သတင်းအချက်အလက်
/Campaigns

2022/01/18

မြန်မာနိုင်ငံသို့ ဘဏ်အကောင့်တိုက်ရိုက်ငွေလွှဲ၀န်ဆောင်မှုဖြစ်သည့် CB Bankမှတဆင့် အခြားဘဏ်များသို့ ငွေလွှဲ၀န်ဆောင်မှု ပြန်လည်စတင်ခြင်း

SBI REMIT၏ နိုင်ငံတကာ ငွေလွှဲ၀န်ဆောင်မှုကို အစဉ်အမြဲအသုံးပြုလျက်ရှိသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

 

အထက်ဖော်ပြပါ ခေါင်းစဥ်အရ ဘဏ်အကောင့်တိုက်ရိုက်ငွေလွှဲဖြစ်သည့် CB Bankမှတဆင့် အခြားဘဏ်များသို့ ငွေလွှဲ၀န်ဆောင်မှုကို အောက်ပါအတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။

 

【ပြန်လည်စတင်မည့်ရက်စွဲ】

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၈ရက် (အဂ်ါနေ့)

【သက်ဆိုင်သူ】

 တဦးချင်းငွေလွှဲသူများ နှင့် စီးပွား‌ရေးလုပ်ငန်းငွေလွှဲသူများ

【ငွေလွှဲနိုင်သောဘဏ်များ】

 CB Bank နှင့် အခြားသောပြည်တွင်းဘဏ်များအားလုံး

 

【သတိပြုပေးပါရန်】

CB Bankမှတဆင့် အခြားဘဏ်များသို့ ငွေလွှဲခြင်းအတွက် CB Bankမှ ပြည်တွင်းဘဏ်သို့ငွေလွှဲ၀န်ဆောင်ခ မြန်မာကျပ်ငွေ ၁,၀၀၀ကျပ်နှင့် ငွေလွှဲလက်ခံသောဘဏ်မှ ငွေလွှဲပမာဏအလိုက် ပြည်တွင်းငွေလွှဲ၀န်ဆောင်ခကို လက်ခံရရှိသောကျပ်ငွေမှ နုတ်ယူမည် ဖြစ်ပါသည်။

 

မြန်မာပြည်တွင်းမှ နုတ်ယူသည့် ပြည်တွင်းငွေလွှဲ၀န်ဆောင်ခသည် ဂျပန်မှ ငွေလွှဲပြီးနောက် SBI Remitမှပေးပို့သည့် အီးမေးလ် သို့မဟုတ် WEB Screenပေါ်တွင် ဖော်ပြထားသော လက်ခံရရှိမည့် မြန်မာကျပ်ငွေ ပမာဏထဲတွင် မပါဝင်ပါသောကြောင့် ကျေးဇူးပြု၍ ကြိုတင်သတိပြုပေးစေလိုပါ သည်။

 

【ရည်ညွှန်းချက်】

လစဉ်အများဆုံးငွေလွှဲနိုင်သည့်ပမာဏ ယန်းသောင်း၁၀၀ နှင့်ညီမျှသောပမာဏ

 

နားမလည်သောအချက်များရှိခဲ့ပါက SBI REMIT Customer Centerသို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

*********************************************

SBI Remit Customer Center

SBI Remit Myanmar

 +81 8040852275,+81 8040970792,+95 9955808729(Viber Ok)

ရုံးဖွင့်ရက် – 10:30-20:30 စနေ၊တနင်္ဂနွေ၊အနီရက် – 10:30-20:30

※နှစ်သစ်ကူးပိတ်ရက်၊ ကုမ္ပဏီသတ်မှတ်ပိတ်ရက်မှအပ

************************

************************

SBI Remit Customer Center

SBI Remit Myanmar

 +81 8040852275,

 +81 8040970792,

 +95 9955808729(Viber Ok)

ရုံးဖွင့်ရက် – 10:30-20:30

စနေ၊တနင်္ဂနွေ၊အနီရက် – 10:30-20:30

※နှစ်သစ်ကူးပိတ်ရက်၊ ကုမ္ပဏီသတ်မှတ်ပိတ်ရက်မှအပ

************************

သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်