သတင်းအချက်အလက်
/Campaigns

2021/03/01

မြန်မာနိုင်ငံသို့ငွေလွှဲပို့၀န်ဆောင်မှု ပြန်လည်စတင်ခြင်းနှင့်ပတ်သက်ပြီးအကြောင်းကြားခြင်း

SBI REMIT၏ နိုင်ငံတကာ ငွေလွှဲ၀န်ဆောင်မှုကို အစဉ်အမြဲအသုံးပြုလျက်ရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

 

အထက်ဖော်ပြပါ ခေါင်းစဥ်အရ မြန်မာနိုင်ငံသို့ ငွေလွှဲခြင်းကို ခေတ္တရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁ရက်(တနလာ်နေ့)မှ ငွေလွှဲ၀န်ဆောင်မှုတစိတ်တပိုင်းအား ပြန်လည်စတင်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ငွေလွှဲ၀န်ဆောင်မှုပြန်လည်စတင်ခြင်းမှာ မြန်မာနိုင်ငံတွင်း ရှုပ်ထွေးသောအခြေအနေများအရ ငွေမလွှဲမီအောက်ပါအချက်အလက်များကို ကျေးဇူးပြု၍ သတိပြု နားလည်ပြီးမှ အသုံးပြု ပေးစေလိုပါသည်။

 

သတိပြုမည့်အချက်များ

  • – CB Bankတခုတည်းသာ ငွေလွှဲနိုင်ပါသည်။
  • – ငွေလွှဲထုတ်ယူနိုင်သည်မှာ CB Bankဘဏ်ခွဲများ၏ ATM များတွင်သာငွေထုတ်ယူနိုင်ပါသည်။
  • – ထို့နောက် ATM တွင် အများဆုံးငွေထုတ်ယူနိုင်သည့် ပမာဏနှင့် အကြိမ်အရေအတွက်ကို မြန်မာနိုင်ငံရှိ CB Bank ဖေ့စ်ဘွတ်များ (သို့မဟုတ်) ကြေညာချက်များတွင် စုံစမ်းနိုင်ပါသည်၊
  • – လက်ရှိ မြန်မာပြည်တွင်းအခြေအနေအရ ဘဏ်များမဖွင့်ခြင်း ငွေလွှဲထည့်ပေးသည့် ဘဏ်၀န်ထမ်းမရှိခြင်းကြောင့် ATM တွင်ငွေထုတ်ယူမှုအနည်းငယ်ကြာနိုင်သည်ကို နားလည်ပေးစေလိုပါသည်။
  • – ငွေသားဖြင့်ထုတ်ယူသည့် Money Gram ငွေလွှဲ၀န်ဆောင်မှုနှင့် CB Bank မှ တဆင့်လွှဲသော တခြားဘဏ်များသို့ ငွေလွှဲခြင်းများသည် ငွေလက်ခံထုတ်ယူသော ဘဏ်များပိတ်ထားခြင်းကြောင့် ခေတ္တရပ်ဆိုင်းထားပါသည်။ 【Register လုပ်ထားပြီးဖြစ်သော CBဘဏ်မဟုတ်သည့် အခြားဘဏ်၏ငွေလက်ခံသူကို ရွေးချယ်သည့်အခါ (ငွေလွှဲပို့မည်ဘဏ်နာမည်ကိုရေးပေးပါ)ဟု Error စာတမ်း ပေါ်လာမည်ဖြစ်ပါသည်။】
သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်