FAQ (အမျိုးမျိုးသောကတ်များ)
Debit ငွေသားကတ်၊ အထောက်အထားနံပါတ်ကတ် ပျောက်သွားပါသည်။ ဘယ်လိုစာရွက်စာတမ်းလုပ်ထုံးများ လိုအပ်ပါသလဲ။
ကတ်ပျောက်ဆုံးကြောင်း ချက်ချင်းအသိပေးသတင်းပို့ပါ။
NEOBANK ဆိုက်၏ “ကတ်စသည်ပျောက်ဆုံး၊ ပျက်စီးခြင်း” စာမျက်နှာတွင် ကတ်ပျောက်ဆုံးကြောင်းသတင်းပို့နိုင်သည်။
အက်ပ် “SBI Remi” မှ NEOBANK ဆိုက်သို့သွားပြီးနောက် “မေးမြန်းစုံစမ်းခြင်း” မှ “ကတ်စသည်ပျောက်ဆုံး၊ ပျက်စီးခြင်း” စာမျက်နှာအထိသွားပါ။
ထို့နောက် ကတ်ပြန်လည်ပေးပို့ရန် စာရွက်စာတမ်းလုပ်ထုံးများကို လုပ်ဆောင်ပါ။
တဖန် ပျောက်ဆုံးကြောင်းအသိပေးသတင်းပို့လျှင် အောက်ပါငွေပေးငွေယူများကို ခေတ္တရပ်ဆိုင်းထားခံရမည်ဖြစ်သည်။
・ Debit ငွေသားကတ် ပျောက်ဆုံးခြင်းဆိုင်ရာဆက်တင်・・・ATM မှငွေပေးငွေယူ၊ Debit ငွေပေးငွေယူ
・ အထောက်အထားကတ်နံပါတ် ပျောက်ဆုံးခြင်းဆိုင်ရာဆက်တင်・・・အထောက်အထားကတ်နံပါတ်သုံးရသော ငွေပေးငွေယူများ
အိမ်ပြင်ပတွင်ပျောက်ဆုံးခြင်းနှင့် အခိုးခံခဲ့ရခြင်းများဖြစ်နိုင်ချေရှိလျှင် ရဲစခန်းသို့လည်း အသိပေးသတင်းပို့ပါ။
အောက်ပါလုပ်ဆောင်ချက်အစဥ်ဖြင့် ရည်ရွယ်သောစာမျက်နှာသို့သွားပါ။
① စမတ်ဖုန်းအက်ပ် “SBI Remit” သို့ လော့ဂ်အင်ဝင်ပြီး “NEOBANK” ခလုတ်ကိုနှိပ်ပါ


② SBI Remit NEOBANK အပေါ်ဆုံးစာမျက်နှာသို့ သွားပြီးနောက် ဘယ်ဘက်အပေါ်မှ “≡” ကိုနှိပ်ပါ


③ ပြထားသောမီနူးမှ “မေးမြန်းစုံစမ်းခြင်း” ကိုနှိပ်ပါ


④ “မေးမြန်းစုံစမ်းခြင်း” စာမျက်နှာထိပ်ဆုံးမှ “ကတ်စသည်ပျောက်ဆုံး၊ ပျက်စီးခြင်း” ကိုနှိပ်ပါ


⑤ “ကတ်စသည်ပျောက်ဆုံး၊ ပျက်စီးခြင်း” စာမျက်နှာသို့ပြောင်းရွေ့ခြင်း
“ကတ်ပျောက်ဆုံးခဲ့လျှင်” ၏ လုပ်ဆောင်ချက်အစဥ်အတိုင်း “ကတ်ပျောက်ဆုံးခြင်းစာရွက်စာတမ်းလုပ်ထုံး” ကိုနှိပ်ပါ


⑥ “ကတ်ပျောက်ဆုံး၊ ရှာတွေ့ခြင်း” စာမျက်နှာသို့ပြောင်းရွေ့ခြင်း
“ကတ်ပျောက်ဆုံးခြင်း” တွင် ပျောက်ဆုံးသွားသော ကတ်အမျိုးအစားကို ရွေးချယ်ပြီး၊ “ပျောက်ဆုံးကြောင်းသတင်းပို့မည်” ကိုနှိပ်ပါ။


⑦⑤ ၏ “ကတ်စသည်ပျောက်ဆုံး၊ ပျက်စီးခြင်း” စာမျက်နှာသို့ ပြန်သွားမည်
“ကတ်ပျောက်ဆုံးခဲ့လျှင်” ၏ လုပ်ဆောင်ချက်အစဥ်အတိုင်း “ကတ်နောက်တစ်ကြိမ်ပို့ခြင်းစာရွက်စာတမ်းလုပ်ထုံး” ကိုနှိပ်ပါ


⑧ “ကတ်နောက်တစ်ကြိမ်ပို့ခြင်း” စာမျက်နှာသို့ပြောင်းရွေ့ခြင်း
ကတ်နောက်တစ်ကြိမ်ပို့ရန် အကြောင်းပြချက်တွင် “ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း” ကိုရွေးချယ်ပြီး၊ ကတ်နောက်တစ်ကြိမ်ပို့ခြင်းစာရွက်စာတမ်းလုပ်ထုံးကို လုပ်ဆောင်ပါ။

