ငွေလွှဲကတ်
ဂျပန်တနိုင်ငံလုံးတွင်ရှိသော စာတိုက်ဘဏ် ATMနှင့် LAWSONဘဏ် ATMများတွင် SBI Remitငွေလွှဲကတ်ဖြင့် ငွေလွှဲပို့နိုင်သော ၀န်ဆောင်မှုဖြစ်ပါသည်။ ငွေထုတ်မည့်သူနှင့် ငွေလွှဲပို့ခြင်းနည်းလမ်းအတွက် ငွေလွှဲကတ်တစ်ကတ်စီ ထုတ်ပေးပါမည်။ ငွေလွှဲကတ်ကို အခမဲ့ ထုတ်ပေးပါသည်။


ဂျပန်တနိုင်ငံလုံးတွင်ရှိသော စာတိုက်ဘဏ် ATMနှင့် LAWSONဘဏ် ATMများတွင် SBI Remitငွေလွှဲကတ်ဖြင့် ငွေလွှဲပို့နိုင်သော ၀န်ဆောင်မှုဖြစ်ပါသည်။ ငွေထုတ်မည့်သူနှင့် ငွေလွှဲပို့ခြင်းနည်းလမ်းအတွက် ငွေလွှဲကတ်တစ်ကတ်စီ ထုတ်ပေးပါမည်။ ငွေလွှဲကတ်ကို အခမဲ့ ထုတ်ပေးပါသည်။

ဝန်ဆောင်မှုလုပ်ငန်းစဥ်
1 ကတ်လျှောက်ထားခြင်း
Member Register ပြုလုပ်ပြီးနောက် ငွေထုတ်မည့်သူ၏ Registerပြုလုပ်နေသည့်အချိန် တွင်[ငွေလွှဲကတ်ကိုအသုံးပြုမည်]ကို ရွေးချယ်ပေးပါ။ ငွေလွှဲကတ်ကို Register ပြုလုပ်ထားသော နေရပ်လိပ်စာသို့ ပေးပို့ပေးပါမည်။ ပျမ်းမျှ ၁ပတ်မှ ၂ပတ်အတွင်း ကြာမြင့်နိုင်သည်။ အိမ်ပြောင်းခဲ့ပါက လိပ်စာ ပြောင်းပြီးသည့်အခါမှ ငွေလွှဲကတ်ကို လျှောက်ထားပေးပါ။
2 Japan Post ATM/Lawson ATM များ၌ ငွေအပ်နှံခြင်း
ငွေလွှဲပို့ချင်သော ငွေထုတ်မည့်သူ၏ ငွေလွှဲကတ်နှင့် ငွေသားကို ပြင်ဆင်၍ အောက်ပါ
ATMအသုံးပြုပုံလမ်းညွှန်ချက်အတိုင်း ငွေထည့်ပေးပါ။
အသုံးပြုသူလမ်းညွှန်ကို ငွေလွှဲကတ်ကျောဘက်တွင်
ဖော်ပြထားသည်။
စာတိုက် ATMမှ ငွေလွှဲနည်း ဖွင့်ပါ ပိတ်ပါ
စာတိုက်ATMအသုံးပြုနည်းအဆင့်ဆင့်

Lawson ATM မှငွေလွှဲနည်း ဖွင့်ပါ ပိတ်ပါ
Lawson ဘဏ်၏ Website တွင် မိမိနှင့် အနီးဆုံး Lawson ATMကို ရှာဖွေနိုင်ပါသည်။
Lawson ATM အသုံးပြုနည်းအဆင့်ဆင့်

3 ငွေလွှဲပို့ခြင်း ဆောင်ရွက်ပြီးသည့်နောက်တွင် အတည်ပြုချက်အီးမေးလ်တစ်စောင် ပေးပို့မည်ဖြစ်ပါသည်။
ငွေအပ်နှံခများနှင့်ငွေလွှဲခများကို နှုတ်ယူပြီးသည်နှင့် ငွေများကို သက်ဆိုင်ရာငွေကြေးဖြင့်
လွှဲပို့ပေးသည်။
သင့်အား ဝန်ဆောင်ခ၊ ငွေလဲခ၊ ပြည်တွင်း၌လက်ခံရရှိမည့် ငွေပမာဏနှင့် Reference number (RN)
တို့ကို အတည်ပြုချက်အီးမေးလ်ဖြင့် အကြောင်းကြားမည်ဖြစ်သည်။
4 ငွေများကို စာရင်းသွင်းထားသော ငွေလွှဲပို့ခြင်းနည်းလမ်းဖြင့် လက်ခံရယူနိုင်ပါသည်။
ငွေများကို ငွေသားဖြင့်ထုတ်ယူပါက ငွေလွှဲပို့ခြင်းပြီးမြောက်သည်နှင့် Reference number (RN)
ထုတ်ပေးမည်ဖြစ်သည်။ ထိုအချိန်တွင် ငွေများကို ထုတ်ယူနိုင်မည်ဖြစ်သည်။
ငွေသားများကို ဘဏ်အကောင့်တစ်ခုဆီသို့
လွှဲပို့ပါက ငွေသားရောက်ရှိလာရန် ရုံးဖွင့်ရက် ၀ ရက်မှ ၂ ရက်အထိကြာမည်ဖြစ်သည်။