သတင်းအချက်အလက်
/Campaigns

2020/12/25

Deposit Card အသစ်ထုတ်လုပ်မှု စတင်ခြင်းနှင့်ပတ်သက်၍

SBI Remitနိုင်ငံတကာငွေလွှဲ၀န်ဆောင်မှုကို အစဥ်အမြဲအသုံးပြုသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

 

SBI Remitကို 2010ခုနှစ်မှစ၍တည်‌ထောင်ပြီးနောက် ဧည့်သည်များ ယုံကြည်၊စိတ်ချစွာဖြင့် နိုင်ငံတကာသို့ငွေလွှဲပို့နိုင်အောင် ၀န်ဆောင်မှုပေးလျက် ရှိပါသည်။

10နှစ်ပြည့် နှစ်ပတ်လည်နှင့်အတူဧည့်သည်များ၏အသုံးပြုမှုပိုမိုလွယ်ကူစေရန် ရည်ရွယ်၍ ထပ်မံပြီး 「Deposit Card」အသစ်ထုတ်လုပ်မှုကို ကြေညာ မိတ်ဆက်‌ပေးပါရစေ။ 「Deposit Card」 သည် ဂျပန်နိုင်ငံ၏‌‌ဖော်ရွေပျူငှာသောယဥ်ကျေးမှုဒီဇိုင်းပုံစံဖြင့် ပြုလုပ်ထားပြီး ယခုအချိန်ထိ အင်တာနက်ငွေလွှဲမှုတွင် Furikomiငွေလွှဲမှု၊ Convenience စတိုးဆိုင်မှတဆင့် ငွေထည့်ပြီးမှ ငွေလွှဲနိုင်သည်ကို ယခုအခါ 「Deposit Card」ကိုအသုံးပြုနိုင်ပြီး စာတိုက်ဘဏ်ATMတွင် လွယ်ကူစွာ ငွေထည့်၍ အင်တာနက်မှတဆင့် ငွေလွှဲနိုင်တော့မည်ဖြစ်ပါသည်။

「Deposit Card」ကို ဆက်လက်ပြီး ဒီထက်ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန်အတွက်လည်း လုပ်ဆောင်လျက်ရှိပါသည်။

 

【အားသာချက်များ】

  • ・ ဂျပန်တစ်နိုင်ငံလုံးရှိ 「စာတိုက် ATMဘဏ်」တွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ・ ရုံးဖွင့်ရက်များသာမက စနေတနင်္ဂနွေတွင်လည်း ငွေထည့်နိုင်ပြီး အနည်းဆုံး 15မိနစ်အကြာတွင်
    အင်တာနက်ငွေလွှဲအကောင့်ထဲသို့ ငွေ၀င်သည်ကို စစ်ဆေးနိုင်မည်ဖြစ်ပါသည်။
  • ・ 「Deposit Card」တစ်ကတ်တည်းဖြင့် ငွေလက်ခံသူ အကန့်အသတ်မရှိ ငွေလွှဲလို့ရပါသည်။
  • ・ 「Deposit Card」ထုတ်ပေးမှုမှာ အခမဲ့ ဖြစ်ပါသည်။

depositcard

  • ・ ဂျပန်တစ်နိုင်ငံလုံးရှိ 「စာတိုက် ATMဘဏ်」တွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • ・ ရုံးဖွင့်ရက်များသာမက စနေတနင်္ဂနွေတွင်လည်း ငွေထည့်နိုင်ပြီး အနည်းဆုံး 15မိနစ်အကြာတွင် အင်တာနက်ငွေလွှဲအကောင့်ထဲသို့ ငွေ၀င်သည်ကို စစ်ဆေးနိုင်မည်ဖြစ်ပါသည်။
  • ・ 「Deposit Card」တစ်ကတ်တည်းဖြင့် ငွေလက်ခံသူ အကန့်အသတ်မရှိ ငွေလွှဲလို့ရပါသည်။
  • ・ 「Deposit Card」ထုတ်ပေးမှုမှာ အခမဲ့ ဖြစ်ပါသည်။

 

depositcard

 

