မှတ်ပုံတင်နည်း
( ပို့ဆောင်မှု / ငွေလက်ခံမည့်သူ ID ဝန်ဆောင်မှုများ မရရှိနိုင်သည့် နေရာများရှိ customer များအတွက်)

ဤလမ်းညွှန်ချက်သည် မှတ်ပုံတင်လိုသော်လည်း Sagawa Express ၏ “ပို့ဆောင်မှု / ငွေလက်ခံမည့်သူ ID ဝန်ဆောင်မှု” မရရှိနိုင်သည့် နေရာများတွင် နေထိုင်သော customer များအတွက် ဖြစ်သည်။

1 Member အဖြစ် မှတ်ပုံတင်ခြင်း (အခမဲ့)

Member အဖြစ်မှတ်ပုံတင်ခြင်းကို Member အဖြစ်မှတ်ပုံတင်ခြင်းစာမျက်နှာမှ ဆောင်ရွက်နိုင်သည်။ သင်၏လိပ်စာအတွက် “ကျွန်ုပ်၏ zip ကုတ်ကိုမသိပါ” အားရွေးချယ်ပြီးနောက် လိပ်စာကို အသံထွက်အတိုင်း အင်္ဂလိပ်အက္ခရာဖြင့် ဖြည့်သွင်းပါ။
စာရွက်စာတမ်းများပေးပို့ရန် နှစ်သက်ရာရက်စွဲနှင့်အချိန်တွင် “မသတ်မှတ်ပါ” ကိုရွေးချယ်ပါ။ *နှစ်သက်ရာ ရက်စွဲနှင့်အချိန်ကို ထည့်သွင်း၍မရနိုင်ပါ။

2 ကိုယ်ရေးအထောက်အထားစာရွက်စာတမ်းများ
(သင်၏သက်သေခံအားအတည်ပြုရန် လိုအပ်သော) ကို စာတိုက်မှပေးပို့ရန် တောင်းဆိုအပ်ပါသည်

သင်၏သက်သေခံစာရွက်စာတမ်းများနှင့် သင်၏မှတ်ပုံတင်ထားသော အီးမေးလ်လိပ်စာ၊ အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ရန်တယ်လီဖုန်းတို့ကို ဖော်ပြပါ။

မေးလ်ဖြင့် စာရွက်စာတမ်းများပေးပို့ရန်လိပ်စာ

သို့ SBI Remit Co. Ltd.
4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo
မိမိကိုယ်တိုင်လိပ်မူထားသော ပေးထားသည့် အကြောင်းပြန်စာအိတ်ကို အသုံးပြုပါ (တံဆိပ်တုံးမလိုအပ်ပါ)

သင်၏ မှတ်ပုံတင်ထားသော အီးမေးလ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့ကို သက်သေခံစာရွက်စာတမ်းများနှင့်အတူ ပေးပို့ကြောင်း သေချာပါစေ။

ရက်အနည်းငယ်မှ ရက်သတ္တပတ်တစ်ပတ်ဝန်းကျင်

3 သင်၏ Welcome Pack အားပေးပို့ခြင်း

အခြေခံမှတ်ပုံတင်ထားသောမေးလ် သို့မဟုတ် လုပ်ငန်းပက်ခ်အနေဖြင့် သင်၏ Welcome Pack (သင်၏ယာယီအကောင့်ဝင်ခြင်းနှင့် စကားဝှက်များအပါအဝင် ငွေလွှဲပို့ခြင်းလုပ်ဆောင်ရန်လိုအပ်သော စာရွက်စာတမ်းများ) ကို ကျွန်ုပ်တို့ပေးပို့ပေးမည်ဖြစ်ပါသည်။

4 ကနဦးအကောင့်ဝင်ခြင်း

နိုင်ငံတကာသို့ငွေလွှဲပို့ခြင်းများဆိုင်ရာ ကျွန်ုပ်တို့၏စည်းမျဥ်းစည်းကမ်းများကို သင်ဖတ်ရှုပြီးကြောင်း အတည်ပြုကာ သင်၏ငွေလွှဲပို့ခြင်းစကားဝှက်ကို သတ်မှတ်ထားရှိပြီး အီးမေးလ်များ အစရှိသည်တို့ လက်ခံရရှိကြောင်း အတည်ပြုရန် လိုအပ်ပါသည်။

5 ဝန်ဆောင်မှုများကို စတင်အသုံးပြုခြင်း

*အထက်ဖော်ပြပါလုပ်ငန်းစဥ်များကို ပြီးမြောက်သော်လည်း လျှောက်ထားမှုများကို ကျွန်ုပ်တို့လက်မခံနိုင်သည့်အခြေအနေများ ရှိပါသည်။

စုံစမ်းရန်-   
SBI Remit Customer Support Center

အီးမေးလ်  – support@remit.co.jp

စုံစမ်းမေးမြန်းနိုင်သောအချိန် (တနင်္လာမှ သောကြာ) 10:30–23:30
(စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ) 10:30–20:30
(နှစ်ကူးနှင့် SBI Remit မှသတ်မှတ်ထားသော အားလပ်ရက်များမပါ)

SBI Remit Co. Ltd.
4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo