ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းများ (SBI Remit NEOBANK အဖွဲ့ဝင်များသာ) ထံသို့ ကိုယ်ရေးကိုယ်တာအချက်အလက်များပေးအပ်ခြင်း (SBI Remit/DOCOMO SMTB Net Bank/ ကြီးကြပ်ရေးအဖွဲ့အစည်းတစ်ရပ် နှင့်/သို့မဟုတ် မှတ်ပုံတင်ထားသော ပံ့ပိုးမှုပေးသည့်အဖွဲ့အစည်းတစ်ရပ်၊ စသည်တို့။)
သို့ SBI Remit Co., Ltd.
SBI Remit Co., Ltd. (“SBI Remit”) မှ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို DOCOMO SMTB Net Bank, Inc. (“DOCOMO SMTB Net Bank”) သို့မဟုတ် ကြီးကြပ်ရေးအဖွဲ့အစည်းတစ်ရပ်၊ စသည်တို့ (ဤမှနောင်တွင် နိုင်ငံခြားသား နည်းပညာအလုပ်သင်သင်တန်းသားများ သို့မဟုတ် နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားများကို ပံ့ပိုးမှုပေးသည့်ကြီးကြပ်ရေးအဖွဲ့အစည်းတစ်ရပ် သို့မဟုတ် မှတ်ပုံတင်ထားသော ပံ့ပိုးမှုပေးသည့်အဖွဲ့အစည်းတစ်ရပ်၊ နှင့်အလားတူအဖွဲ့အစည်းများကို ရည်ညွှန်းသည်) နှင့် အခြားသော အဖွဲ့အစည်းများထံသို့ အောက်ပါအတိုင်း ပေးအပ်မည်ကို သဘောတူလက်ခံပါသည်။
၁။ DOCOMO SMTB Net Bank သို့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပံ့ပိုးပေးခြင်း
၁- ကိုယ်ရေးကိုယ်တာအချက်အလက်များလက်ခံရယူမည့် ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်း
(၁) DOCOMO SMTB Net Bank
၂- ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းမှ အောက်ပါရည်ရွယ်ချက်များ အတွက် အသုံးပြုသွားမည်ဖြစ်သည် –
(၁) DOCOMO SMTB Net Bank (SBI Remit Branch) တွင် အပ်ငွေစာရင်း (deposit account) ဖွင့်လှစ်ရန်၊
(၂) DOCOMO SMTB Net Bank (SBI Remit Branch) ရှိ ငွေစာရင်းကို စာရင်းဖွင့်လှစ်ပြီးနောက် စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ဆောင်မှုသုံးစွဲသူ၏ စုံစမ်းမေးမြန်းမှုများကို ဖြေကြားနိုင်ရန်အလို့ငှာ SBI Remit NEOBANK ထံသို့ အချက်အလက်များပေးအပ်ရန်၊
(၃) ဝန်ဆောင်မှုသုံးစွဲသူများနှင့်ချုပ်ဆိုထားသော စာချုပ်စာတမ်းများအရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ အခွင့်အရေးများကိုကျင့်သုံးရန်နှင့် သတ်မှတ်ထားသည့်တာဝန် ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်၊
(၄) ငွေသွင်း/ငွေထုတ်ဆောင်ရွက်ချက် (transaction) အမျိုးမျိုးကို ပယ်ဖျက်ရန် သို့မဟုတ် ကန့်သတ်ရန်နှင့် transaction များရပ်စဲပြီးနောက် ဖြစ်ပေါ်လာသည့် ပြဿနာများကို စီမံခန့်ခွဲရန်။ နှင့်
(၅) အထက်ဖော်ပြပါ အကြောင်းအရာများနှင့်သက်ဆိုင်သော အခြားရည်ရွယ်ချက်များ။
၃- ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းထံ ပေးအပ်သွားမည့်အချက်အလက်များ
(၁) အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်
(၂) စာတိုက်အမှတ်နှင့် နေရပ်လိပ်စာ
(၃) ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း
(၄) ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ
