Furikomi ငွေလွှဲခြင်း
ငွေလက်ခံမည့်သူတစ်ဦးစီအတွက် ငွေလွှဲအကောင့်ကို သီးခြားမှတ်ပုံတင်ပေးမည်ဖြစ်ပြီး ဝန်ဆောင်ခ နုတ်ယူပြီးသော အပ်နှံလိုက်သည့်ပမာဏအပြည့်ကို လွှဲပို့ပေးမည်ဖြစ်သည်။(ဝန်ဆောင်ခများကို အလိုအလျောက်နုတ်ယူသည်) အဆိုပါဝန်ဆောင်မှုဖြင့် သင်သည် ဂျပန်နိုင်ငံရှိ မည်သည့်ငွေကြေးအဖွဲ့အစည်း (အွန်လိုင်းမှ ဘဏ်အကောင့်စီမံခြင်း၊ ATM၊ ငွေသွင်းငွေထုတ်စာရေးများ အစရှိသည်) ထံမှမဆို SBI Remit မှသတ်မှတ်ထားသော ဘဏ်အကောင့်သို့ ငွေများ လွဲပို့နိုင်မည်ဖြစ်သည်။ ငွေလွှဲပို့ခြင်းပြီးမြောက်သည်နှင့် ငွေလွှဲပို့ခြင်းလုပ်ငန်းစဥ်လည်း ပြီးမြောက်ပြီဖြစ်သည်။


ဝန်ဆောင်မှုလုပ်ငန်းစဥ်
1 Furikomi ဖြင့်ငွေလွှဲခြင်းဝန်ဆောင်မှုကိုအသုံးပြုရန် လျှောက်ထားခြင်း
Member အဖြစ်စာရင်းသွင်းပြီးနောက်တွင် ငွေလက်ခံမည့်သူ၏အချက်အလက်တစ်စိတ်တစ်ပိုင်းအနေဖြင့်
‘Furikomi ဖြင့် ငွေလွှဲခြင်း’ ကိုရွေးချယ်ပါ။
ငွေလက်ခံမည့်သူတစ်ဦးစီအတွက်
ငွေလွှဲပို့မည့်အကောင့်ကို ဖန်တီးပေးမည်ဖြစ်ပြီး ၎င်းတို့ကို အီးမေးလ်နှင့် Member ဆိုဒ် (My Page) မှတဆင့်
အကြောင်းကြားမည်ဖြစ်သည်။
2 သီးသန့် ငွေလက်ခံမည့်သူအကောင့်
နိုင်ငံတဝှမ်းရှိ ငွေကြေးအဖွဲ့အစည်း (အွန်လိုင်းမှ ဘဏ်အကောင့်စီမံခြင်း၊ ATM၊ ငွေသွင်းငွေထုတ်စာရေးများ
အစရှိသည်) မှ သတ်မှတ်ထားသော ငွေလက်ခံမည့်သူအကောင့်ဆီသို့သာ ငွေလွှဲပို့ပါ။
ငွေပေးချေမှုကို SBI Remit
မှအတည်ပြုပြီးနောက် လွှဲပို့သောငွေပမာဏကို အပြည့်အဝလွှဲပို့မည်ဖြစ်သည်။ (ငွေလွှဲခကို အလိုအလျောက်နုတ်ယူမည်ဖြစ်သည်။)
3 ငွေလွှဲပို့ခြင်းအားဆောင်ရွက်ပြီးသည်နှင့် သင်သည် အီးမေးလ်တစ်စောင် လက်ခံရရှိမည်ဖြစ်သည်။
ငွေလွှဲခများကို နှုတ်ယူပြီးသည်နှင့် ငွေများကို သက်ဆိုင်ရာငွေကြေးဖြင့် လွှဲပို့ပေးသည်။
အဆိုပါလုပ်ငန်းစဥ်များကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးသည်နှင့် သင့်အား ဝန်ဆောင်ခ၊ ငွေလွှဲခ၊ ပြည်တွင်း၌လက်ခံရရှိမည့်
ငွေပမာဏနှင့် Reference Number (RN) တို့ကို အကြောင်းကြားရန် အတည်ပြုချက်အီးမေးလ်တစ်စောင်
ပေးပို့မည်ဖြစ်သည်။
4 ငွေများကို ဖော်ပြပါငွေလွှဲပို့ခြင်းနည်းလမ်းဖြင့် လက်ခံရယူနိုင်ပါသည်။
ငွေများကို ငွေသားဖြင့်ထုတ်ယူပါက ငွေလွှဲပို့ခြင်းပြီးမြောက်သည်နှင့် Reference Number
(RN) ထုတ်ပေးမည်ဖြစ်သည်။ ထိုအချိန်တွင် ငွေများကို ထုတ်ယူနိုင်မည်ဖြစ်သည်။
ငွေသားများကို ဘဏ်အကောင့်တစ်ခုဆီသို့
လွှဲပို့ပါက ငွေသားရောက်ရှိလာရန် လုပ်ငန်းဆောင်ရွက်သည့်ရက် 1-3 ရက်ကြာမည်ဖြစ်သည်။