နိုင်ငံတကာသို့ ငွေလွှဲပို့ခြင်းများဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ

နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို သုံးစွဲသူ (လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လုပ်ငန်း၊ကုမ္ပဏီအဖွဲ့၀င်ကိုရည်ညွှန်းပြီး၊ ဤစာပိုဒ်၏အောက်တွင် ထိုအဓိပ္ပါယ်အတိုင်း သုံးနှုန်းမည်ဖြစ်သည်။) အနေဖြင့် SBI Remit Co., Ltd. (ဤစာပိုဒ်အောက်တွင် “ကုမ္ပဏီ”ဟု ခေါ်ဆိုမည်) ဖြင့် နိုင်ငံတကာသို့ ငွေလွှဲပို့ခြင်းများနှင့် ပတ်သက်သည့် လွှဲပြောင်းမှုများကိုလုပ်ဆောင်ရာတွင် ကုမ္ပဏီမှ သတ်မှတ်ထားသော နိုင်ငံတကာသို့ငွေလွှဲပို့ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (ဤစာပိုဒ်အောက်တွင် “စည်းမျဥ်းစည်းကမ်းများ” ဟုခေါ်ဆိုမည်) တွင်ပါရှိသည့် ပြဌာန်းချက်များအတိုင်း သဘောတူလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဤစည်းမျဥ်းစည်းကမ်းများသည် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု သုံးစွဲသူများနှင့် ကုမ္ပဏီအကြား ချုပ်ဆိုသော စာချုပ်ပါ စည်းကမ်း သတ်မှတ်ချက်များလည်း ဖြစ်သည်။

အခန်း ၁ (အထွေထွေပြဌာန်းချက်များ)

 

အပိုဒ် ၁။ (ရည်ရွယ်ချက်)

ဤစည်းမျဥ်းစည်းကမ်းများ၏ ရည်ရွယ်ချက်မှာ ကုမ္ပဏီမှပံ့ပိုးဆောင်ရွက်ပေးသည့် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှု (အပိုဒ် ၂.(၂) တွင် ဖော်ပြပါအတိုင်း)၊ နိုင်ငံတကာ ငွေလွှဲလက်ခံခြင်းဝန်ဆောင်မှု (အပိုဒ် ၂.(၃) တွင် ဖော်ပြပါအတိုင်း) တို့နှင့်စပ်လျဉ်း၍ ကုမ္ပဏီနှင့် ဝန်ဆောင်မှုများ(အပိုဒ် ၂.(၁) တွင် ဖော်ပြပါအတိုင်း) ကိုအသုံးပြုလိုသော စာချုပ်ဝင်များအကြား ရပိုင်ခွင့်များ၊ တာဝန်များနှင့် ဝန်ဆောင်မှုများအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်ခြင်းဖြစ်ကြောင်း ရည်ရွယ်ပါသည်။

အပိုဒ် ၂။ (အဓိပ္ပါယ်ဖွင့်ဆိုချက်များ)

  • ဤစည်းမျဥ်းစည်းကမ်းများတွင်ပါရှိသည့်စကားရပ်တိုင်းသည် အောက်တွင်ဖော်ပြပါသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။
    (၁) “ဝန်ဆောင်မှုများ” ဆိုသည်မှာ နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုနှင့် နိုင်ငံတကာမှ လွှဲငွေ လက်ခံခြင်းဝန်ဆောင်မှု တို့ကို တစ်ပေါင်းတစ်စည်းတည်းခေါ်ဆိုသတ်မှတ်ပါမည်။
    (၂) “နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှု” ဆိုသည်မှာ ငွေလွှဲဝန်ဆောင်မှုသုံးစွဲသူတစ်ဦး၏ ငွေလွှဲပို့ရန် တောင်းဆိုမှုအရ ဂျပန်နိုင်ငံပြင်ပမှ ငွေလွှဲပို့မှုကိုလက်ခံမည့်သူ (ဤစာပိုဒ်အောက်တွင် “လွှဲငွေလက်ခံသူ” ဟု ခေါ်ဆိုမည်)က ငွေထုတ်ပေးသော မိတ်ဖက်ကုမ္ပဏီမှတစ်ဆင့် လွှဲပြောင်းပေးသည့် ငွေလွှဲလက်ခံခြင်း ပြုလုပ်နိုင်စေမည့် မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲခြင်း၊ အင်တာနက်မှတစ်ဆင့် ငွေလွှဲခြင်း၊ ငွေလွှဲကတ်ဖြင့်ငွေလွှဲခြင်းနှင့် Furikomi ငွေလွှဲခြင်းစသည့်တို့ကို တစ်ပေါင်းတစ်စည်းတည်း ခေါ်ဆိုသတ်မှတ်ပါမည်။
    (၃) “နိုင်ငံတကာမှလွှဲငွေလက်ခံခြင်းဝန်ဆောင်မှု” ဆိုသည်မှာ ငွေလွှဲဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲလက်ခံရန် တောင်းဆိုမှု အပေါ်အခြေခံ၍ ငွေထုတ်ပေးသော မိတ်ဖက်ကုမ္ပဏီမှတစ်ဆင့် ဂျပန်နိုင်ငံပြင်ပရှိ ငွေလွှဲပို့သူထံမှ လွှဲပို့ငွေများကို ငွေလက်ခံသူမှ လက်ခံရရှိနိုင်မည့် ဝန်ဆောင်မှုဟု ခေါ်ဆိုမည်။
    (၄) “အဖွဲ့ဝင်/Member” ဆိုသည်မှာ ကုမ္ပဏီက သတ်မှတ်ထားသော လုပ်ငန်းစဉ်များနှင့်အညီ ဝန်ဆောင်မှုများကို အသုံးပြုရန် ကုမ္ပဏီမှ ခွင့်ပြုထားသော သုံးစွဲသူတစ်ဦးဖြစ်သည်။
    (၅) “ငွေထုတ်ပေးသော မိတ်ဖက်ကုမ္ပဏီ” ဆိုသည်မှာ ကုမ္ပဏီမှ ဝန်ဆောင်မှုများ ဆောင်ရွက်သည့်အခါ ငွေလွှဲ ခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ပေးသည့် ဂျပန်နိုင်ငံပြင်ပတွင်ရှိသော ကုမ္ပဏီ၏ ငွထုတ်ပေးသော မိတ်ဖက်ကုမ္ပဏီဟု ခေါ်ဆိုမည်။
    (၆) “ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်း” ဆိုသည်မှာ ငွေပေါက်စျေးအတည်ပြုခြင်း လုပ်ဆောင်ချက်၊ ငွေလွှဲခြင်းဆိုင်ရာခန့်မှန်းတွက်ချက်ရန်လုပ်ဆောင်ချက်၊ ငွေလွှဲလက်ခံသူအား စာရင်းသွင်း- မှတ်ပုံတင်ခြင်း လုပ်ဆောင်ချက်နှင့် နိုင်ငံတကာသို့ ငွေလွှဲပို့ခြင်းဆိုင်ရာလုပ်ဆောင်ချက်များ စသည့် လုပ်ဆောင်ချက်များ ပါရှိသော ကုမ္ပဏီမှပံ့ပိုးပေးထားသည့် မိုဘိုင်းလ်အပလီကေးရှင်းကို ဆိုလိုပါသည်။
    (၇) “မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲခြင်း” ဆိုသည်မှာ “ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်း” ကိုအသုံးပြု၍ နိုင်ငံတကာသို့ ငွေလွှဲခြင်းဖြစ်သည်။
    (၈) “မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲခြင်းဝန်ဆောင်မှု” ဆိုသည်မှာ မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲခြင်း နည်းလမ်းဖြင့် ဆောင်ရွက်သည့် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုဖြစ်ပြီး လုပ်ငန်း၊ကုမ္ပဏီအဖွဲ့ဝင်များ (Corporate Members) မဟုတ်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းအဖွဲ့ဝင်များ (Individual Members) သာ အသုံးပြုနိုင်သော ဝန်ဆောင်မှုဖြစ်သည်။
    (၉) “အင်တာနက်မှတစ်ဆင့်ငွေလွှဲခြင်း” ဆိုသည်မှာ ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ် (ဤစာပိုဒ်အောက်တွင် “ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်” ဟု ခေါ်ဆိုမည်) ကို အသုံးပြု၍ နိုင်ငံတကာသို့ငွေလွှဲခြင်းဖြစ်သည်။
    (၁၀) “အင်တာနက်မှတစ်ဆင့်ငွေလွှဲဝန်ဆောင်မှု” ဆိုသည်မှာ အင်တာနက်၀က်ဘ်ဆိုဒ်Memberပြုလုပ်၍ငွေလွှဲ နည်းလမ်းဖြင့် ဆောင်ရွက်သည့် နိုင်ငံတကာသို့ ငွေလွှဲဝန်ဆောင်မှုဖြစ်သည်။
    (၁၁) “အကောင့်ဝင်စကားဝှက်” ဆိုသည်မှာ ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်း သို့မဟုတ် အင်တာနက်မှ တစ်ဆင့် ငွေလွှဲဝန်ဆောင်မှုသုံးစွဲသူစာမျက်နှာသို့ ဝင်ရောက်အသုံးပြုနိုင်သည့် စကားဝှက် ဖြစ်သည်။
    (၁၂) “ငွေပေးငွေယူစကားဝှက်” ဆိုသည်မှာ မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲခြင်းဝန်ဆောင်မှု သို့မဟုတ် အင်တာနက်မှတစ်ဆင့်ငွေလွှဲဝန်ဆောင်မှုတို့တွင် ငွေလွှဲရာတွင်အသုံးပြုသည့် ငွေလွှဲပို့ခြင်း စကားဝှက် ဖြစ်သည်။
    (၁၃) “ငွေလွှဲကတ်” ဆိုသည်မှာ ကြိုတင်၍ Member Registerပြုလုပ်ထားပြီး လွှဲငွေ လက်ခံသူ(၁ဦး)စီအတွက် ငွေလွှဲကတ် ထုတ်ပေး၍ ထိုကတ်ဖြင့် နိုင်ငံတကာသို့ ငွေလွှဲနိုင်သောကတ်ဖြစ်သည်။
    (၁၄) “ငွေလွှဲကတ်ဖြင့်ငွေလွှဲခြင်း” ဆိုသည်မှာ ငွေလွှဲကတ်(၁ကတ်)စီအတွက် ကြိုတင်၍လက်ခံသူကို စာရင်းသွင်းထားသော လွှဲငွေလက်ခံသူထံသို့ ငွေလွှဲကတ် အသုံးပြု၍ နိုင်ငံတကာသို့ငွေလွှဲခြင်းဖြစ်သည်။
    (၁၅) “ငွေလွှဲကတ်ဖြင့်ငွေလွှဲဝန်ဆောင်မှု” ဆိုသည်မှာ ငွေလွှဲကတ်ဖြင့်ငွေလွှဲခြင်း နည်းလမ်းဖြင့်ဆောင်ရွက်သည့် နိုင်ငံတကာသို့ငွေလွှဲ ဝန်ဆောင်မှုဖြစ်သည်။
    (၁၆) “Furikomi ငွေလွှဲခြင်း” ဆိုသည်မှာ ကုမ္ပဏီကသတ်မှတ်ထားသော ဘဏ်အကောင့်သို့ ငွေသွင်း၍ နိုင်ငံတကာသို့ငွေလွှဲခြင်းဖြစ်သည်။
    (၁၇) “Furikomi ငွေလွှဲဝန်ဆောင်မှု” ဆိုသည်မှာ ဂျပန်ဘဏ်အကောင့်အချင်းချင်း Furikomi ငွေလွှဲခြင်း နည်းလမ်းဖြင့် နိုင်ငံတကာသို့ ငွေလွှဲခြင်းဖြစ်သည်။
    (၁၈) “ကြိုတင်စာရင်းသွင်းနိုင်ငံတကာငွေလွှဲဝန်ဆောင်မှု” ဆိုသည်မှာ လွှဲငွေလက်ခံသူကို ကြိုတင်စာရင်းသွင်းပြီး ငွေလွှဲကတ်ဖြင့်ငွေလွှဲဝန်ဆောင်မှုနှင့် Furikomi ငွေလွှဲဝန်ဆောင်မှုတို့ကိုတစ်ပေါင်းတစ်စည်းတည်း ခေါ်ဆိုသတ်မှတ်ခြင်းဖြစ်သည်။
    (၁၉) “ငွေဖြည့်ကတ်” ဆိုသည်မှာ အင်တာနက်မှတစ်ဆင့်ငွေလွှဲခြင်းကို ဆောင်ရွက်ရန်အတွက် ငွေလွှဲအကောင့်သို့ (အပိုဒ် ၈.၁ တွင်ဖော်ပြပါအတိုင်း)တွင် ငွေသွင်းရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးထားသည့် ကုမ္ပဏီက သတ်မှတ်ထားသောငွေဖြည့်ကတ်တစ်ခုဖြစ်သည်။
    (၂၀) “အင်တာနက်တွင်ငွေလွှဲလက်ခံရန်လျှောက်ထားခြင်း” ဆိုသည်မှာ နိုင်ငံတကာငွေလွှဲလက်ခံခြင်းဝန်ဆောင်မှု ရရှိရန် ကုမ္ပဏီ၏အင်တာနက်ဝက်ဘ်ဆိုဒ်မှတစ်ဆင့် လျှောက်ထားခြင်းဖြစ်သည်။
    (၂၁) “ဖုန်းဖြင့် ငွေလွှဲလက်ခံရန်လျှောက်ထားခြင်း” ဆိုသည်မှာ ဖုန်းခေါ်ဆို၍ နိုင်ငံတကာ ငွေလွှဲလက်ခံခြင်း ဝန်ဆောင်မှုကို လျှောက်ထားခြင်းဖြစ်သည်။
    (၂၂) “ငွေလက်ခံရရှိမှုသဘောတူညီချက်” ဆိုသည်မှာ ငွေလွှဲလက်ခံရန်အတွက်အင်တာနက်လျှောက်ထားမှု သို့မဟုတ် တယ်လီဖုန်းဖြင့်ငွေလွှဲလက်ခံရန်လျှောက်ထားမှုမှတစ်ဆင့် ချုပ်ဆိုထားသော ငွေလွှဲပြောင်းမှုကို လက်ခံရယူရန် သဘောတူညီချက်ဖြစ်သည်။
    (၂၃) “SBI Remit NEOBANK” ဆိုသည်မှာ ဝန်ဆောင်မှုသုံးစွဲသူများမှ SBI Sumishin Net Bank ၏ ငွေလွှဲဘဏ်ခွဲတွင် ဘဏ်စာရင်း (“SSNB Account”) ဖွင့်လှစ်၍ မိုဘိုင်းလ်အပလီကေးရှင်းဖြင့် ငွေလွှဲခြင်းဝန်ဆောင်မှုအတွက် SSNB Account မှ ငွေလွှဲပြောင်းခြင်းများဆောင်ရွက်ရန် SBI Sumishin Net Bank, Ltd. (“SSNB”) ၏ ဘဏ်ကိုယ်စားလှယ်အဖြစ် ကုမ္ပဏီမှ ကြားခံဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုဖြစ်သည်။ SSNB အကောင့်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များရယူခြင်းနှင့် ဝန်ဆောင်မှုပေးရာ၌ ဝန်ဆောင်မှုသုံးစွဲသူများထံ ထိုအချက်အလက်များကို ပံ့ပိုးပေးခြင်းသည် ကုမ္ပဏီသို့ SSNB မှ အချက်အလက်ပေးပို့မှုအပေါ်အခြေခံခြင်းဖြစ်ပြီး၊ ကုမ္ပဏီသို့ ဝန်ဆောင်မှုသုံးစွဲသူများက အချက်အလက်များ ပေးပို့ထားခြင်းမဟုတ်ပါ။

