FAQ (ငွေလွှဲရာတွင် အခက်အခဲရှိလျှင်)
ငွေလွှဲနည်းကို ပြောပြပေးပါ။
ငွေလွှဲခြင်းကို စမတ်ဖုန်းအက်ပ် “SBI Remit” မှ NEOBANK ဆိုက်သို့သွား၍ မီနူး၏ “ငွေလွှဲခြင်း” မှလုပ်ဆောင်ပါ။
※ATMမှ ငွေလွှဲ၍မရပါ။
ငွေလွှဲနည်းသည် အောက်ပါ ၂ နည်းရှိပါသည်။
(1)ငွေလွှဲမည့်နေရာအား တိုက်ရိုက်ထည့်သွင်း၍ ငွေလွှဲခြင်း
(2)ငွေလွှဲစာရင်းသွင်းထားသောနေရာမှရွေးချယ်၍ ငွေလွှဲခြင်း
အောက်ပါအစဥ်ဖြင့် ရည်ရွယ်သောစာမျက်နှာသို့သွားပါ။
① စမတ်ဖုန်းအက်ပ် “SBI Remit” သို့ လော့ဂ်အင်ဝင်ပြီး “NEOBANK” ခလုတ်ကိုနှိပ်ပါ


② SBI Remit NEOBANK အပေါ်ဆုံးစာမျက်နှာသို့ သွားပြီးနောက် မီနူးမှ ‘ငွေလွှဲခြင်း” ကိုနှိပ်ပါ


③ ငွေလွှဲမည့်နေရာအားရွေးချယ်သော စာမျက်နှာသို့သွားခြင်း


(1)ငွေလွှဲမည့်နေရာအား တိုက်ရိုက်ထည့်သွင်း၍ ငွေလွှဲလိုလျှင်
ငွေလွှဲမည့်နေရာရွေးချယ်ခြင်းစာမျက်နှာတွင် “အသစ်ငွေလွှဲခြင်း” ခလုတ်ကိုနှိပ်ပါ။ ငွေလွှဲခြင်းအချက်အလက်ထည့်သွင်းသောစာမျက်နှာသို့ ပြောင်းသွားမည်ဖြစ်သောကြောင့် လမ်းညွှန်ချက်များအတိုင်း လိုအပ်သောအချက်များကို ထည့်သွင်းပါ။


(2)ငွေလွှဲစာရင်းသွင်းထားသောနေရာမှရွေးချယ်၍ ငွေလွှဲလိုလျှင်
ငွေလွှဲမည့်နေရာရွေးချယ်ခြင်းစာမျက်နှာကို အောက်သို့ဆွဲလျှင် ငွေလွှဲစာရင်းသွင်းထားသောနေရာများ၏ အမည်ပေါ်နေလိမ့်မည်။
ထိုနေရာကိုနှိပ်လျှင် စာရင်းသွင်းထားသောနေရာသို့ ငွေလွှဲခြင်း စာမျက်နှာသို့ပြောင်းသွားမည်ဖြစ်သောကြောင့် လမ်းညွှန်ချက်များအတိုင်း လိုအပ်သောအချက်များကို ထည့်သွင်း

