဉ်း၍ လျှောက်ထားသူများကို ဆက်သွယ်ရန်။
  • ၄.၃.ဃ။ စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ခြင်း
    SBI အုပ်စုကုမ္ပဏီသို့ အီးမေးလ်၊ စာတိုက် သို့မဟုတ် တယ်လီဖုန်းမှတစ်ဆင့် ပြုလုပ်သော စုံစမ်းမေးမြန်းမှုများကို တုံ့ပြန်ရန်။
  • ၄.၃.င။ ဝန်ထမ်းခေါ်ယူခြင်းနှင့် အရည်အချင်းရှိသူများ ရှာဖွေခြင်း
    SBI အုပ်စုကုမ္ပဏီတစ်ခုတွင် ရာထူးတစ်ခုအတွက် လျှောက်ထားရန် တင်သွင်းသော ကိုယ်ရေး ရာဇဝင်နှင့် အလုပ်ရာဇဝင်ဖော်ပြချက်များအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို SBI အုပ်စုကုမ္ပဏီ၏ အရည်အချင်းရှိသူများ ရှာဖွေရေးလုပ်ငန်းဆောင်တာများအတွက် အသုံးပြုရမည်။
  • ၄.၃.စ။ အခြားတာဝန်များ
    အထက်ဖော်ပြပါ ၄.၃.က မှ ၄.၃.င အပြင် SBI အုပ်စုကုမ္ပဏီဝန်ဆောင်မှုများ ပေးအပ်ရန်အတွက် လိုအပ်သလို အသုံးပြုရန်။
  • ၄.၃.ဆ။ အထွေထွေ
    ကုမ္ပဏီသည် အထက်ဖော်ပြပါ ၄.၃.က မှ ၄.၃.စ တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များမှလွဲ၍ အခြားရည်ရွယ်ချက်များအတွက် SBI အုပ်စုကုမ္ပဏီများမှ ပံ့ပိုးသော ဝန်ဆောင်မှုများအတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုနိုင်ပါသည်။ ထိုသို့သောအခြေအနေများတွင် သက်ဆိုင်ရာဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝက်ဘ်ဆိုဒ်တွင် အသိပေးကြေညာချက်တစ်ခုကို တင်ထားမည်ဖြစ်သည်။

၄.၄။ ကိုယ်ရေးကိုယ်တာအချက်အလက်များ စီမံခန့်ခွဲရန် တာဝန်ရှိသောအဖွဲ့အစည်း၏အမည်
ကိုယ်ရေးကိုယ်တာအချက်အလက်များ စီမံခန့်ခွဲရန် တာဝန်ရှိသောအဖွဲ့အစည်း၏အမည်မှာ SBI Holdings, Inc. ဖြစ်သည်။
1-6-1 Roppongi, Minato-ku, Tokyo
Representative Director ၊ Chairman ၊ President & CEO Yoshitaka Kitao

၄.၅။ သတင်းအချက်အလက်များ မျှဝေအသုံးပြုခြင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများ
သတင်းအချက်အလက်များ မျှဝေအသုံးပြုခြင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို SBI Holdings, Inc. ၏ အထွေထွေရေးရာဌာနသို့ လိပ်မူဆောင်ရွက်သင့်ပါသည်။
ဖုန်း – 03-6229-0100 (ကိုယ်စားလှယ်)

၅။ တိုက်ရိုက်ဈေးကွက်ရှာဖွေခြင်းကို ပယ်ဖျက်ရန် လုပ်ထုံးလုပ်နည်းများ

သုံးစွဲသူက တိုက်ရိုက်ဈေးကွက်ရှာဖွေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုပါက၊ ကျွန်ုပ်တို့သည် နောက်ဆက်တွဲ အသုံးပြုမှုနှင့် ပံ့ပိုးမှုများကို နှောင့်နှေးမှုမရှိဘဲဆိုင်းငံ့ရန် အစီအမံများ ပြုလုပ်ပါမည်။ သုံးစွဲသူများ၏ ကန့်သတ်ချက်မရှိဘဲ ပေးပို့သည့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အသိပေးချက်များကဲ့သို့သော အရေးကြီး အသိပေးချက်များသည် ဆိုင်းငံ့ခြင်းလုပ်ထုံးလုပ်နည်းများနှင့် မသက်ဆိုင်ပါ။