     

    အပိုဒ် ၃။ (ဝန်ဆောင်မှုများကို အသုံးပြုခြင်း)

    • ၁။ ဝန်ဆောင်မှုများကိုအသုံးပြုရာတွင်၊ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ကုမ္ပဏီ၏ အဖွဲ့ဝင် ဖြစ်ရန်အတွက် အပိုဒ် ၄ မှ ၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဖွဲ့ဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးစီးစေရန် ကြိုတင်ဆောင်ရွက်ရမည်။ အဖွဲ့ဝင်မှတ်ပုံတင်ခြင်းကို သုံးစွဲသူတစ်ဦးလျှင် (၁) ကြိမ်သာ မှတ်ပုံတင်ရန် ကန့်သတ်ထားသည်။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးအနေဖြင့် ဝန်ဆောင်မှုများကိုအသုံးပြုပါက ၎င်းအနေဖြင့် ဤစည်းမျဥ်းစည်းကမ်းများကို သဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပြီး၊ ဤစည်းမျဥ်း စည်းကမ်းများသည် အပိုဒ် ၄ မှ ၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဖွဲ့ဝင် မှတ်ပုံတင်ခြင်း လျှောက်ထားမှု တင်သွင်းခဲ့သည့် အချိန်ကာလသို့ နောက်ကြောင်းပြန် သက်ရောက်စေရမည်ဖြစ်သည်။ ထို့အပြင် အောက်ပါပုဂ္ဂိုလ်များသည် ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပါ-
    (၁) ဂျပန်နိုင်ငံတွင် တရားဝင်အခြေစိုက်နေထိုင်ခြင်းမရှိသူများ၊
    (၂) ဂျပန်နိုင်ငံတွင် ခေတ္တနေထိုင်သူများ။
    • ၂။ အခြေခံသဘောတရားအားဖြင့် ဝန်ဆောင်မှုသုံးစွဲသူများသည် မိုဘိုင်းလ်ဖုန်းတစ်လုံး အစရှိသည်တို့ပေါ်တွင် ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်းကို ထည့်သွင်းအသုံးပြု၍ တစ်ရက်လျှင် ၂၄ နာရီနှင့် တစ်နှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ ဤစည်းမျဥ်းစည်းကမ်းပါ ပြဌာန်းချက်များနှင့်အညီ မိုဘိုင်းလ်အပလီကေးရှင်းဖြင့် ငွေလွှဲခြင်းဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။
    • ၃။ အခြေခံသဘောတရားအားဖြင့် ဝန်ဆောင်မှုသုံးစွဲသူများသည် အင်တာနက်ချိတ်ဆက်ထားသည့် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး သို့မဟုတ် မိုဘိုင်းလ်ဖုန်း တစ်လုံး စသည်တို့ကို အသုံးပြုခြင်း (ဤစာပိုဒ် အောက်တွင် “terminal များ” ဟု စုပေါင်းခေါ်ဆိုမည်) အားဖြင့်လည်းကောင်း၊ ကုမ္ပဏီမှသတ်မှတ်ထားသော အခြားနည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း၊ တစ်နှစ်ပတ်လုံး နာရီနှင့်အမျှ အင်တာနက်မှတစ်ဆင့်ငွေလွှဲဝန်ဆောင်မှု ကိုအသုံးပြုနိုင်မည်ဖြစ်သည်။
    • ၄။ ကုမ္ပဏီ၏မိတ်ဖက် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ သတ်မှတ်ထားသည့်အချိန်များအတွင်း ငွေလွှဲကတ်ဖြင့် ငွေလွှဲဝန်ဆောင်မှုကို ဝန်ဆောင်မှုသုံးစွဲသူများမှ ဤစည်းမျဥ်းစည်းကမ်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသုံးပြုနိုင်မည်ဖြစ်သည်။
    • ၅။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ကုမ္ပဏီ၏မိတ်ဖက်ဘဏ္ဍာရေးအဖွဲ့အစည်းများမှ သတ်မှတ်ထားသော အချိန်များအတွင်း Furikomi ငွေလွှဲဝန်ဆောင်မှုကို ဤစည်းမျဥ်းစည်းကမ်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသုံးပြုနိုင်မည်ဖြစ်သည်။
    • ၆။ အထက်ပါအပိုဒ်ခွဲ လေးပိုဒ်တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ၊ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် လိုအပ်သော စနစ်ပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းရေး (system maintenance) အစရှိသည်တို့အတွက် ဝန်ဆောင်မှုတစ်စိတ်တစ်ဒေသ သို့မဟုတ် အလုံးစုံကို ရပ်နားခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်သည်။
    • ၇။ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုများကို ခေတ္တရပ်နားထားမည်ဆိုပါက ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်တွင် ကြိုတင်သတိပေးချက်တစ်ရပ်ကိုထုတ်ပြန်ရမည်ဖြစ်သည်။ သို့ရာတွင် စနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ရပ် အစရှိသည်တို့ကြောင့် အရေးတကြီးဆောင်ရွက်ရန်လိုအပ်သည်ဟု ကုမ္ပဏီမှယူဆသည့်အခါ အဆိုပါ စနစ်များ၏ တစ်စိတ်တစ်ဒေသ သို့မဟုတ် အလုံးစုံကို ကြိုတင်သတိပေးချက်ထုတ်ပြန်ခြင်းမရှိဘဲ ရပ်နားခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်သည်။