(၅) ဝန်ဆောင်မှုသုံးစွဲသူ၏ကုဒ်နံပါတ်
(၆) အလုပ်အကိုင်
(၇) ဝန်ဆောင်မှုသုံးစွဲသူမှအလုပ်လုပ်ကိုင်သည့်ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူအား ကြီးကြပ်သည့် အဖွဲ့အစည်း စသည်တို့၊
(၈) SBI Remit ၏ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုသုံးစွဲသူမှ အသုံးပြုမှုအခြေအနေ၊ နှင့်
(၉) SBI Remit မှ အထောက်အထားနှင့် ဝိသေသလက္ခဏာများ စသည်တို့ကို အတည်ပြုစစ်ဆေးရာမှ ရရှိလာသော သတင်းအချက်အလက်များ။
၂။ ကြီးကြပ်သည့်အဖွဲ့အစည်းနှင့် မှတ်ပုံတင်ထားသောပံ့ပိုးမှုပေးသည့်အဖွဲ့အစည်းများ စသည်တို့ထံသို့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပံ့ပိုးပေးခြင်း
၁- ကိုယ်ရေးကိုယ်တာအချက်အလက်များလက်ခံရယူမည့် ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းများ
(၁) ဝန်ဆောင်မှုသုံးစွဲသူအားကြီးကြပ်သည့်အဖွဲ့အစည်းစသည်တို့၊
(၂) ဝန်ဆောင်မှုသုံးစွဲသူများအတွက် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လမ်းညွှန်မှုနှင့် ပံ့ပိုးရေးဝန်ဆောင်မှုများကဲ့သို့သော ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံခြားသား နည်းပညာအလုပ်သင် သင်တန်းသားများ သို့မဟုတ် နိုင်ငံခြားသားကျွမ်းကျင်လုပ်သားများကို လက်ခံသည့် ဝန်ဆောင်မှုများ ကို ဆောင်ရွက်နေပြီး၊ ဝန်ဆောင်မှုသုံးစွဲသူအားကြီးကြပ်သည့်အဖွဲ့အစည်းများမှ အပ်နှင်းထားသည့် အဖွဲ့အစည်းများ (ကုမ္ပဏီများနှင့် အသင်းအဖွဲ့များ အပါအဝင်)။
(၃) ဝန်ဆောင်မှုသုံးစွဲသူအားကြီးကြပ်သည့်အဖွဲ့အစည်းနှင့်ဖက်စပ်ဆောင်ရွက်နေပြီး၊ အသက်မွေး- ဝမ်းကျောင်းဆိုင်ရာ လမ်းညွှန်မှုနှင့် ပံ့ပိုးရေးဝန်ဆောင်မှုများကဲ့သို့သော ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံခြားသားနည်းပညာအလုပ်သင်သင်တန်းသားများ သို့မဟုတ် နိုင်ငံခြားသား ကျွမ်းကျင် လုပ်သားများကိုလက်ခံသည့် ဝန်ဆောင်မှုများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ (ကုမ္ပဏီများနှင့် အသင်းအဖွဲ့များ အပါအဝင်)။
(၄) ဝန်ဆောင်မှုသုံးစွဲသူမှအလုပ်လုပ်ကိုင်သည့်ကုမ္ပဏီ။
၂- ကိုယ်ရေးကိုယ်တာအချက်အလက်ရရှိသည့် ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းများမှ ၎င်းတို့အား အသုံးပြုရခြင်း၏
ရည်ရွယ်ချက်-
(၁) ဝန်ဆောင်မှုသုံးစွဲသူမှအလုပ်လုပ်ကိုင်သည့်ကုမ္ပဏီသို့ ဝန်ဆောင်မှုသုံးစွဲသူမှ လစာငွေစာရင်းများ တင်ပြရာတွင် ဝန်ဆောင်မှုသုံးစွဲသူအား ကူညီပေးရန်၊ နှင့်
(၂) အထက်ပါအကြောင်းအရာနှင့် သက်ဆိုင်သော အခြားရည်ရွယ်ချက်များအတွက်။
၃- ပြင်ပလူပုဂ္ဂိုလ်/အဖွဲ့အစည်းများထံ ပေးအပ်သွားမည့်အချက်အလက်များ
(၁) အမည်၊
(၂) မွေးသက္ကရာဇ်
(၃) DOCOMO SMTB Net Bank (SBI Remit Branch) တွင် ဝန်ဆောင်မှုသုံးစွဲသူမှ ဖွင့်လှစ်ထားသော အပ်ငွေစာရင်း (deposit account)နှင့် ပတ်သက်သော အောက်ပါအချက်အလက်များ- စာရင်းဖွင့်လှစ်သည့်ရက်စွဲ၊ ဘဏ်အမည်၊ ဘဏ်ခွဲအမည်၊ စာရင်းအမျိုးအစား၊ စာရင်းနံပါတ်နှင့် စာရင်းအမည်။
နိဂုံး။



