FAQ (အပ်ငွေ/ပြေစာ)
ငွေလက်ခံမယ့်သူက လွှဲပို့လိုက်တဲ့ငွေတွေကို လက်ခံရယူပြီး၊ မပြီး ဘယ်လိုစစ်ဆေးနိုင်ပါသလဲ။
၀က်ဆိုဒ်အကောင့်၀င်ပြီးနောက် ငွေလွှဲတောင်းဆိုစာရင်း တွင်ရှိသော ငွေလွှဲပို့ထားသော အခြေအနေကိုစစ်ဆေးပါ။
လက်ခံထုတ်ယူနည်းမှာ「လက်ငင်းငွေသားထုတ်ယူနည်း(cash pick up)」ဖြစ်ပါက ငွေလွှဲထားသောအခြေအနေသည် (လက်ခံထုတ်ယူပြီး) ဟုဖော်ပြပါက ငွေလက်ခံသူသည် လက်ခံထုတ်ယူပြီးဖြစ်ပါသည်။
လက်ခံထုတ်ယူနည်းမှာ 「ဘဏ်အကောင့်တိုက်ရိုက်ငွေထုတ်ယူနည်း(Bank Direct,Account Deposit)」 ဖြစ်ပါက 「လက်ခံထုတ်ယူပြီး」 ဟု ဖော်ပြထားမည်ဖြစ်သော်လည်း တချို့ငွေလွှဲသည် Errorဖြစ်နိုင်ခြေရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ တနည်အားဖြင့် နိုင်ငံတကာငွေလွှဲမှု၏စစ်ဆေးချက်အရ လက်ခံသူ၏ဘဏ်အကောင့်တွင် ငွေအ၀င်အတည်မပြုနိုင်ဘဲ ငွေလွှဲပြီးနောက် သတ်မှတ်ကာလ တခုအတွင်း လက်ခံထုတ်ယူသော ဘဏ်မှငွေလွှဲ Errorဟု အကြောင်းကြားခြင်းမရှိပါက 「လက်ခံထုတ်ယူပြီး」ဟု သတ်မှတ်နိုင်ပါသည်။