     

     

    အပိုဒ် ၄။ (မိုဘိုင်းလ်အပလီကေးရှင်းမှတစ်ဆင့် အဖွဲ့ဝင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ)

    • ၁။ ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်းမှတစ်ဆင့် ဝန်ဆောင်မှုရယူရန်လျှောက်ထားသည့်အခါ၊ ဝန်ဆောင်မှု သုံးစွဲသူများအနေဖြင့် ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်းကိုအသုံးပြုမည့် အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် ကုမ္ပဏီမှသတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းချက်ဆိုင်ရာ သဘောတူညီချက်အပါအဝင် ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်းလိုက်နာလုပ်ဆောင်၍ လျှောက်ထားရမည်။
    • ၂။ အထက်ပါအပိုဒ်တွင်ဖော်ပြပါရှိသော အဖွဲ့ဝင်အသစ်မှတ်ပုံတင် လျှောက်ထားခြင်းကို အောက်ပါ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။ ထို့အပြင် ကုမ္ပဏီမှ လိုအပ်သည်ဟု ယူဆပါက ဝန်ဆောင်မှုသုံးစွဲသူ၏ ဖုန်းနံပါတ် စသည်တို့ကို ဆက်သွယ်နိုင်ပါသည်။
    • (၁) ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်းကိုအသုံးပြု၍ ၎င်း၏ အကောင့်ဝင် စကားဝှက်ကိုသတ်မှတ်ပြီး၊ အီးမေးလ်လိပ်စာကို မှတ်ပုံတင်ခြင်းဖြင့် ၎င်း၏ အီးမေးလ်လိပ်စာသည် စစ်မှန်ကြောင်းသက်သေပြရမည်။ ဤအချက်နှင့်အညီ ၎င်း၏အီးမေးလ်လိပ်စာကို အောင်မြင်စွာ စစ်မှန်ကြောင်းအထောက်အထားပြခဲ့သော ဝန်ဆောင်မှုသုံးစွဲသူအား “ယာယီအဖွဲ့ဝင်” အဖြစ် ရည်ညွှန်း သတ်မှတ်မည်ဖြစ်သည်။
      (၂) ၎င်း၏အီးမေးလ်လိပ်စာကို စစ်မှန်ကြောင်းအထောက်အထားပြပြီးနောက်၊ ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီမှထုတ်ပေးသော အသုံးပြုသူအမည်နှင့် ဝန်ဆောင်မှုသုံးစွဲသူမှ သတ်မှတ်ထားသည့် အကောင့်ဝင်စကားဝှက်ကိုအသုံးပြု၍ အကောင့်ထဲသို့ဝင်ရောက်ကာ ငွေပေးငွေယူစကားဝှက်ကို သတ်မှတ်ရမည်။
      (၃) ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူ၏အမြဲတမ်းနေထိုင်ရာအရပ်ဒေသ၊ အစရှိသည်တို့ကဲ့သို့သော ဝန်ဆောင်မှုသုံးစွဲသူ၏အချက်အလက်များ (ဤမှနောင်တွင် “အဖွဲ့ဝင်အချက်အလက်များ” ဟု ခေါ်ဆိုမည်) ကို စာရင်းသွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး၊ Act on Prevention of Transfer of Criminal Proceeds (နောက်ဆက်တွဲပြန်လည်ပြင်ဆင်မှုများအပါအဝင် ၂၀၀၇ ခုနှစ်၏ အက်ဥပဒေအမှတ် ၂၂၊ နှင့် အလားတူဥပဒေများလည်း ဤမှနောင်တွင်သက်ဆိုင်စေရမည်) နှင့် Foreign Exchange and Foreign Trade Act (တစ်‌ပေါင်းတစ်စည်းတည်းအားဖြင့် ဤမှနောင်တွင် “Acts on Prevention of Transfer of Criminal Proceeds နှင့် အစရှိသည်”) တို့နှင့်အညီ အထောက်အထားအတည်ပြုခြင်းများကို သတ်မှတ်သည့် ပုံစံအတိုင်း ကုမ္ပဏီကဆောင်ရွက်ရမည်။
    • ၃။ ကုမ္ပဏီအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားများကို အတည်ပြုဆောင်ရွက်နိုင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူထံ ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိလျှင်သော်လည်းကောင်း ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူ၏ စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်ပါ။ ထို့အပြင် ဝန်ဆောင်မှုသုံးစွဲသူ၏ အဖွဲ့ဝင်အချက်အလက်နှင့် စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ရှိကြောင်း ကုမ္ပဏီမှ ဆုံးဖြတ်သည့်အခါတွင်လည်း စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ ကုမ္ပဏီဘက်မှ စာရင်းသွင်းမှတ်ပုံတင်ပေးရန် ငြင်းဆိုမှုကြောင့် ဝန်ဆောင်မှုသုံးစွဲသူတွင် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
    • ၄။ အထောက်အထားအတည်ပြုပြီးသော ဝန်ဆောင်မှုသုံးစွဲသူများ၏ စာရင်းသွင်းမှတ်ပုံတင်မှုများကို ကုမ္ပဏီမှ စစ်ဆေးမှုဆောင်ရွက်မည်ဖြစ်သည်။
    • ၅။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ကုမ္ပဏီမှဆောင်ရွက်သည့် စာရင်းသွင်းမှတ်ပုံတင်ခြင်းစစ်ဆေးမှုကို အောင်မြင်ပြီးသည့်အခါ ဝန်ဆောင်မှုများသုံးစွဲနိုင်သည့် အဖွဲ့ဝင်တစ်ဦးဖြစ်လာမည်ဖြစ်သည်။
    • ၆။ ယာယီအသင်းဝင်များဖြစ်လာသော ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်းပါ အောက်ပါလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ပါသည်-
    • (၁) ငွေလွှဲနှုန်းအတည်ပြုခြင်း၊
      (၂) ငွေလွှဲခြင်းဆိုင်ရာ အစမ်းဆောင်ရွက်မှုပြုခြင်း၊
      (၃) ငွေလွှဲလက်ခံသူအား စာရင်းသွင်းမှတ်ပုံတင်ခြင်း။

       

       

      အပိုဒ် ၅။ (အင်တာနက်မှတစ်ဆင့် အဖွဲ့ဝင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ)