ပယ်ဖျက်ခြင်းလုပ်ထုံးလုပ်နည်းများအတွက်အသေးစိတ်
တောင်းဆိုမှုများကို သုံးစွဲသူ အထောက်အကူပြုစင်တာသို့ အောက်တွင် အသေးစိတ် ဖော်ပြထားသည့်အတိုင်း ပြုလုပ်သင့်ပါသည်။

၆။ ထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်၍

(၁) ကိုယ်ရေးကိုယ်တာအချက်အလက်များ ကိုင်တွယ်ဆောင်ရွက်သည့် လုပ်ငန်းလုပ်ကိုင်သူ၏ အမည်၊ လိပ်စာနှင့် ကိုယ်စားလှယ်အမည်
SBI Remit Co., Ltd.
4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo
Representative Director Nobuo Ando
(၂) ထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်အားလုံးအား အသုံးပြုမှုရည်ရွယ်ချက်
အထက်ပါ “၁” တွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည်။
(၃) ထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ရန် လုပ်ထုံး လုပ်နည်းများ
တစ်ဦးချင်း (သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်) မှ ကုမ္ပဏီမှ ထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ပေးရန် တောင်းဆိုမှုများနှင့် ဆက်စပ်စုံစမ်း မေးမြန်းမှုများကို ကုမ္ပဏီအနေဖြင့် အောက်ပါအတိုင်း တုံ့ပြန်ဆောင်ရွက်မည် ဖြစ်သည်။
ကုမ္ပဏီက အောက်တွင်ဖော်ပြထားသည့်နည်းလမ်းကို အသုံးပြု၍ တစ်ဦးချင်း (သို့မဟုတ် ကိုယ်စားလှယ်) ၏ အထောက်အထားကို အတည်ပြုပြီးသည်နှင့်၊ ကုမ္ပဏီသည် စာဖြင့်ရေးသား ထားသော စာရွက်စာတမ်းများ ပေးပို့ခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုဖြင့် လုပ်ထုံး လုပ်နည်းအသေးစိတ်ကို တုံ့ပြန်မည်ဖြစ်သည်။ တောင်းဆိုချက်၏အကြောင်းအရာပေါ် မူတည်၍ ကုမ္ပဏီမှ သတ်မှတ်ထားသောပုံစံကို အသုံးပြု၍ တောင်းဆိုလွှာတင်သွင်းရန် သင့်အား တောင်းဆိုနိုင်သည်ကို သတိပြုပါ။

တောင်းဆိုမှုပြုလုပ်ခြင်း
တစ်ဦးချင်း (သို့မဟုတ် ၎င်းတို့၏ကိုယ်စားလှယ်) မှ ကုမ္ပဏီမှထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ပေးရန် တောင်းဆိုမှုများကို ကုမ္ပဏီမှ သတ်မှတ်ထားသောပုံစံကို အသုံးပြု၍ ပြုလုပ်ရမည်။ ဖြည့်စွက်ပြီးသည်နှင့်၊ ပုံစံကို ကိုယ်ရေးကိုယ်တာ သက်သေခံစာရွက်စာတမ်းများနှင့် အတူ သုံးစွဲသူ အထောက်အကူပြု စင်တာသို့ စာတိုက်မှ ပေးပို့ရမည်။

