သတင်းအချက်အလက်
/Campaigns

2024/03/28

အများဆုံးငွေလွှဲပမာဏပြောင်းလဲခြင်းကို အသိပေးအကြောင်းကြားအပ်ပါသည်။

SBI Remitနိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုသည့်အတွက်ကျေးဇူးအထူးတင်ရှိပါသည်။

ဖော်ပြပါအကြောင်းအရာနှင့်ပတ်သက်၍ အများဆုံးငွေလွှဲပမာဏပြောင်းလဲခြင်းကို အသိပေးအကြောင်းကြားအပ်ပါသည်။

Member တဦးချင်း၏ ငွေလွှဲပမာဏအများဆုံးမှာ အောက်ပါအတိုင်းဖြစ်ပါသဖြင့် သတိပြုပေး‌ပါ။

Corporateအဖွဲ့ဝင်များအတွက် အပြောင်းအလဲမရှိပါ။

 

1.ငွေလွှဲနှင့်ပတ်သက်၍

ယခုမှစ၍ လစဥ်အများဆုံးလွှဲနိုင်သော ငွေပမာဏကို တနှစ်အတွင်းလွှဲနိုင်သောငွေပမာဏအဖြစ် ပြောင်းလဲသတ်မှတ်မည်ဖြစ်ပါသည်။

(၁)ကြိမ်အများဆုံးငွေလွှဲနိုင်သောပမာဏမှာ အခြေခံအားဖြင့် USD$10,000 နှင့်ညီမျှသော ပမာဏဖြစ် ပါသည်။ တနည်းအားဖြင့် ယန်းသောင်း၁၀၀ အတွင်းသာြဖစ်ပါသည်။

အခြေခံအားဖြင့် (၁)နှစ်အတွင်း အများဆုံးလွှဲနိုင်သော ငွေပမာဏမှာ ယန်း သောင်း ၅၀၀ အထိဖြစ်ပါ သည်။ အခြေခံအနေဖြင့် ထိုငွေလွှဲပမာဏ၏ (၁)နှစ်အတွင်းဆိုသည်မှာ ငွေလွှဲလုပ်ဆောင်သော ဂျပန်နိုင်ငံ ပြက္ခဒိန်အတိုင်း တွက်ချက်မည်ဖြစ်ပါသည်။

ငွေလွှဲအကြိမ်အရေအတွက်မှာ ယခင်အတိုင်း လစဥ်တွက်ချက်ပြီး ပြောင်းလဲခြင်းမရှိပါ။

※အခြားသော စစ်ဆေးချက်များပေါ်မူတည်၍ ကန့်သတ်ချက်များ သတ်မှတ်နိုင်ပါသည်။

※ငွေလက်ခံထုတ်ယူမည့်နိုင်ငံပေါ်မူတည်၍ ၁ကြိမ်အများဆုံးငွေလွှဲပမာဏ၊ ငွေလက်ခံထုတ်ယူသူ၏ အသက်ကန့်သက်ချက်နှင့် လိုအပ်သော အထောက်အထားစာရွက်များပေါ်မူတည်၍ ကွာခြားနိုင်ပါ သည်။ ကျေးဇူးပြု၍ အသေးစိတ်အချက်အလက်များကို ငွေလက်ခံသူထုတ်ယူသည့် နေရာ၊‌ဒေသ (ဘဏ်၊ MoneyGram Agent Bank)များတွင် ကြိုတင်စစ်ဆေးပါ။

 

၂.ငွေလက်ခံထုတ်ယူခြင်းနှင့်ပတ်သက်၍

အခြေခံအားဖြင့် (၁)ကြိမ်ထုတ်ယူနိုင်သောပမာဏမှာUSD$10,000 နှင့်ညီမျှသော ပမာဏဖြစ် ပါသည်။ တနည်းအားဖြင့် ယန်းသောင်း၁၀၀ အတွင်းသာြဖစ်ပါသည်။

လစဥ်၊ နှစ်စဥ် ထုတ်ယူနိုင်သော ငွေပမာဏ ကန့်သတ်ချက်မရှိပါ။

※ငွေလက်ခံထုတ်ယူသော အသေးစိတ်အချက်အလက်နှင့်ပတ်သက်၍ အတည်ပြုသည့်အခါလည်း ရှိပါသဖြင့် ကြိုတင်နားလည်ပေးစေလိုပါသည်။

 

၃. ‌ပြောင်းလဲမည့်ရက်

၂၀၂၄ခုနှစ်၊ ၃လပိုင်း၊ ၂၈ ရက် (ကြာသပတေးနေ့)

 

အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ SBI Remit Customer Center သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

*********************************************

SBI Remit Customer Center

  +81 8040852275, +81 8040970792 (Viber)

SBI Remit Myanmar

မြန်မာဘာသာ

ရုံးဖွင့်ရက် – 10:30-20:30 စနေ၊တနင်္ဂနွေ၊အနီရက် – 10:30-19:30

※နှစ်သစ်ကူးပိတ်ရက်၊ ကုမ္ပဏီသတ်မှတ်ပိတ်ရက်မှအပ

************************

SBI Remit Customer Center

 +81 8040852275 (Viber Ok)

 +81 8040970792 (Viber Ok)

SBI Remit Myanmar

မြန်မာဘာသာ

ရုံးဖွင့်ရက် – 10:30-20:30

စနေ၊တနင်္ဂနွေ၊အနီရက် – 10:30-19:30

※နှစ်သစ်ကူးပိတ်ရက်၊ ကုမ္ပဏီသတ်မှတ်ပိတ်ရက်မှအပ

သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်