      • ၁။ ဝန်ဆောင်မှုရယူရန် အင်တာနက်မှတစ်ဆင့် လျှောက်ထားသည့်အခါ၊ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ကုမ္ပဏီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် ကုမ္ပဏီ၏ ၀က်ဘ်ဆိုဒ်တွင် စာရင်းသွင်းလျှောက်ထားရမည်။ ထိုသို့လျှောက်ထားရာတွင် “အဖွဲ့ဝင်အချက်အလက်” များကို စာရင်းသွင်းမှတ်ပုံတင်ခြင်းအပါအဝင် ကုမ္ပဏီမှသတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပြည့်စုံစွာ ဖြည့်စွက်လျှောက်ထားရမည်။
      • ၂။ အထက်ပါအပိုဒ်ခွဲတွင် ဖော်ပြထားသောလျှောက်ထားမှုကို လက်ခံရရှိပြီးနောက်၊ ကုမ္ပဏီအနေဖြင့် မိမိတို့ သတ်မှတ်ထားသည့်အတိုင်း စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ခွင့်ပြုချက်ပေးမည်ဆိုပါက၊ ကုမ္ပဏီအနေဖြင့် Acts on Prevention of Transfer of Criminal Proceeds နှင့်အစရှိသည်တို့နှင့်အညီ ကုမ္ပဏီမှ သတ်မှတ်ထားသည့် နည်းလမ်းကို အသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူ၏ အထောက်အထားကို အတည်ပြု၍ ဝန်ဆောင်မှုသုံးစွဲသူထံ ယာယီအကောင့်ဝင်စကားဝှက် ကိုထုတ်ပေးရမည်။
        ကုမ္ပဏီမှ လိုအပ်သည်ဟု ယူဆပါက ဝန်ဆောင်မှုသုံးစွဲသူ၏ တယ်လီဖုန်းနံပါတ် စသည်တို့ကို ဆက်သွယ် နိုင်ပါသည်။
      • ၃။ ကုမ္ပဏီအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားများကို အတည်ပြုဆောင်ရွက်နိုင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူထံ ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိလျှင်သော်လည်းကောင်း၊ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူ၏ စာရင်းသွင်း မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်ပါ။ ထို့အပြင် ဝန်ဆောင်မှုသုံးစွဲသူ၏ အဖွဲ့ဝင် အချက်အလက်နှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ရှိကြောင်း ကုမ္ပဏီမှ ဆုံးဖြတ်သည့်အခါတွင်လည်း စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ ကုမ္ပဏီဘက်မှ စာရင်းသွင်း မှတ်ပုံတင်ပေးရန် ငြင်းဆိုမှုကြောင့် ဝန်ဆောင်မှုသုံးစွဲသူတွင် ဖြစ်ပေါ်လာသည့် ဆုံးရှုံး နစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
      • ၄။ အင်တာနက်မှတစ်ဆင့် စာရင်းသွင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးစီးသည့် ဝန်ဆောင်မှုသုံးစွဲသူသည်- (၁) အပိုဒ်ခွဲ ၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီမှထုတ်ပေးသည့် ယာယီအကောင့်ဝင်စကားဝှက် နှင့် အပိုဒ်ခွဲ ၁ ပါ လျှောက်ထားမှုပြုလုပ်ရာတွင် ဖော်ပြသတ်မှတ်ထားသည့် အသုံးပြုသူအမည် တို့ကို အသုံးပြု၍ ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်ရှိ ဝန်ဆောင်မှုစာမျက်နှာသို့ ဝင်ရောက်ခြင်း၊ (၂) စာရင်းသွင်းမှတ်ပုံတင်သည့်အချိန်၌ ကုမ္ပဏီသို့အသိပေးတင်ပြခဲ့သော အဖွဲ့ဝင်အချက်အလက်များ မှန်ကန်ကြောင်းအတည်ပြုခြင်း၊ နှင့် အမှားအယွင်းများ သို့မဟုတ် ပြောင်းလဲမှုများတွေ့ရှိပါက ကုမ္ပဏီမှသတ်မှတ်ထားသောနည်းလမ်းဖြင့် မှန်ကန်သည့်အဖွဲ့ဝင်အချက်အလက်များကို ကုမ္ပဏီသို့ အသိပေးအကြောင်းကြားခြင်း၊ (၃) ဝန်ဆောင်မှုစာမျက်နှာတွင် ဖော်ပြထားသော ဤစည်းမျဥ်း စည်းကမ်းများကို သဘောတူလက်ခံခြင်း၊ (၄) (က) ယာယီအကောင့်ဝင်စကားဝှက်ကို အကောင့်ဝင်စကားဝှက်သို့ ပြောင်းလဲရန်နှင့် (ခ) ငွေပေးငွေယူစကားဝှက်တို့ကို သတ်မှတ်ရန် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
      • ၅။ အထက်အပိုဒ်ခွဲပါ အကောင့်ဝင်စကားဝှက်နှင့် ငွေပေးငွေယူစကားဝှက် သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးစီးပါက အဖွဲ့ဝင်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး ဝန်ဆောင်မှုသုံးစွဲသူသည် ဝန်ဆောင်မှုများ အသုံးပြုနိုင်သည့်အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

       

       

      အပိုဒ် ၆။ (တယ်လီဖုန်းဖြင့် အဖွဲ့ဝင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ)

      • ၁။ ဝန်ဆောင်မှုသုံးစွဲလိုသူသည် တယ်လီဖုန်း သို့မဟုတ် ကုမ္ပဏီမှခွင့်ပြုထားသော အခြားဆက်သွယ်ရေး နည်းလမ်းများဖြင့် ဝန်ဆောင်မှုရယူရန်လျှောက်ထားပါက၊ အဖွဲ့ဝင်အချက်အလက်များကို အသိပေး အကြောင်းကြားခြင်းအပါအဝင် ကုမ္ပဏီမှသတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်၍ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းမှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်သည်။
      • ၂။ အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသောလျှောက်ထားမှုကို လက်ခံရရှိပြီးနောက် ကုမ္ပဏီအနေဖြင့် မိမိတို့ သတ်မှတ်ထားသည့်အတိုင်း စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ခွင့်ပြုချက်ပေးမည် ဆိုပါက ကုမ္ပဏီအနေဖြင့် Acts on Prevention of Transfer of Criminal Proceeds နှင့်အစရှိသည်တို့နှင့်အညီ ကုမ္ပဏီမှ သတ်မှတ်ထားသည့်နည်းလမ်းကို အသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူ၏အထောက်အထားကို အတည်ပြု၍ ဝန်ဆောင်မှုသုံးစွဲသူထံ သတ်မှတ်ထားသော ငွေပေးငွေယူ စာရွက်စာတမ်းများ (၎င်းတွင်ငွေလွှဲကတ်ပါ၀င်နိုင်သည်) ကို ပေးပို့ရမည်။ ကုမ္ပဏီမှ လိုအပ်သည်ဟု ယူဆပါက ဝန်ဆောင်မှု သုံးစွဲသူ၏ တယ်လီဖုန်းနံပါတ် စသည်တို့ကို ဆက်သွယ်နိုင်ပါသည်။
      • ၃။ အထက်အပိုဒ်ခွဲပါ သတ်မှတ်သည့် နည်းလမ်းဖြင့် ငွေပေးငွေယူစာရွက်စာတမ်းများကို လက်ခံရရှိသော ဝန်ဆောင်မှုသုံးစွဲသူသည် ဝန်ဆောင်မှုများအသုံးပြုနိုင်သည့်အဖွဲ့ဝင် ဖြစ်လာမည်ဖြစ်သည်။
      • ၄။ ကုမ္ပဏီအနေဖြင့် အထက်ဖော်ပြပါ အထောက်အထားစာရွက်စာတမ်းများကို အတည်ပြုဆောင်ရွက်နိုင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ အထက်အပိုဒ်ပါ အပိုဒ်ခွဲ ၂ အရ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူထံ ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိလျှင်သော်လည်းကောင်း ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူ၏ စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်ပါ။ ထို့အပြင် ဝန်ဆောင်မှုသုံးစွဲသူ၏အဖွဲ့ဝင်အချက်အလက်နှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်ရှိကြောင်း ကုမ္ပဏီမှ ဆုံးဖြတ်သည့်အခါတွင်လည်း စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ ကုမ္ပဏီဘက်မှ စာရင်းသွင်းမှတ်ပုံတင်ပေးရန် ငြင်းဆိုမှုကြောင့် ဝန်ဆောင်မှုသုံးစွဲသူတွင် ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
      • ၅။ အဖွဲ့ဝင်အဖြစ် လျှောက်ထားစဉ်တွင် ကုမ္ပဏီသို့တင်ပြထားသည့် အဖွဲ့ဝင်အချက်အလက်များတွင် အမှားအယွင်းများ သို့မဟုတ် ပြောင်းလဲမှုများတွေ့ရှိပါကဝန်ဆောင်မှုသုံးစွဲသူသည်ကုမ္ပဏီမှ သတ်မှတ်ထား သည့်နည်းလမ်းဖြင့် မှန်ကန်သောအဖွဲ့ဝင်အချက်အလက်များကို ကုမ္ပဏီသို့ ချက်ချင်းအသိပေး အကြောင်းကြားရမည်။

       

       

      အပိုဒ် ၇။ (လူကိုယ်တိုင် အဖွဲ့ဝင်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ)

      • ၁။ ဝန်ဆောင်မှုများရယူရန် လူကိုယ်တိုင်လျှောက်ထားသည့်အခါ ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်၍ အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားရမည်။
      • ၂။ အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသော လျှောက်လွှာကိုလက်ခံရရှိပြီးနောက် ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူ၏ အထောက်အထားကို Acts on Prevention of Transfer of Criminal Proceeds နှင့် အစရှိသည်တို့နှင့်အညီ အတည်ပြု၍ မှတ်ပုံတင်စာရင်းသွင်းခြင်းကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး ခွင့်ပြုချက်ပေးမည်ဆိုပါက ကုမ္ပဏီအနေဖြင့် မိမိတို့သတ်မှတ်ထားသည့် နည်းလမ်းဖြင့် ဝန်ဆောင်မှု သုံးစွဲသူကို ဆက်သွယ်၍ အကြောင်းကြားမည်ဖြစ်သည်။
      • ၃။ အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသော အကြောင်းကြားမှု ကိုလက်ခံရရှိသည့် ဝန်ဆောင်မှုသုံးစွဲသူသည် ဝန်ဆောင်မှုများအသုံးပြုနိုင်သည့်အဖွဲ့ဝင် ဖြစ်လာမည်ဖြစ်သည်။
      •  