တစ်ဦးချင်း သို့မဟုတ် ကိုယ်စားလှယ်၏ အထောက်အထားကို အတည်ပြုခြင်း
တစ်ဦးချင်းထံမှ တောင်းဆိုမှုဖြစ်ပါက၊ ကုမ္ပဏီသည် ယာဉ်မောင်းလိုင်စင်၊ ပတ်စ်ပို့၊ ကျန်းမာရေးအာမခံကတ် သို့မဟုတ် တံဆိပ်တုံးမှတ်ပုံတင်လက်မှတ်ကဲ့သို့သော အသိအမှတ်ပြုစာရွက်စာတမ်းတစ်ခုမှ ၎င်းတို့၏အထောက်အထားကို စစ်ဆေးရမည် (ထိုသို့သောစာရွက်စာတမ်းတစ်ရပ်ရပ်သည် လက်ရှိတွင် တရားဝင်သက်တမ်းရှိရမည် သို့မဟုတ် လွန်ခဲ့သောသုံးလအတွင်း ထုတ်ပေးထားခြင်းဖြစ်ရမည်)။ ကုမ္ပဏီသည် ကုမ္ပဏီတွင် မှတ်ပုံတင်ထားသော တယ်လီဖုန်းနံပါတ်သို့ “ပြန်လည်ခေါ်ဆိုခြင်း” သို့မဟုတ် ထိုပုဂ္ဂိုလ်၏အမည်၊ လိပ်စာနှင့် တယ်လီဖုန်းနံပါတ်အပါအဝင် မှတ်ပုံတင်ထားသော အချက်အလက်များကို စစ်ဆေးခြင်းဖြင့် တစ်ဦးချင်း၏ အထောက်အထားကို အတည်ပြုမည်ဖြစ်သည်။
ကိုယ်စားလှယ်တစ်ဦးထံမှ တောင်းဆိုမှုဖြစ်ပါက၊ ကုမ္ပဏီသည် ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်လွှဲစာပေါ်တွင် ရိုက်နှိပ်ထားသော တံဆိပ်တုံးသည် ကိုယ်စားလှယ်ပိုင် ဖြစ်ကြောင်း သက်သေပြသည့် တံဆိပ်တုံးမှတ်ပုံတင်လက်မှတ်ကို အတည်ပြုမည် ဖြစ်သည်။ ကုမ္ပဏီသည် ကိုယ်စားလှယ်၏အထောက်အထားကို အတည်ပြုရန် တစ်ဦးချင်းထံသို့ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်မည်ဖြစ်သည်။

အခကြေးငွေများ
ကုမ္ပဏီသည် ကုမ္ပဏီမှထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ခြင်းအတွက် သုံးစွဲသူများထံမှ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိပါ။ သို့သော်၊ သုံးစွဲသူထံမှ ကုမ္ပဏီသို့ ဆက်သွယ်မှုများနှင့်သက်ဆိုင်သော ကုန်ကျစရိတ် များ၊ သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် ယခင်အပိုဒ်ပါ ကိုယ်ရေးကိုယ်တာ သက်သေခံရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ ပြင်ဆင်ရာတွင် သုံးစွဲသူမှ ကုန်ကျသောစရိတ်များကို သုံးစွဲသူမှ တာဝန်ယူရမည်။

တုံ့ပြန်မှု
လုပ်ထုံးလုပ်နည်းများ ပြီးဆုံးသည်နှင့်၊ ကုမ္ပဏီ၏ စာဖြင့်ရေးသားထားသော တုံ့ပြန်မှုကို စာတိုက်မှ ပေးပို့မည်ဖြစ်သည်။
လုပ်ထုံးလုပ်နည်းများသည် ပုံမှန်အားဖြင့် နှစ်ပတ်ခန့် ကြာမြင့်သည်ကို သတိပြုပါ။

(၄) ထိန်းသိမ်းထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ လုံခြုံရေးစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ထားသောအစီအမံများအသေးစိတ်အတွက်

