သတင်းအချက်အလက်
/Campaigns

2020/07/29

SBI REMIT ငွေလွှဲပြောင်းခြင်းလုပ်ငန်းစတင်တည်ထောင်သည့်အချိန်မှ (၁၀)နှစ်မြောက်တွင် နိုင်ငံတကာလွှဲငွေပမာဏ စုစုပေါင်း ယန်းငွေ 1 ထရီလီယံကျော်လွန်ထိုးဖောက်နိုင်ခဲ့ခြင်း၊

 SBI FinTech Solution Co., Ltd၏ လက်အောက် ကုမ္ပဏီဖြစ်သော SBI REMIT Co.,Ltd နိုင်ငံတကာ ငွေလွှဲ၀န်ဆောင်မှုကုမ္ပဏီ ( ရုံးချုပ် – TOKYO. MINATO-KU、CEO: NOBUO ANDO,https:// www.remit.co.jp) သည် နိုင်ငံတကာ ငွေလွှဲပမာဏ (JPY ပြောင်းလဲပမာဏ) သည် ယန်းငွေ 1 ထရီလီယံကျော်လွန်သွားပြီဖြစ်ကြောင်းကို အသိပေးအပ်ပါသည်။

 

 SBI Remit ကုမ္ပဏီသည် တကမ္ဘာလုံးဆိုင်ရာ (Globalization) လမ်းကြောင်းသစ်များအရ အနာဂတ်တွင် မျှော်လင့်ထားသည့်အတိုင်း နိုင်ငံခြားသားဦးရေပိုမိုတိုးပွားလာခြင်းကိုမူတည်၍ SBI Group၏ ဘဏ္ဍာရေး၀န်ဆောင်မှုကို ဂျပန်နိုင်ငံရှိနိုင်ငံခြားသားများအား ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီကို ၂၀၁၀ခုနှစ် ဧပြီလတွင် အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ ဧပြီလ တွင် ပြဠာန်းခဲ့သော Fund Settlement Law ကို အခြေခံ၍ ငွေလွှဲပြောင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ခဲ့ပြီး အဆိုပါနှစ်၏ ဒီဇင်ဘာလတွင် နိုင်ငံတကာ ငွေလွှဲပြောင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။

 

 လုပ်ငန်းစတင်သည့်အချိန်တွင် ဂျပန်နိုင်ငံရှိနိုင်ငံခြားသားဦးရေသည် ၂.၀၈ သန်းခန့်ရှိပြီး မနှစ်က နှစ်ကုန်ပိုင်းချိန်ထိ လူဦးရေ ၂.၉၃သန်းထိ (※1)တိုးပွားလာခဲ့သည်။ နိုင်ငံခြားသားအများစုသည် အထူးသဖြင့်အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့်ရောက်ရှိလာသည်ကိုလည်း သတိပြုမိပါသည်။ နိုင်ငံခြားသားဦးရေတိုးပွားလာရခြင်းမှာ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်ဦးရေ ကျဆင်း၍ သက်ကြီးရွယ်အိုများတိုးပွားလာပြီး မွေးဖွားနှုန်း နိမ့်ကျခြင်း၊ အလုပ်သမားအင်အား ပြတ်လတ်မှု အနေအထားများကြောင့်ဖြစ်ပြီး ထို့အတွက်ဂျပန်ကုမ္ပဏီများသည် နိုင်ငံခြားသားလုပ်သားဦးရေ ငှားရမ်းခြင်းကို တိုးချဲ့လာရခြင်း ဖြစ်ပါသည်။

 

 ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဂျပန်နိုင်ငံတွင်း နေထိုင်ကြသည့် နိုင်ငံခြားသားများအား စိတ်ချ၊ အဆင်ပြေစွာ ငွေလွှဲပို့နိုင်သည့်အနေအထားဖြစ်စေရန်အတွက် ခေတ်မီဘဏ္ဍာရေး နည်းပညာနှင့် လုံခြုံစိတ်ချရမှုသာမက မြန်ဆန်သောနှုန်းနှင့် ၀န်ဆောင်ခသက်သာပြီး အထူးနည်းပညာ (DLT: Distributed Ledger Technology) ကို အသုံးပြုထားသည့် ငွေလွှဲ၀န်ဆောင်မှုကို SBI Remit မှ ပေးအပ်ထားပါသည်။ ဘာသာစကား (၁၂)မျိုးဖြင့် ၀က်ဘ်ဆိုဒ်တွင်ဖော်ပြထားယုံသာမက မိမိမေးမြန်းစုံစမ်းလိုသည့် (မေးလ်၊ ဖုန်း၊ SNS) အစရှိသည့်တိုကိုလည်းလက်ခံဖြေကြားပေးနေသော Customer Center များကိုလည်းချဲ့ထွင် လုပ်ဆောင်လျက် ရှိပါသည်။

 