         

        အပိုဒ် ၈။ (ငွေလွှဲအရံငွေစာရင်း)

        • ၁။ ငွေလွှဲအရံငွေနှင့် ငွေလွှဲလက်ခံခြင်းဝန်ဆောင်မှုကိုအသုံးပြု၍လက်ခံရရှိမည့်ငွေများ (ဤမှနောင်တွင် “ငွေလွှဲလက်ခံရရှိမှု” ဟု ခေါ်ဆိုမည်) တို့ကိုစီမံခန့်ခွဲရန်အတွက်အသုံးပြုသည့် ငွေစာရင်း (ဤမှနောင်တွင် “ငွေလွှဲအရံငွေစာရင်း” ဟုခေါ်ဆိုမည်) တစ်ခုစီကို ကုမ္ပဏီသည် အဖွဲ့ဝင်ဖြစ်လာသော ဝန်ဆောင်မှု သုံးစွဲသူတစ်ဦးစီထံသို့ ပေးအပ်ရမည်။
      • ၂။ မိုဘိုင်းလ်အပလီကေးရှင်းဖြင့် ငွေလွှဲဝန်ဆောင်မှု သို့မဟုတ် အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုသော ဝန်ဆောင်မှုသုံးစွဲသူများသည် အောက်ပါနည်းလမ်းများအနက်မှ တစ်ခုခုဖြင့် ငွေလွှဲအရံငွေ စာရင်းသို့ ငွေသွင်းရမည်။ ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းရာတွင် ဂျပန်ယန်းငွေကြေးဖြင့် ထည့်သွင်းရမည်ဖြစ်ပြီး၊ ငွေလွှဲအရံငွေစာရင်းသို့ ငွေလွှဲအရံငွေ ထည့်သွင်းပြီးစီးမှု ရှိမရှိစစ်ဆေးရန်မှာ ဝန်ဆောင်မှုသုံးစွဲသူ၏ တာဝန်ဖြစ်သည်။
      • (၁) ဝန်ဆောင်မှုသုံးစွဲသူ၏ဘဏ်စာရင်းဖြင့် ဘဏ်မှတစ်ဆင့်ငွေလွှဲခြင်း (Japan Post Bank Co., Ltd. အပါအဝင်);
        (၂) ကွန်ဗီးနီးယန့်စတိုးဆိုင်မှ ငွေပေးချေမှုစလစ်ဖြင့် ငွေသွင်းခြင်း၊ သို့မဟုတ်
        (၃) အပ်ငွေကတ် ဖြင့်ငွေသွင်းခြင်း။
      • ၃။ ကြိုတင်စာရင်းသွင်းနိုင်ငံတကာငွေလွှဲဝန်ဆောင်မှု ကိုအသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီမှငှားရမ်းထားသည့် ငွေလွှဲကတ်ကိုအသုံးပြု၍လည်းကောင်း၊ ငွေလွှဲခြင်းဖြင့်လည်းကောင်း ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းရမည်ဖြစ်သည်။ ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းရာတွင် ဂျပန်ယန်း ငွေကြေးဖြင့် ထည့်သွင်းရမည်ဖြစ်ပြီး၊ ငွေလွှဲအရံငွေစာရင်းသို့ ငွေလွှဲအရံငွေ ထည့်သွင်းပြီးစီးမှု ရှိ မရှိ စစ်ဆေးရန်မှာ ဝန်ဆောင်မှုသုံးစွဲသူ၏ တာဝန်ဖြစ်သည်။
      • ၄။ ဤအပိုဒ်နှင့်အညီ ဝန်ဆောင်မှုသုံးစွဲသူများမှ ငွေလွှဲအရံငွေစာရင်းအတွင်းသို့ ထည့်သွင်းသောငွေများသည် ငွေလွှဲအရံငွေအဖြစ် လက်ခံသည့်အပ်ငွေများသာဖြစ်ပြီး၊ ဘဏ်များ အစရှိသည်တို့မှဆောင်ရွက်သည့် အပ်ငွေလက်ခံခြင်း၊ ငွေစုခြင်း သို့မဟုတ် အရစ်ကျငွေစုခြင်း အစရှိသည် (“အရစ်ကျငွေစုခြင်း အစရှိသည်ဖြင့်” ၏ အဓိပ္ပါယ်သည် ဘဏ်လုပ်ငန်းအက်ဥပဒေ (နောက်ဆက်တွဲ ပြန်လည်ပြင်ဆင်မှုများ အပါအဝင် ၁၉၈၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၅၉) ၏ ပုဒ်မ (၂)၊ အပိုဒ် (၄) တွင်ဖော်ပြထားသည့်အတိုင်းဖြစ်ပြီး၊ ၎င်းစကားရပ်သည် ဤမှနောင်တွင် အလားတူအတိုင်း သက်ရောက်စေရမည်) တို့နှင့် သဘောသဘာဝကွဲပြားခြားနားပြီး၊ ငွေလွှဲအရံငွေစာရင်းတွင် ထည့်သွင်းထားသည့်ငွေများပေါ်တွင် အတိုးရရှိမည်မဟုတ်ကြောင်းနှင့် ငွေလွှဲလိုခြင်း မရှိသည့် ငွေပမာဏကို ထည့်သွင်းထားရှိခြင်းများ မပြုလုပ်သင့်ကြောင်း ဝန်ဆောင်မှုသုံးစွဲသူများမှ အပြည့်အဝ ကြိုတင် နားလည်သိရှိလက်ခံပါသည်။
      •  

         

        အပိုဒ် ၉။ (အသုံးပြုမှု အခြေအနေကို အတည်ပြုခြင်း၊ အစရှိသည်ဖြင့်)

        • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် ငွေလွှဲအရံငွေစာရင်း လုပ်ဆောင်ချက်မှတ်တမ်းများ၊ ငွေလွှဲအရံငွေစာရင်းရှိ ငွေလွှဲအရံငွေလက်ကျန်ပမာဏ နှင့် ကုမ္ပဏီဝက်ဘ်ဆိုဒ်ရှိ ဝန်ဆောင်မှုအသုံးပြုမှုမှတ်တမ်းများကို စစ်ဆေးနိုင်ပါသည်။
        • ၂။ ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူများ၏ ဝန်ဆောင်မှုအသုံးပြုမှုနှင့်ပတ်သက်သော မှတ်တမ်းများကို ထိုက်သင့်သည့် ကာလတစ်ခုအတွင်း ထိန်းသိမ်းပေးမည်ဖြစ်သည်။ ဝန်ဆောင်မှုများအသုံးပြုခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူအကြားတွင် သံသယ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကုမ္ပဏီ၏မှတ်တမ်းများကိုသာ တရားဝင်အဖြစ် မှတ်ယူ ဆောင်ရွက်မည် ဖြစ်သည်။

         

         

        အပိုဒ် ၁၀။ (ငွေလွှဲအရံငွေပြန်လည်ပေးအမ်းခြင်း)

        • ၁။ ဝန်ဆောင်မှုများကိုအသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်း မှလည်းကောင်း ဝက်ဘ်ဆိုဒ်မှ လည်းကောင်း ကုမ္ပဏီမှသတ်မှတ်ထားသော အခြားလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ကြိုတင်ငွေလွှဲအကောင့်မှ ငွေလွှဲကတ်ကျန်ငွေကို ပြန်လည် ထုတ်ယူနိုင်သည်။
        • ၂။ အထက်အပိုဒ်ခွဲပါ ပြန်အမ်းငွေများကို ပြန်လည်ထုတ်ယူရာတွင် ဝန်ဆောင်မှုသုံးစွဲသူ၏အမည်ဖြင့် ဖွင့်လှစ်ထားသောငွေစုဘဏ်စာရင်း (savings account) တစ်ခုသို့ ဘဏ်ငွေလွှဲခြင်းနည်းလမ်းဖြင့် လွှဲပြောင်းရယူခြင်းကို ကန့်သတ်ထားပါသည်။
        • ၃။ ဝန်ဆောင်မှုသုံးစွဲသူများသည် အထက်ပါအပိုဒ်ခွဲနှစ်ပိုဒ်တွင်ဖော်ပြထားသော ပြန်အမ်းငွေထုတ်ယူမှုအတွက် အပိုဒ် ၃၈.၁(၄) တွင်ဖော်ပြထားသော ငွေထုတ်ဝန်ဆောင်ခကို ပေးဆောင်ရမည်ဖြစ်သည်။
        • ၄။ အထက်အပိုဒ်ခွဲတွင် ဖော်ပြထားသည့် ငွေထုတ်ဝန်ဆောင်ခကို ကုမ္ပဏီသည် ပြန်လည်ပေးအမ်းရမည့် ငွေလွှဲလက်ကျန်ငွေမှ နုတ်ယူရရှိမည်ဖြစ်သည်။
        •  

           

          အပိုဒ် ၁၀-၂။ (ငွေလွှဲရန် အစီအစဉ်မရှိသော ငွေလွှဲအရံငွေအား ပြန်အမ်းခြင်း၊ စသည်)

