FAQ (သင်နေထိုင်သည့်ကာလကို သက်တမ်းတိုးရန် အခက်အခဲရှိနေပါက၊)

FAQ - အပေါ်ဆုံးစာမျက်နှာသို့

နေထိုင်ခွင့်ကာလသက်တမ်းတိုးရန် မေ့သွားသောကြောင့် SBI Remit NEOBANK တွင် ငွေပေးငွေယူလုပ်၍မရပါ။ ဘဏ်ငွေပေးငွေယူပြန်လုပ်နိုင်ရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

နေထိုင်ခွင့်သက်တမ်းမကုန်ခင် ၃လမတိုင်ခင်မှ SBI Remit မှာနေထိုင်ခွင့်သက်တမ်းUpdate ပြုလုပ်ရန်မေးလ်ပို့ထားပါသည်။ထိုလမ်းညွှန်ချက်အတိုင်း SBI Remit Member အချက်အလက်တွင် နေထိုင်ခွင့်သက်တမ်းကို Update ပြုလုပ်ပေးပါ။

ဒေတာတွင် သက်တမ်းတိုးပြီးပါက SBI Remit မှ နေထိုင်ခွင့်သက်တမ်းတိုးပြီးကြောင်းမေးလ်ပို့ပေးမည်ဖြစ်ပါသည်။

SBI Remit တွင် နေထိုင်ခွင့်သက်တမ်းတိုးလုပ်ဆောင်ပြီးနောက် အလိုအလျောက် DOCOMO SMTB Net Bank တွင် နေထိုင်ခွင့် သက်တမ်းတိုးမည်ဖြစ်ပါသည်။

ထို့နောက် DOCOMO SMTB Net Bank နေထိုင်ခွင့်သက်တမ်းမတိုးထားသည့် ကန့်သတ်မှုအား ပယ်ဖျက်ပါမည်။ ရက်အနည်းငယ်အကြာတွင် ဘဏ်၀န်ဆောင်မှုကို အသုံးပြု၍ရမည်ဖြစ်ပါသည်။

ငွေလွှဲကန့်သတ်မှု မပယ်ဖျက်နိုင်ပါက သီးခြား SBI Remit မှ ဆက်သွယ်ပေးပါမည်

နေထိုင်ခွင့်သက်တမ်းတိုးထားဆဲဖြစ်ပါက ဒေတာ Update ပြုလုပ်ရန် ခက်ခဲကြောင်း SBI Remit သို့အကြောင်းကြားပေးပါ

နေထိုင်ခွင့်သက်တမ်းတိုး လျှောက်ထားဆဲဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့လျှင် ကာလတခု (နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီး ၂လအကြာ)DOCOMO SMTB Net Bank ဘဏ်၀န်ဆောင်မှုကန့်သတ်ခြင်းကို ခေတ္တအသုံးပြုခွင့်ပေးပါမည်။

နေထိုင်ခွင့်သက်တမ်းကုန်ပြီးနောက်၃လအကြာ နေထိုင်ခွင့်သက်တမ်းတိုး ဒါမှမဟုတ် နေထိုင်ခွင့်သက်တမ်းတိုး ခွင့်ပြုချက်လျှောက်ထားကြောင်းကို SBI Remitသို့ အကြောင်းကြားခြင်းမရှိပါက၊ ဘဏ်၀န်ဆောင်မှု အသုံးပြုခွင့်မပြုနိုင်တော့ပါ။

ထို့နောက် DOCOMO SMTB Net Bank ဘဏ်၀န်ဆောင်မှု စာချုပ်ဖျက်ပြီးနောက် ထပ်မံ ဘဏ်အကောင့်ဖွင့်လိုပါက ပြန်လည်လျှောက်ထားရန်လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

▼နေထိုင်ခွင့်သက်တမ်းတိုးလျှောက်ထားဆဲဖြစ်ကြောင်း အကြောင်းကြား တင်ပြလိုပါက

https://underapplying-ocr.remit.services/

 

APP အဟောင်း 「SBI Remit Classic」မှ တင်ပြ၍မရပါ

ခုမိအအိမှတဆင့်၊ ၀က်ဘ်ဆိုဒ်လင့်မှတဆင့်၊ ထို့ပြင် မေးလ်လင့်မှတဆင့်ပုံ တင်ပို့ခြင်းပြုလုပ်၍မရပါ

 

<တင်ပို့ရန် စာရွက်စာတမ်း အောက်ပါ ၃မျိုးမှ ၁မျိုး>

①အွန်လိုင်းမှ နေထိုင်ခွင့်သက်တမ်းတိုးလျှောက်ထားသော မိတ္တူ

②နေထိုင်ခွင့်သက်တမ်းတိုး လျှောက်ထားဆဲဖြစ်ကြောင်းတံဆိပ်တုံးထုထားသော ဇိုင်းလျုးကတ်အဟောင်း အရှေ့နှင့် အနောက်ဘက်မိတ္တူ

③နေထိုင်ခွင့်သက်တမ်းတိုးလုပ်ဆောင်ထားသော လူ၀င်မှုကြီးကြပ်ရေးမှ တံဆိပ်ထုထားသော လက်ခံပြေစာစာရွက် မိတ္တူ+ ခုမိအအိမှ တင်ပို့ထားသော သက်တမ်းတိုးသူ၏SBI Remit Card နံပါတ်ပါသော မိတ္တူ

FAQ သို့ပြန်သွားရန်(သင်နေထိုင်သည့်ကာလကို သက်တမ်းတိုးရန် အခက်အခဲရှိနေပါက၊)

FAQ - အပေါ်ဆုံးစာမျက်နှာသို့