 ထို့အပြင် SBI GROUP မှအားပေးသည့် ဒေသဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ‌ဒေသတွင်းဆိုင်ရာ တိုးတက်မှုကို ဖန်တီးရန် ကြိုးပမ်းမှုတစိတ်တပိုင်းအနေဖြင့်ယခုနှစ် ဇန်န၀ါရီလတွင် SHIMANE ဘဏ်မှ အစပြု၍ FUKUSHIMAဘဏ်၊ CHIKUHOဘဏ်၊ MICHINOKUဘဏ် များနှင့် စီးပွားရေးမဟာမိတ်ဖွဲ့ခဲ့ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော တန်ဖိုးရှိ လုပ်သားအင်အားများကိုပေးအပ်သည့် နိုင်ငံခြားသားများ၏ ငွေလွှဲလိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းနှင့်အတူ ပိုမိုလွယ်ကူ အဆင်ပြေစေရန်အတွက် SBI Remit မှ အရည်အသွေးမြင့် ၀န်ဆောင်မှုကို အသုံးပြုနိုင်သော ပတ်၀န်းကျင်တခုကို ဖန်တီးနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ ယခုလက်ရှိတွင် Memberဦးရေပေါင်း ၆၅၀,၀၀၀ကျော်ရှိပြီး၊ အဆိုပါထဲတွင် ၉၀% ကျော်မှာ နိုင်ငံခြားသားဧည့်သည်များဖြစ်ပြီး ပြည်တွင်းဘဏ္ဍာရေးအဖွဲ့အစည်းများမှ မွေးရပ်မြေသို့ငွေလွှဲခြင်းကို ကိုင်ဆိုင်သော ရှယ်ယာ (※2)သည် ပျမ်းမျှခန့်မှန်းခြေ ၃၄% ဖြစ်ပြီး၊ အထူးသဖြင့်အာရှနိုင်ငံအသီးသီး သို့ ငွေလွှဲမှုမှာ ၄၁%ထိ ရှယ်ယာကို SBI REMIT မှ လွှမ်းမိုးသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါသည်။

 

 မကြာသေးမီက Coronavirus ကူးစက်ရောဂါအသစ် (COVID-19)ပြန့်နှံ့မှုကြောင့် ဂျပန်နိုင်ငံသို့ အသစ်၀င်သောနိုင်ငံခြားသားဦးရေ ခေတ္တခဏ ကျဆင်းသွားသော်လည်း အစိုးရမှ အခြေအနေပြန်လည် ကောင်းမွန်လာမည့်အချိန်တွင် ကူးစက်နှုန်းထိန်းချုပ်ထားနိုင်သည့်နိုင်ငံများအား လူ၀င်မှုကြီးကြပ်‌ရေးမှ ကန့်သတ်ချက်များကို ဖြေလျော့ပြီး စီးပွားရေးလုပ်ငန်း၊ ကျောင်းသားများ၊ ခရီးသွားဧည့်သည်များအား အစဥ်လိုက်ခွင့်ပြုပေးပြီး ဗီဇာနှစ်တိုနှစ်ရှည်အလိုက် နိုင်ငံခြားသားများ၊ နိုင်ငံခြားသားလုပ်သားများကို စိတ်ချစွာဖြင့်လက်ခံမှုတဖြည်းဖြည်းတိုးမြှင့်ဖို့ မျှော်လင့်ရပါသည်။

 

 SBI Remit သည်လုပ်ငန်းစတင်ချိန်မှ 10 နှစ် မြောက်ဖြစ်သည့် ယခုနှစ်တွင် ၀န်ဆောင်မှုအသစ်များ နှင့် ဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုးချဲ့လုပ်‌ဆောင်မှုများကို လည်း ပေးအပ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။

 SBI Remit သည်နောက်ပိုင်းတွင်လည်း စိတ်ချ၊ လုံခြုံ၊ အဆင်ပြေလွယ်ကူသော ငွေလွှဲ၀န်ဆောင်မှုကို ပေးအပ်ဖို့ ပိုမို ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

 

(※1) တရားရေး၀န်ကြီးဌာန- Reiwaပထမနှစ်ကုန်- လက်ရှိဂျပန်ရှိ နိုင်ငံခြားသားဦးရေအရေအတွက်နှင့်ပတ်သက်ပြီး
http://www.moj.go.jp/nyuukokukanri/kouhou/nyuukokukanri04_00003.html

(※2) NICHIGIN ပေါင်းချုပ်စာရင်းဒေတာအရ (2019.10.12 ပေါင်းချုပ်စာရင်း) ကုမ္ပဏီ၏အမှန်တကယ်ရလဒ် တန်ဖိုးများပေါ် အခြေခံကိုးကားပြီး တွက်ချက်ထားခြင်း

 

**************************************************************

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက

SBI Remit Co., Ltd Customer Center

03-5652-6759     https://www.remit.co.jp/

မေးမြန်းစုံစမ်းနိုင်သည့်အချိန်-ဖွင့်ရက် 9:00 – 18:00  (စနေ၊ တနင်္ဂနွေ၊အများပြည်သူပိတ်ရက်) 10:00 – 18:00

(နှစ်ကုန်၊ နှစ်ဆန်း ပိတ်ရက်- ကုမ္ပဏီမှသတ်မှတ်ထားသော အားလပ်ရက်များမှအပ)

********************************

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက

SBI Remit Co., Ltd Customer Center

03-5652-6759

https://www.remit.co.jp/

မေးမြန်းစုံစမ်းနိုင်သည့်အချိန်-ဖွင့်ရက် 9:00 – 18:00

(စနေ၊ တနင်္ဂနွေ၊အများပြည်သူပိတ်ရက်) 10:00 – 18:00

(နှစ်ကုန်၊ နှစ်ဆန်း ပိတ်ရက်- ကုမ္ပဏီမှသတ်မှတ်ထားသော အားလပ်ရက်များမှအပ)

သတင်းအချက်အလက်/Campaigns သို့ပြန်သွားရန်