          • ၁။ ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲအရံငွေသည် ကာလအတိုင်းအတာတစ်ခုအထိ အသုံးမပြုဘဲ ကျန်ရှိနေလျှင်၊ သို့မဟုတ် ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲအရံငွေလက်ကျန်ပမာဏသည် ဂျပန်ယန်း ၁,၀၀၀,၀၀၀ (တစ်သန်း) ထက်ကျော်လွန်နေလျှင် ကုမ္ပဏီသည် အဆိုပါဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ မေးမြန်းရန် ဆက်သွယ်နိုင်သည်။ ထိုသို့သောကိစ္စရပ်များတွင်၊ တိကျသော ငွေလွှဲမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ဝန်ဆောင်မှုသုံးစွဲသူထံမှ တိကျသောပြန်ကြားချက်တစ်စုံတစ်ရာ မရရှိလျှင်၊ ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူအား ဆက်သွယ်၍မရလျှင်၊ သို့မဟုတ် အဆိုပါလက်ကျန်ငွေ အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအတွက် တိကျသော ငွေလွှဲမည့်အစီအစဉ်မရှိဟု ကုမ္ပဏီမှ အခြားနည်းလမ်းဖြင့် ဆုံးဖြတ်လျှင် ကုမ္ပဏီသည် ငွေလွှဲအရံငွေ အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဝန်ဆောင်မှုသုံးစွဲသူထံ ပြန်လည်ပေးအမ်းနိုင်သည်။ ဤကဲ့သို့သောကိစ္စရပ်များတွင် ငွေလွှဲအရံငွေပြန်အမ်းခြင်းများကို ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းဖြင့် ကုမ္ပဏီရုံးချုပ်၌ ပြုလုပ်ရမည်ဖြစ်သည်။
          • ၂။ ဝန်ဆောင်မှုသုံးစွဲသူများသည် အထက်ပါအပိုဒ်ခွဲတွင် ဖော်ပြထားသော ပြန်အမ်းငွေအတွက် ကုန်ကျစရိတ်အဖြစ် အပိုဒ် ၃၈.၁(၅) တွင် ဖော်ပြထားသည့် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို ပေးဆောင်ရမည်။ ကုမ္ပဏီသည် အဆိုပါပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို ပြန်လည်ပေးအမ်းရမည့် ငွေလွှဲအရံငွေ ပမာဏထဲမှ နုတ်ယူခြင်းဖြင့် ရယူမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခပမာဏသည် ပြန်လည်ပေးအမ်းရမည့် ငွေလွှဲအရံ ငွေစာရင်း လက်ကျန်ထက် ကျော်လွန်နေပါက ဝန်ဆောင်မှုသုံးစွဲသူသည် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို သီးခြား ပေးဆောင်ရမည်။ ထို့အပြင် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခပမာဏသည် ငွေလွှဲအရံ ငွေစာရင်း လက်ကျန်ထက် ကျော်လွန်နေပြီး၊ ဝန်ဆောင်မှုသုံးစွဲသူမှ ပြန်အမ်းငွေဆိုင်ရာ ဝန်ဆောင်ခများကို သီးခြားပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ပြန်အမ်းငွေမပေးနိုင်ခြင်း၊ သို့မဟုတ် အခြားအကြောင်းများကြောင့် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုရှိ ဝန်ဆောင်မှုသုံးစွဲသူမှ သတ်မှတ်ထားသည့် ဘဏ်စာရင်းသို့ ပြန်အမ်းငွေမပေးနိုင်ခြင်းတို့ဖြစ်ပေါ်ပါက ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများသည် ကုမ္ပဏီနှင့်သက်ဆိုင်ခြင်းမရှိပါ။
          •  

             

            အပိုဒ် ၁၁။ (စကားဝှက်များ အစရှိသည်တို့ကို စီမံခန့်ခွဲခြင်း)

            • ၁။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် ဝန်ဆောင်မှုများကိုအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏မိုဘိုင်းလ် အပလီ ကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်ကိုအသုံးပြုပါက၊ ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် မိမိ၏ အသုံးပြုသူအမည်၊ အကောင့်ဝင်စကားဝှက်နှင့် ငွေပေးငွေယူစကားဝှက် (ဤမှနောင်တွင် အသုံးပြုသူအမည်နှင့်တကွ “စကားဝှက် အစရှိသည်တို့” ဟုခေါ်ဆိုမည်) တို့ကို မိမိကိုယ်တိုင်တာဝန်ယူ၍ မည်သည့် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းမျှ သိရှိခြင်းမရှိအောင် တင်းကြပ်စွာစီမံခန့်ခွဲရမည်ဖြစ်သည်။ ထို့အပြင် ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် မည်သည့်တတိယပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို အလားတူအရာများကို ငှားရမ်းခြင်း၊ အပ်နှံခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အာမခံပစ္စည်းအဖြစ် ထားရှိခြင်းများမပြုရပါ။
            • ၂။ ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် စကားဝှက် အစရှိသည်တို့ကို ပျောက်ဆုံးသွားခဲ့ခြင်း သို့မဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ရပ်ရပ်မှ သိရှိသွားခြင်းဖြစ်ပေါ်လာပါက ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီမှသတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်၍ စကားဝှက် အစရှိသည်တို့ကို ပြောင်းလဲခြင်းများ ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်သည်။
            • ၃။ ဝန်ဆောင်မှုသုံးစွဲသူမှ အပိုဒ်ခွဲ ၁ ပါ ပြဋ္ဌာန်းချက်များကိုချိုးဖောက်၍လည်းကောင်း၊ ၎င်း၏ စကားဝှက် အစရှိသည်တို့ကို အခြားတတိယပုဂ္ဂိုလ်အဖွဲ့အစည်းများမှ သိရှိစေရန်လုပ်‌ဆောင်မိခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီအနေဖြင့် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
            • ၄။ ဝန်ဆောင်မှုသုံးစွဲသူများသည် သုံးစွဲသူအမည်၊ ဝန်ဆောင်မှုသုံးစွဲသူကို အတည်ပြုနိုင်ရန်အတွက် ကုမ္ပဏီမှထုတ်ပေးသည့်နံပါတ်နှင့် တူညီသော စကားလုံးများ (ဤမှနောင်တွင် “ဝန်ဆောင်မှုသုံးစွဲသူနံပါတ်” ဟုရည်ညွှန်းခေါ်ဆိုမည်)၊ ဝန်ဆောင်မှုသုံးစွဲသူ၏ အီးမေးလ်လိပ်စာနှင့် တူညီသည့်စကားလုံးများ၊ ကုမ္ပဏီမှ မသင့်လျော်ဟု ထင်မြင်ယူဆသော ကိန်းဂဏန်းများ၊ အင်္ဂလိပ်စာလုံးကြီးများ၊ စာလုံးသေးများ သို့မဟုတ် သင်္ကေတများ၊ ဂဏန်း ၈ လုံး သို့မဟုတ် ထို့ထက်ပိုသော အတွဲလိုက်ကိန်းဂဏန်းများ၊ သို့မဟုတ် အခြားစာနှင့်စကားလုံးများကို အကောင့်ဝင်စကားဝှက်များနှင့် ငွေပေးငွေယူ စကားဝှက်များအဖြစ် စာရင်းသွင်းမှတ်ပုံတင်ခြင်းမပြုရပါ။ ထို့အပြင် အခြားသူများ အလွယ်တကူ ခန့်မှန်းနိုင်သော တယ်လီဖုန်းနံပါတ်များ စသည်တို့ကို အသုံးပြုခြင်းအား ရှောင်ရှားရန်နှင့် စကားဝှက် စသည်တို့ကို ကာလအပိုင်းအခြားအလိုက် ပြောင်းလဲအသုံးပြုရန် အကြံပြုပါသည်။
            • ၅။ ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ကုမ္ပဏီမှသတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း အခါအားလျော်စွာ စကားဝှက်ကိုပြောင်းလဲနိုင်သည်။ ထိုသို့သောအခြေအနေမျိုးတွင် ကုမ္ပဏီသည် အပိုဒ် ၁၃ တွင်ဖော်ပြထားသည့်နည်းလမ်းများကိုအသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူ၏အထောက်အထားကို အတည်ပြုမည်ဖြစ်သည်။
            • ၆။ ဝန်ဆောင်မှုသုံးစွဲသူမှ စကားဝှက် အစရှိသည်တို့ ပျောက်ဆုံးပါက ကုမ္ပဏီအနေဖြင့် မိမိတို့ သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ဝန်ဆောင်မှုသုံးစွဲသူသည် စကားဝှက် အစရှိသည်တို့ကို အသုံးပြု၍ အထောက်အထားအတည်ပြုခြင်း မဆောင်ရွက်နိုင်ပါက ကုမ္ပဏီမှ သတ်မှတ်ထားသောနည်းလမ်းဖြင့် လိုအပ်သောအချက်အလက်များကို ကုမ္ပဏီသို့ အကြောင်းကြား၍ ဝန်ဆောင်မှုသုံးစွဲသူသည် ယာယီအကောင့်ဝင်စကားဝှက်ကို ထုတ်ပေးရန်အတွက် လျှောက်ထားနိုင်သည်။ ကုမ္ပဏီမှ ထိုလျှောက်ထားမှုကို လက်ခံရရှိပြီးနောက် ဝန်ဆောင်မှုသုံးစွဲသူထံ ယာယီ အကောင့်ဝင် စကားဝှက်ကို ထုတ်ပေးရန် ကုမ္ပဏီမှလက်ခံပါက ကုမ္ပဏီသည် ဝန်ဆောင်မှု သုံးစွဲသူထံသို့ ယာယီ အကောင့်ဝင်စကားဝှက် ထုတ်ပေးမည်ဖြစ်သည်။ ယာယီအကောင့်ဝင်စကားဝှက်ကို လက်ခံရရှိသည့် ဝန်ဆောင်မှုသုံးစွဲသူသည် (၁) ယာယီ အ‌ကောင့်ဝင်စကားဝှက်ကို အကောင့်ဝင်စကားဝှက်အဖြစ် ပြောင်းလဲပြီး၊ (၂) ငွေပေးငွေယူစကားဝှက် ကို သတ်မှတ်ထည့်သွင်းရမည်။
            • ၇။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် ကုမ္ပဏီမှ သတ်မှတ်ထားသည့် အကြိမ်အရေအတွက်ထက် ပိုမို၍ စာရင်းသွင်းမှတ်ပုံတင်ထားသော အကောင့်ဝင်စကားဝှက် သို့မဟုတ် ငွေပေးငွေယူစကားဝှက်နှင့် ကွဲလွဲသည့် စကားဝှက်ကို ထပ်ခါတလဲလဲထည့်သွင်းပါက ကုမ္ပဏီမှသတ်မှတ်ထားသည့် ကာလတစ်ခုအထိ စကားဝှက် အစရှိသည်တို့ကိုအသုံးပြုခြင်းအား ကုမ္ပဏီမှ ရပ်ဆိုင်းထားရမည်။
            •  

