FAQ (ငွေလွှဲခြင်းဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်များ)

FAQ - အပေါ်ဆုံးစာမျက်နှာသို့

ငွေသွင်း‌ငွေထုတ်လုပ်၍ မရပါ။ နောက်တစ်ကြိမ်ငွေသွင်း‌ငွေထုတ်လုပ်ရန် ဘယ်လိုစာရွက်စာတမ်းလုပ်ထုံးများလုပ်အပ်ပါသလဲ။

အောက်တွင် ကိုက်ညီသောနည်းလမ်းရှိမရှိ စစ်ဆေးပါ။

 

SBI Remit NEOBANK တွင် အောက်ပါအခြေအနေများနှင့် ကိုက်ညီနေလျှင် ဘဏ်အသုံးပြုမှုကိုကန့်သတ်ခြင်းများရှိပါသည်။

 

① ငွေလွှဲခြင်း၊ ATM တွင်ငွေသွင်းသည့်အကြိမ်အရေအတွက်နှင့် သွင်းငွေပမာဏသည် သတ်မှတ်ချက်ကိုကျော်လွန်နေလျှင်

② လစာငွေလွှဲခြင်းအား သတ်မှတ်ချိန်အတွင်းအတည်မပြုနိုင်လျှင်

③ နေထိုင်ခွင့်ကို သက်တမ်းမတိုးထားလျှင်

 

① ငွေလွှဲခြင်း၊ ATM တွင်ငွေသွင်းသည့်အကြိမ်အရေအတွက်နှင့် သွင်းငွေပမာဏသည် သတ်မှတ်ချက်ကိုကျော်လွန်နေလျှင်

SBI Remit NEOBANK တွင် အသုံးပြုသောဘဏ်အကောင့်တွင်း ငွေလွှဲငွေဖြည့်ခြင်းနှင့် ATM ငွေသွင်းခြင်းနှင့်ပတ်သက်၍ အသုံးပြုသောအကြိမ်အရေအတွက်နှင့် ပမာဏကိုကန့်သတ်ထားပါသည်။

 

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။

・ ငွေလွှဲငွေဖြည့်ခြင်းကန့်သတ်ချက်:၁ လအတွင်း (ယခင်လ ၁၅ ရက်မှ ယခုလ ၁၅ ရက်နေ့အထိ) စုစုပေါင်းငွေသွင်းအရေအတွက်သည် ၅ ကြိမ် သို့မဟုတ် စုစုပေါင်းငွေသွင်းပမာဏသည် ယန်းသောင်း ၅၀ အထိ

・ ATM ငွေသွင်းခြင်းကန့်သတ်ချက်:၁ လအတွင်း (ယခင်လ ၁၅ ရက်မှ ယခုလ ၁၅ ရက်နေ့အထိ) စုစုပေါင်းငွေသွင်းပမာဏသည် ယန်းသောင်း ၅၀ အထိ

 

အထက်ဖော်ပြပါကန့်သတ်ချက်များကိုကျော်လွန်နေလျှင် ဘဏ်အကောင့်ဖြင့်ငွေပေးငွေယူခြင်းအား ကန့်သတ်မည်။

ငွေပေးငွေယူကန့်သတ်ပြီးသည့်နောက် ဘဏ်အကောင့်အသုံးပြုခြင်းအခြေအနေနှင့်ပတ်သက်သည်ကို နားထောင်ရန်အတွက် SBI Remit ဘက်မှဆက်သွယ်ပါမည်။

နားထောင်သည့်ရလဒ်တွင် ပြဿနာမရှိလျှင် ငွေပေးငွေယူကန့်သတ်ချက်အား ပယ်ဖျက်ပေးပါမည်။

 

② လစာငွေလွှဲခြင်းအား သတ်မှတ်ချိန်အတွင်းအတည်မပြုနိုင်လျှင်

SBI Remit NEOBANK အကောင့်သည် အထူးသဖြင့် နိုင်ငံခြားသား နည်းပညာကျွမ်းကျင်အလုပ်သင်များ လစာလက်ခံရန်ရည်ရွယ်သော ဘဏ်အကောင့်ဖြစ်သည်။

ထို့ကြောင့် လစာငွေလွှဲခြင်းအား အတည်မပြုနိုင်လျှင် အကောင့်အသုံးပြုမှုအားကန့်သတ်သည်များရှိနိုင်သည်။

အကောင့်တွင် လစာငွေလွှဲခြင်းအား အတည်မပြုနိုင်လျှင် ငွေလွှဲအ‌ခြေအနေကိုအတည်ပြုရန်အတွက် SBI Remit ဘက်မှဆက်သွယ်ပါမည်။

ထိုစဥ်တွင် လစာငွေလွှဲခြင်းမရှိရသည့် မှန်ကန်သောအကြောင်းပြချက် (ဥပမာ လုပ်ငန်းမှဒေဝါလီခံခြင်းနှင့် နေမကောင်းခြင်းစသည်တို့ကြောင့် အလုပ်မှအနားယူထားရခြင်း) အားအတည်ပြုနိုင်လျှင် အကောင့်အသုံးပြုမှုအား ကန့်သတ်မည်မဟုတ်ပါ။

သို့သော် ပြန်လည်ဖြေကြားသောအကြောင်းအရာတွင် လစာငွေလွှဲခြင်းမရှိရသည့်အကြောင်းပြချက်မခိုင်လုံလျှင်၊ သတ်မှတ်ကာလအတွင်းပြန်လည်ဖြေကြားခြင်းမရှိလျှင် အကောင့်အသုံးပြုမှုအား ကန့်သတ်မည်ဖြစ်သည်။

 

③ နေထိုင်ခွင့်ကို သက်တမ်းမတိုးထားလျှင်

နေထိုင်ခွင့်ကို သက်တမ်းမတိုးထားလျှင် ငွေပေးငွေယူခြင်းအား ကန့်သတ်မည်။ ငွေပေးငွေယူကန့်သတ်ချက်အားပယ်ဖျက်ရန် သက်တမ်းတိုးထားသော နေထိုင်ခွင့်ကတ်နှင့် နေထိုင်ခွင့်သက်တမ်းတိုး စာရွက်စာတမ်းများလိုအပ်သည်။

 

အထက်ပါအကြောင်းပြချက်များကြောင့် ငွေပေးငွေယူကန့်သတ်ချက်အား ပယ်ဖျက်ရန်စာရွက်စာတမ်းလုပ်ထုံးကို SBI Remit Call Center တွင်မေးမြန်းပါ။ SBI Remit တွင် စုံစမ်းမေးမြန်းရန် ဤနေရာကိုနှိပ်ပါ

FAQ သို့ပြန်သွားရန်(ငွေလွှဲခြင်းဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်များ)

FAQ - အပေါ်ဆုံးစာမျက်နှာသို့