FAQ (အမျိုးမျိုးသောကတ်များ)
Debit ၏ စကားဝှက်ကို ပြောင်းလဲခြင်း၊ ပြန်လည်သတ်မှတ်ခြင်းနည်းလမ်းကို ပြောပြပါ။
Debit စကားဝှက်ကို ပြောင်းလဲခြင်း၊ ပြန်လည်သတ်မှတ်ခြင်းအတွက် ကတ်ပြန်လည်ပေးပို့ခြင်း (အခကြေးငွေရှိ) ကိုလုပ်ဆောင်ပါ။
စမတ်ဖုန်းအက်ပ် “SBI Remit” မှ NEOBANK ဆိုက်သို့သွားပြီး၊ “အသုံးပြုသူအချက်အလက်” ၏ “အသုံးပြုသူအချက်အလက်စုံစမ်းခြင်း၊ ပြောင်းလဲခြင်း” စာမျက်နှာမှတဆင့် ပြန်လည်ပို့ဆောင်ခြင်းစာရွက်စာတမ်းကို လုပ်ဆောင်ပါ။
ဝက်ဘ်ဆိုက်နှင့် ကာစတန်မာစင်တာတွင် Debit စကားဝှက်အတည်ပြုခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ပါ။
Debit ကတ်ကိုပြန်လည်ပို့ဆောင်ခြင်းကို လက်ခံရရှိထားသောအသုံးပြုသူတို့အတွက် Debit ကတ်နံပါတ်ပြောင်းနေလိမ့်မည်။ ယခင် Debit ကတ်နံပါတ်သည် အသုံးပြု၍ရတော့မည်မဟုတ်သောကြောင့် သတိပြုစေလိုပါသည်။
အထွေထွေကုန်ကျစားရိတ်နှင့် ဖုန်းဘေစသည့်လစဥ်ပေးချေရခြင်းများနှင့် အွန်းလိုင်းရှော့ပင်းတို့တွင် Debit ကတ်နံပါတ်ကို စာရင်းသွင်းထားလျှင် သေချာပေါက်ပြောင်းလဲကြပါ။
အောက်ပါလုပ်ဆောင်ချက်အစဥ်ဖြင့် ရည်ရွယ်သောစာမျက်နှာသို့သွားပါ။
① စမတ်ဖုန်းအက်ပ် “SBI Remit” သို့ လော့ဂ်အင်ဝင်ပြီး “NEOBANK” ခလုတ်ကိုနှိပ်ပါ


② SBI Remit NEOBANK အပေါ်ဆုံးစာမျက်နှာသို့ သွားပြီးနောက် “အသုံးပြုသူအချက်အလက်စုံစမ်းခြင်း၊ ပြောင်းလဲခြင်း” ကိုနှိပ်ပါ


③ “အသုံးပြုသူအချက်အလက်စုံစမ်းခြင်း၊ ပြောင်းလဲခြင်း” စာမျက်နှာသို့ပြောင်းရွေ့ခြင်း


④ “အသုံးပြုသူအချက်အလက်စုံစမ်းခြင်း၊ ပြောင်းလဲခြင်း”စာမျက်နှာကိုအောက်သို့ဆွဲချပြီး၊ “ကတ်ဆက်တင်” ၏ “ကတ်နောက်တစ်ကြိမ်ပို့ခြင်း” တွင် “လျှောက်ထားခြင်း” ကိုနှိပ်ပါ


⑤ “ကတ်နောက်တစ်ကြိမ်ပို့ခြင်း” စာမျက်နှာသို့ပြောင်းရွေ့ခြင်း
စာမျက်နှာတွင် ပြထားသည့်အတိုင်း ကတ်နောက်တစ်ကြိမ်ပို့ခြင်း စာရွက်စာတမ်းလုပ်ထုံးများကိုလုပ်ဆောင်ပါ။
ကတ်နောက်တစ်ကြိမ်ပို့ရန်အကြောင်းပြချက်တွင် “Debit စကားဝှက်ကို ပြောင်းလဲခြင်း” ကိုရွေးချယ်ပါ။