               

              အပိုဒ် ၁၂။ (ငွေလွှဲကတ် နှင့် ငွေဖြည့်ကတ်အပေါ် စီမံခန့်ခွဲမှု အစရှိသည့်)

              • ၁။ ငွေလွှဲကတ်ဖြင့်ငွေလွှဲဝန်ဆောင်မှု ကိုအသုံးပြုရန် လျှောက်ထားသူအား ကုမ္ပဏီမှ ငွေလွှဲကတ် ကို ငှားရမ်း သုံးစွဲခွင့်ပေးမည်ဖြစ်သည်။ ထို့အပြင် အင်တာနက်မှ တစ်ဆင့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုရန်နှင့် အပ်ငွေကတ်ကို အသုံးပြုလို၍ လျှောက်ထားသူအား ကုမ္ပဏီမှ အပ်ငွေကတ်ကို ငှားရမ်းသုံးစွဲခွင့် ပေးမည်ဖြစ်သည်။
              • ၂။ ကုမ္ပဏီသည်သာ ငွေလွှဲကတ် နှင့် အပ်ငွေကတ် တို့အား ပိုင်ဆိုင်သူဖြစ်သည်။ ဝန်ဆောင်မှုသုံးစွဲသူများသည် ငွေလွှဲကတ် နှင့် အပ်‌ငွေကတ် တို့ကိုအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ယင်းကတ်များအပေါ်တွင် ဖော်ပြထားသည့် အသုံးပြုသူအမည်၊ အသုံးပြုသူနံပါတ် အစရှိသည်တို့ (ဤမှနောင်တွင် “ကတ်၏အချက်အလက်များ” ဟုခေါ်ဆိုမည်) ကို စီမံခန့်ခွဲသူကောင်းတစ်ဦး၏ အလေးထားဂရုပြုမှုများဖြင့် သုံးစွဲရမည်ဖြစ်သည်။
              • ၃။ ဝန်ဆောင်မှုသုံးစွဲသူများသည် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှု ကိုအသုံးပြုရန်မှလွဲ၍ အခြားမည်သည့် ရည်ရွယ်ချက်အတွက်မဆို ငွေလွှဲကတ် နှင့် အပ်ငွေကတ်ကို အသုံးမပြုရပါ။
              • ၄။ ဝန်ဆောင်မှုသုံးစွဲသူသည် မည်သည့် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ငွေလွှဲကတ် သို့မဟုတ် အပ်ငွေကတ် ကို ငှားရမ်းခြင်း၊ အပ်နှံခြင်း၊ လွှဲပြောင်းခြင်း၊ အာမခံပစ္စည်းအဖြစ်ထားရှိခြင်း သို့မဟုတ် ကတ်၏ အချက်အလက်များကို အသုံးပြုရန် မည်သည့်တတိယပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို အပ်နှံခြင်း၊ ခွင့်ပြုခြင်းများမပြုရပါ။
              • ၅။ ဝန်ဆောင်မှုသုံးစွဲသူများသည် အခြားသူတစ်ဦးတစ်ယောက်အား မည်သည့် ငွေလွှဲကတ် သို့မဟုတ် အပ်ငွေကတ်ကိုမဆို အတုအပပြုလုပ်ခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်းများလုပ်ဆောင်ခွင့်မပြုရပါ။
              • ၆။ ငွေလွှဲကတ် သို့မဟုတ် ငွေဖြည့်ကတ် ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ပုံစံပျက်ယွင်းခြင်း အစရှိသည် သို့မဟုတ် ကတ်၏အချက်အလက်များ ပျောက်ဆုံးခြင်း၊ ခွင့်ပြုချက်မရှိဘဲရယူခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်းများ အစရှိသည်တို့ ဖြစ်ပွားပါက ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဝန်ဆောင်မှုသုံးစွဲသူမှ ချက်ချင်းဆောင်ရွက်ရမည်။ ထို့အပြင် ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် ထိုသို့သော ဖြစ်ရပ်များကြောင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ကုမ္ပဏီနှင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူ နှစ်ဦးစလုံးသည် အလားတူအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအတွက် တာ၀န်ရှိမည်မဟုတ်ပါ။
              • ၇။ အထက်အပိုဒ်ခွဲတွင်ဖော်ပြထားသည့် တစ်စုံတစ်ရာဖြစ်ပေါ်ပါက၊ ဝန်ဆောင်မှုသုံးစွဲသူများသည် ၎င်းတို့၏ ငွေလွှဲကတ် သို့မဟုတ် ငွေဖြည့်ကတ် ကို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။
              • ၈။ ကုမ္ပဏီမှ မိမိတို့၏ စီမံခန့်ခွဲမှုအရသော်လည်းကောင်း၊ ကတ်၏အချက်အလက်များအပေါ် ကာကွယ်မှု အစရှိသည်တို့ကဲ့သို့ လုပ်ငန်းဆောင်ရွက်မှုအရ လိုအပ်သည်ဟု ယူဆပါက ငွေလွှဲကတ် သို့မဟုတ် အပ်ငွေကတ်တွင် ဖော်ပြထားသော သုံးစွဲသူနံပါတ်ကို ကုမ္ပဏီမှ ပြောင်းလဲနိုင်သည်။
              • ၉။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် ဤစည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်သည်ဟု ကုမ္ပဏီမှ ကျိုးကြောင်းဆီလျော်စွာယူဆခြင်း၊ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးမှ ဤစည်းမျဥ်းစည်းကမ်းများကို သဘောတူညီမှုမရှိခြင်း သို့မဟုတ် ကုမ္ပဏီမှ လိုအပ်သည်ဟု ယူဆပါက ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ငွေလွှဲကတ် သို့မဟုတ် အပ်ငွေကတ်ကို ပြန်လည်အပ်နှံရမည်၊ သို့မဟုတ် ဖြတ်တောက်ခြင်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
              • ၁၀။ ဤအပိုဒ် ၁၂ ပါ ပြဋ္ဌာန်းချက်များသည် ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ငွေလွှဲကတ် သို့မဟုတ် အပ်ငွေကတ် ကို လက်ခံရရှိသည့်အချိန်အထိ နောက်ကြောင်းပြန်သက်ရောက်စေရမည်။
              •  

                 

                အပိုဒ် ၁၃။ (မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲခြင်း သို့မဟုတ် အင်တာနက်မှတစ်ဆင့်ငွေလွှဲချိန်တွင် အထောက်အထားအတည်ပြုခြင်း)

                • ၁။ မိုဘိုင်းလ်အပလီကေးရှင်းငွေလွှဲဝန်ဆောင်မှု သို့မဟုတ် အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုမည့် သုံးစွဲသူမှ ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်း သို့မဟုတ် အင်တာနက်ဝက်ဘ်ဆိုဒ်၏ စာမျက်နှာသို့ဝင်ရောက်သည့်အခါ သုံးစွဲသူအနေဖြင့် စကားဝှက်အစရှိသည်တို့ကိုရေးထည့်ခြင်း သို့မဟုတ် အပိုဒ် ၄.၂ သို့မဟုတ် အပိုဒ် ၅.၄ အရ ကြိုတင်သတ်မှတ်ထည့်သွင်းထားသော စကားဝှက်အစရှိသည်တို့နှင့် မှားယွင်းသည့် အချက်အလက်များထည့်သွင်းခြင်း ရှိ မရှိကို ကုမ္ပဏီမှ ၎င်းအချက်အလက်များအပေါ် မူတည်၍ ကိုက်ညီမှု ရှိ မရှိ စိစစ်၍ ဝန်ဆောင်မှုသုံးစွဲသူ၏ အထောက်အထားကို အတည်ပြုရမည်။
                • ၂။ အထက်အပိုဒ်ခွဲတွင်ဖော်ပြထားသော အထောက်အထား အတည်ပြုချက်အပေါ် အခြေခံ၍ ဝန်ဆောင်မှုသုံးစွဲသူကို တရားဝင် အသုံးပြုသူဖြစ်ကြောင်းယူဆပါက၊ ယင်းယူဆချက်အပေါ် အခြေခံသည့် မည်သည့် ငွေကြေးလွှဲပြောင်းမှုကိုမဆို တရားဝင်သည်ဟု ကုမ္ပဏီမှမှတ်ယူမည်ဖြစ်ပြီး၊ အတုအပပြုလုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ခိုးယူခံရခြင်း၊ ခွင့်ပြုချက်မရှိဘဲအသုံးပြုခံရခြင်း သို့မဟုတ် စကားဝှက်အစရှိသည်တို့နှင့် စပ်လျဉ်းသည့် ဖြစ်ရပ်များပေါ်ပေါက်စေကာမူ အလားတူ ဆုံးရှုံးနာမှုများ အတွက် ကုမ္ပဏီနှင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတို့တွင် မည်သို့မျှ တာဝန်ရှိမည် မဟုတ်ပါ။
                •  