အောက်ဖော်ပြပါ ကျွန်ုပ်တို့၏ အကူအညီပေးရေးဌာနများသို့ ဆက်သွယ်ပါ။

၇။ SBI Remit ၏ အကူအညီပေးရေးဌာနများ

ကိုယ်ရေးကိုယ်တာအချက်အလက်များ ကိုင်တွယ်ခြင်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများ၊ ဆွေးနွေးမှုများ သို့မဟုတ် တိုင်ကြားချက်များကို အောက်တွင်ဖော်ပြထားသော အကူအညီပေးရေးဌာနများသို့ လမ်းညွှန်သင့်ပါသည်

SBI Remit Co., Ltd. – သုံးစွဲသူအထောက်အကူပြုစင်တာ-
TEL : 03-5652-6759
ဂျပန်ဘာသာအတွက် / တာဂလော့ဘာသာအတွက် / တရုတ်ဘာသာအတွက် / အင်္ဂလိပ်ဘာသာအတွက် ကို နှိပ်ပါ


■ ဂျပန်ဘာသာအတွက် ၄ / တရုတ်ဘာသာအတွက် ၂
ဖွင့်ချိန်များ –
ရုံးဖွင့်ရက်များ 09:00-18:00 (JST)

■ တာဂလော့ဘာသာအတွက် ၁ / အင်္ဂလိပ်ဘာသာအတွက် ၃
ဖွင့်ချိန်များ –
ရုံးဖွင့်ရက်များ 08:00-22:00 (JST)
စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ 12:00-21:00 (JST)
(နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် ကုမ္ပဏီမှသတ်မှတ်ထားသော ရုံးပိတ်ရက်များမပါဝင်ပါ)

၈။ Cookies

ကုမ္ပဏီသည် မိမိတို့၏သုံးစွဲသူများအား ဝက်ဘ်ဆိုဒ်ကို ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်စေရန်အတွက် ၎င်း၏အချို့သော ဝက်ဘ်စာမျက်နှာများတွင် cookies ဟုခေါ်သော နည်းပညာကို အသုံးပြုပါသည်။ ကုမ္ပဏီသည် မိမိတို့၏ဝက်ဘ်ဆိုဒ်အား သုံးစွဲသူ၏ကွန်ပျူတာကို သိရှိနိုင်စေရန်နှင့် သုံးစွဲသူသည် မိမိတို့၏ဆိုဒ်သို့ နောက်တစ်ကြိမ်ဝင်ရောက်သည့်အခါ သတင်းအချက်အလက်များကို ထိန်းသိမ်းထားရန် cookies များကို အသုံးပြုပါသည်။ ကုမ္ပဏီသည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူရန် cookies များကို မည်သည့်အခါမျှ အသုံးပြုခြင်းမရှိပါ။

၉။ Google Inc. မှ ပံ့ပိုးပေးသော Attribute Information စသည်တို့ကို အသုံးပြုခြင်း

ကုမ္ပဏီ၏ ဝန်ဆောင်မှုများ အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် ကုမ္ပဏီ၏ သုံးစွဲသူများ အဆင်ပြေစေရန်အတွက် ကုမ္ပဏီသည် Google Inc. မှ ပံ့ပိုးပေးသော ဝက်ဘ်ဆိုဒ်များသို့ ဝင်ရောက်ကြည့်ရှုမှုကို ခွဲခြမ်းစိတ်ဖြာသည့် ဝန်ဆောင်မှုဖြစ်သော Google Analytics ကို အသုံးပြုပါသည်။ ကုမ္ပဏီသည် ၎င်းကို မိမိတို့၏ဝက်ဘ်ဆိုဒ်သို့ လာရောက်လည်ပတ်သူများ ကြည့်ရှုခဲ့သော စာမျက်နှာများဆိုင်ရာ သတင်းအချက် အလက်များကို ကိုယ်ရေးကိုယ်တာ ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ စုဆောင်းရန် အသုံးပြုပါသည်။
ထို့အပြင် ကုမ္ပဏီသည် Google Inc. ထံမှ အောက်ပါသတင်းအချက်အလက်များ (ဤမှနောင်တွင် “Attribute Information စသည်တို့” ဟု ရည်ညွှန်းခေါ်ဆိုမည်) ကို ရယူရန် Google Analytics ၏ နောက်ထပ်အင်္ဂါရပ် တစ်ခုကို အသုံးပြုပါသည်။
သုံးစွဲသူ၏ Google ၏ ကြော်ငြာဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် ကြည့်ရှုမှုမှတ်တမ်းမှ စာရင်းအင်းအရ ကောက်ချက်ချထားသော သုံးစွဲသူ၏ Attribute Information (အသက်၊ကျား/မ)၊ စိတ်ဝင်စားမှုများနှင့် အလေးထားသောအကြောင်းအရာများ။

