FAQ (ATM စက်များနှင့် ကတ်များကို အသုံးပြုခြင်း။)
Debit ငွေသားကတ်အသုံးပြုနည်းနှင့်ပတ်သက်၍ သိလိုပါသည်။
ငွေသားကတ်အဖြစ် ATM မှ ငွေသား (ဂျပန်ယန်း) ထုတ်ယူနိုင်ရုံသာမက Mastercard အမှတ်အသားရှိသောဆိုင်များတွင် ငွေပေးချေမှုများလည်း ပြုလုပ်နိုင်ပါသည်။
ခရစ်ဒစ်ကတ်ကဲ့သို့ပင် ဆိုင်များနှင့် အွန်လိုင်းရှော့ပင်းများတွင်လည်း ငွေချေနိုင်ပြီး၊ အသုံးပြုသည်နှင့်တပြိုင်နက် ဘဏ်အကောင့်မှနှုတ်ယူနိုင်မည်ဖြစ်သောကြောင့် ငွေအသုံးလွန်သွားခြင်းအတွက်စိုးရိမ်ရန်မလိုဘဲ စီမံရလွယ်ကူပါသည်။
ဆိုင်များတွင်ငွေပေးချေရာ၌အသုံးပြုလိုလျှင် “ကတ်နဲ့ရှင်းမယ်” နှင့် “Mastercard နဲ့ရှင်းမယ်” ဟုပြောပါ။ ငွေပေးချေမှုအကြိမ်အရေအတွက်အားမေးမြန်းလာလျှင် “တစ်ကြိမ်တည်းနဲ့ရှင်းမယ်” ဟုပြောပါ။
တဖန်၊ Debit ငွေသားကတ်အသုံးပြု၍မရလျှင် အောက်ပါစာမျက်နှာသို့သွား၍ သက်ဆိုင်သောအခြေအနေများရှိမရှိ စစ်ဆေးကြည့်ပါ။
အက်ပ် “SBI Remit” မှ SBI Remit NEOBANK ဆိုက်သို့သွား၍ “Debit ကတ်” မှ “ဒုက္ခရောက်လျှင် – ကတ်ကိုအသုံးပြု၍မရပါ” စာမျက်နှာတွင် စစ်ဆေးနိုင်ပါသည်။
အောက်ပါအစဥ်ဖြင့် ရည်ရွယ်သောစာမျက်နှာသို့သွားပါ။
① စမတ်ဖုန်းအက်ပ် “SBI Remit” သို့ လော့ဂ်အင်ဝင်ပြီး “NEOBANK” ခလုတ်ကိုနှိပ်ပါ


② SBI Remit NEOBANK အပေါ်ဆုံးစာမျက်နှာသို့ သွားပြီးနောက် ဘယ်ဘက်အပေါ်မှ “≡” ကိုနှိပ်ပါ


③ မီနူးမှ “Debit ကတ်” ကိုနှိပ်ပါ


④ “Debit စီမံမှု” စာမျက်နှာသို့သွားပြီးနောက် “ဒုက္ခရောက်လျှင်” ကိုနှိပ်ပါ


⑤ ပြထားသောမီနူးမှ “ကတ်ကိုအသုံးပြု၍မရပါ” ကိုနှိပ်ပါ


⑥ “ကတ်ကိုအသုံးပြု၍မရပါ” စာမျက်နှာသို့ပြောင်းရွေ့ခြင်း
“ကတ်ကိုအသုံးပြု၍မရပါ” စာမျက်နှာတွင် သက်ဆိုင်သောအခြေအနေများရှိမရှိ စစ်ဆေးကြည့်ပါ။