【သတိပြုရမည့်အချက်များ】

  • ・ငွေထည့်ကတ်(သီးသန့်)ဖြစ်သောကြောင့် ငွေလွှဲရန်အတွက်မှာ အခြားသော အသုံးပြုနည်းလိုအပ်ပါသည်။
  • ・ATMတွင် ငွေထည့်နိုင်သည့် ငွေပမာဏကန့်သတ်ချက်မှာ စာတိုက် ATMဆိုလျှင် 1ကြိမ်ငွေထည့်နိုင်သည့်ပမာဏမှာ ယန်း သောင်း 200, ငွေသားစက္ကူ အရေအတွက် 200 ရွက်အတွင်းသာ (အချို့စက်များတွင် ယန်းသောင်း 100, ငွေသားစက္ကူ အရေအတွက် 100 ရွက်အတွင်း)ဖြစ်ပါသည်။ ထည့်ငွေမှာ ယန်း၁ထောင် ယူနစ်နှင့် ငွေသားစက္ကူသာ ထည့်နိုင်မည်ဖြစ်ပြီး အကြွေစေ့မထည့်နိုင်ပါ။
  • ・ငွေထည့်သည့်၀န်ဆောင်ခမှာ ထည့်ငွေပမာဏ‌ပေါ်မူတည်ပြီး ကွာခြားပါသည်။

 

ထည့်ငွေပမာဏ ငွေထည့်၀န်ဆောင်ခ
ယန်း 5သောင်းထိ ယန်း 330
ယန်း 200သောင်းထိ ယန်း 500
ထည့်ငွေပမာဏ ငွေထည့်၀န်ဆောင်ခ
ယန်း 5သောင်းထိ ယန်း 330
ယန်း 200သောင်းထိ ယန်း 500

 

【လျှောက်ပုံလျှောက်နည်း】

「Deposit Card」ထုတ်ယူရန်ဆန္ဒရှိပါက SBI Remit၏ Home Pageမှ Member Site ထဲသို့၀င်ပြီး Memberအချက်အလက်၏ DEPOSIT CARD အသုံးပြုမှုနေရာတွင် 【အသုံးမပြု】မှ 【အသုံးပြု】 ကို မိမိကိုယ်တိုင် ပြောင်းလဲလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

ပြောင်းလဲလုပ်ဆောင်ပြီးပါက 「Deposit Card」သည် Member Register ပြုလုပ်ထားသော လိပ်စာသို့ (၂)ပတ်အတွင်း စာတိုက်မှတဆင့် ပေးပို့ပေးမည်ဖြစ်ပါသည်။

ထို့အပြင် နှစ်ကုန်နှစ်သစ်ပိတ်ရက် 12/23(wed) ~1/4(Mon)တွင် လုပ်ဆောင်ထားသော ကတ်များ၏စတင်ပို့ဆောင်မှုမှာ ပုံမှန်ထက် နောက်ကျပြီးမှ ကတ်ရောက်မည်ဖြစ်သောကြောင့် အချိန်အနည်းငယ်စောင့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

နားမလည်သော အချက်များရှိပါက စိတ်ပေါ့ပါးစွာဖြင့်SBI Remit Customer Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

*********************************************

SBI Remit Customer Center
03-5652-6759
ဖြေဆိုသည့်အချိန် (ရုံးဖွင့်ရက်) 9:00 – 18:00 (စနေနေ့၊တနင်္ဂနွေ၊အနီပိတ်ရက်) 10:00 – 18:00
*နှစ်ကုန်နှစ်သစ် ပိတ်ရက်နှင့် သတ်မှတ်ထားသော ပိတ်ရက်များမှ လွဲ၍
www.remit.co.jp

************************

SBI Remit Customer Center
03-5652-6759
ဖြေဆိုသည့်အချိန် (ရုံးဖွင့်ရက်) 9:00 – 18:00
(စနေနေ့၊တနင်္ဂနွေ၊အနီပိတ်ရက်) 10:00 – 18:00
*နှစ်ကုန်နှစ်သစ် ပိတ်ရက်နှင့် သတ်မှတ်ထားသော ပိတ်ရက်များမှ လွဲ၍
www.remit.co.jp

သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်