*သုံးစွဲသူများသည် Google Inc. မှ စာရင်းအင်းအရ ကောက်ချက်ချထားသော attribute information ကို ပြောင်းလဲရန် Google Inc. ၏ Ad Settings သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
*ကုမ္ပဏီက Google Inc. ထံမှ ရရှိသည့် Attribute information တွင် တစ်ဦးချင်းစီကို ခွဲခြားသတ်မှတ်နိုင်သော သတင်းအချက်အလက်များ မည်သည့်အခါမျှ မပါဝင်ပါ။
*သုံးစွဲသူက Google Inc. ၏ ကြော်ငြာဝန်ဆောင်မှုများကို အသုံးမပြုပါက Attribute information ကို ရယူခြင်းမရှိပါ။

ကုမ္ပဏီနှင့် ပြင်ပဖြန့်ဖြူးသူများ (Google Inc. အပါအဝင်) သည် ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်သို့ လာရောက်လည်ပတ်သော သုံးစွဲသူများ၏ အရည်အချင်းများ၊ စိတ်ဝင်စားမှုများနှင့် အလေးထားသည့် အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာရန် first party cookies (ဥပမာ Google Analytics Cookies) နှင့် အခြားသော first party ခွဲခြားသတ်မှတ်မှုများနှင့် third party cookies (ဥပမာ DoubleClick Cookies) သို့မဟုတ် အခြားသော third party ခွဲခြားသတ်မှတ်မှုများ၏ ပေါင်းစပ်မှုကို အသုံးပြုပါသည်။ ကုမ္ပဏီသည် အုပ်စုကုမ္ပဏီများမှ ကြော်ငြာများဖြန့်ဝေရာတွင် အသုံးပြုရန်အတွက် သုံးစွဲသူများ၏ ကြော်ငြာကြည့်ရှုမှု၊ ကလစ်မှတ်တမ်းနှင့် SBI အုပ်စုမဟုတ်သော ဝက်ဘ်ဆိုဒ်များကို အသုံးပြုမှုဆိုင်ရာ အချက်အလက်များကိုလည်း ရယူပါသည်။

သင်သည် ကုမ္ပဏီအား Google Analytics အသုံးပြုမှုမှတစ်ဆင့် attribute information ကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိစေလိုပါက၊ ကျေးဇူးပြု၍ အောက်ဖော်ပြပါ URL ကို လိုက်နာ၍ ရပ်ဆိုင်းပါ။
https://tools.google.com/dlpage/gaoptout

 

ဤဘာသာပြန်ဆိုချက်သည် သုံးစွဲသူများ နားလည်သိရှိစေရန်အတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ဤဘာသာပြန်ဆိုချက်နှင့် ဂျပန်ဘာသာမူရင်းစာသားတို့အကြား ကွဲလွဲမှုရှိပါက ဂျပန်ဘာသာမူရင်းစာသား၏ အကြောင်းအရာသည်သာ အတည်ဖြစ်သည်။

  • သြဂုတ် ၂၇၊ ၂၀၂၅