                   

                  အပိုဒ် ၁၄။ (ငွေလွှဲကတ်ဖြင့်ငွေလွှဲခြင်း ပြုလုပ်ချိန်တွင် အထောက်အထား အတည်ပြုခြင်း)

                  • ၁။ ငွေလွှဲကတ်ဖြင့်ငွေလွှဲခြင်းဝန်ဆောင်မှုကိုအသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူ၏ အထောက်အထားများကို အတည်ပြုရာတွင် ကုမ္ပဏီအနေဖြင့် ၎င်းတို့မှ ငွေလွှဲကတ် ကိုအသုံးပြု၍ ငွေလွှဲအရံငွေစာရင်းထဲသို့ ငွေသွင်းခြင်း ဆောင်ရွက်မှုအပေါ်မူတည်၍ ကုမ္ပဏီမှ ဝန်ဆောင်မှုသုံးစွဲသူ၏ အထောက်အထားများကို အတည်ပြုရမည်ဖြစ်သည်။
                  • ၂။ အထက်အပိုဒ်ခွဲတွင် ဖော်ပြထားသော အထောက်အထားအတည်ပြုချက်အပေါ် အခြေခံ၍ ဝန်ဆောင်မှု သုံးစွဲသူကို တရားဝင်အသုံးပြုသူဖြစ်ကြောင်းယူဆပါက၊ ယင်းယူဆချက်အပေါ်အခြေခံသည့် မည်သည့် ငွေကြေးလွှဲပြောင်းမှုကိုမဆို တရားဝင်သည်ဟု ကုမ္ပဏီမှမှတ်ယူမည်ဖြစ်ပြီး၊ အတုအပပြုလုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ခိုးယူခံရခြင်း၊ ခွင့်ပြုချက်မရှိဘဲအသုံးပြုခံရခြင်း သို့မဟုတ် စကားဝှက် အစရှိသည်တို့နှင့် စပ်လျဉ်းသည့်ဖြစ်ရပ်များ ပေါ်ပေါက်စေကာမူ အလားတူ ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီနှင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတို့တွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                  •  

                     

                    အပိုဒ် ၁၅။ (Furikomi ငွေလွှဲခြင်း ဆောင်ရွက်ချိန်တွင် အထောက်အထားအတည်ပြုခြင်း)

                    • ၁။ ကုမ္ပဏီရှိ ငွေလွှဲအရံငွေစာရင်းထဲသို့ ဝန်ဆောင်မှုသုံးစွဲသူမှ သွင်းထားသည့်ငွေနှင့်စပ်လျဉ်း၍ Furikomi ငွေလွှဲဝန်ဆောင်မှုကိုအသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများ၏ အထောက်အထားကို အတည်ပြုရာတွင် ဝန်ဆောင်မှုသုံးစွဲသူ၏အမည်ဖြင့် ဖွင့်လှစ်ထားသည့်ဘဏ်စာရင်းတစ်ခုမှ ကုမ္ပဏီမှသတ်မှတ်ထားသော ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုသို့ ဝန်ဆောင်မှုသုံးစွဲသူ၏ငွေသွင်းမှုအပေါ်မူတည်၍ အတည်ပြုရမည် ဖြစ်သည်။ ယင်းသို့အထောက်အထားအတည်ပြုချက်အပေါ်အခြေခံ၍ ဝန်ဆောင်မှုသုံးစွဲသူကို တရားဝင် အသုံးပြုသူဖြစ်ကြောင်းယူဆပါက၊ ယင်းယူဆချက်အပေါ် အခြေခံသည့် မည်သည့် ငွေကြေး လွှဲပြောင်းမှုကိုမဆို တရားဝင်သည်ဟု ကုမ္ပဏီမှမှတ်ယူမည်ဖြစ်ပြီး၊ အတုအပပြုလုပ်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ခိုးယူခံရခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခံရခြင်း သို့မဟုတ် စကားဝှက်အစရှိသည်တို့နှင့် စပ်လျဉ်းသည့်ဖြစ်ရပ်များ ပေါ်ပေါက်စေကာမူ အလားတူ ဆုံးရှုံးနစ်နာမှုများ အတွက် ကုမ္ပဏီနှင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတို့တွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                    • ၂။ အထက်အပိုဒ်ခွဲတွင်ဖော်ပြထားသောနည်းလမ်းဖြင့် ငွေသွင်းသည့် ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီမှ အသိပေးသည့်အကောင့်နံပါတ်ကို အထူးလျှို့ဝှက်စွာဖြင့် သိမ်းဆည်းထားရမည်ဖြစ်ပြီး၊ ထိုအကောင့် နံပါတ်ကို ထုတ်ဖော်ခြင်း၊ ပေါက်ကြားစေခြင်း သို့မဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းမှ အသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းများမပြုရပါ။ ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် အကောင့်နံပါတ်ကို မေ့လျော့သွားပါက သို့မဟုတ် သုံးစွဲသူ၏အကောင့်နံပါတ်ကို တတိယပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုမှ သိရှိသွားနိုင်ချေရှိသည့် အခြေအနေများ ပေါ်ပေါက်ခဲ့လျှင် ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ကုမ္ပဏီအား ချက်ချင်းအကြောင်းကြားပြီး ကုမ္ပဏီ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။
                    •  

                       

                      အပိုဒ် ၁၆။ (အထောက်အထား အစရှိသည်တို့ကို ပြန်လည်အတည်ပြုခြင်း)

                      စည်းမျဉ်းစည်းကမ်းများနှင့်အညီ အထောက်အထားအတည်ပြုခြင်း ပြီးမြောက်ပြီးနောက်တွင်ပင် Acts on Prevention of Transfer of Criminal Proceeds နှင့်အစရှိသည်တို့နှင့် အခြားသော သက်ဆိုင်ရာဥပဒေများအရ အထောက်အထား အတည်ပြုခြင်းဆောင်ရွက်ရန် လိုအပ်ပါက သို့မဟုတ် ကုမ္ပဏီမှ လိုအပ်သည်ဟု ယူဆပါက ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီမှ သတ်မှတ်ထားသော လိုအပ်သည့် စာရွက်စာတမ်းများကို ထပ်မံတင်ပြရန် ကုမ္ပဏီမှ တောင်းခံနိုင်သည်။

                       

                      အပိုဒ် ၁၇။ (အဖွဲ့ဝင်အချက်အလက်များ ပြောင်းလဲခြင်း)

                      • ၁။ ကုမ္ပဏီသို့ အကြောင်းကြားထားသော ဝန်ဆောင်မှုသုံးစွဲသူ၏ အမည်၊ လိပ်စာ သို့မဟုတ် အခြားအဖွဲ့ဝင်အချက်အလက်များကို ပြောင်းလဲခြင်း သို့မဟုတ် ပြောင်းလဲထားခြင်းများရှိပါက ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီမှသတ်မှတ်ထားသောနည်းလမ်းအတိုင်း အဖွဲ့ဝင်အချက်အလက်များကို ပြောင်းလဲရန် လုပ်ငန်းစဉ်များကို ချက်ချင်းဆောင်ရွက်ရမည်။
                      • ၂။ ကုမ္ပဏီသို့ အကြောင်းကြားထားသော အဖွဲ့ဝင်အချက်အလက်များသည် ဝန်ဆောင်မှုသုံးစွဲသူမဟုတ်သည့် အခြားသူတစ်ဦး၏ အချက်အလက်ဖြစ်သော်ငြား၊ ဝန်ဆောင်မှုသုံးစွဲသူတွင် ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှု များ အတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                      • ၃။ ကုမ္ပဏီသို့ အကြောင်းကြားထားသော အဖွဲ့ဝင်အချက်အလက်များရှိ ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့် သော်လည်းကောင်း၊ အဖွဲ့ဝင်အချက်အလက်များပြောင်းလဲမှုတစ်စုံတစ်ရာကြောင့်သော်လည်း‌ကောင်း၊ အဖွဲ့ဝင်အချက်အလက်များပြောင်းလဲရာ၌ဝန်ဆောင်မှုသုံးစွဲသူမှ လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ကြောင့်လည်းကောင်း ဝန်ဆောင်မှုသုံးစွဲသူတွင်ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများ အတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                      •  

                         

                        အပိုဒ် ၁၈။ (ကြေညာချက်များနှင့် အသိပေးချက်များထုတ်ပြန်ခြင်းနည်းလမ်း)

                        • ၁။ ကုမ္ပဏီမှကြေညာချက် သို့မဟုတ် အသိပေးချက်တစ်ခုခုကို ဤစည်းမျဥ်းစည်းကမ်းများနှင့်အညီ ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင်ကြေညာခြင်း၊ စာတိုမက်ဆေ့ဂျ် (SMS) ‌ပေးပို့ခြင်း သို့မဟုတ် အီးမေးလ်များပေးပို့ခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် ပေးပို့ဆောင်ရွက်မည်ကို ဝန်ဆောင်မှု သုံးစွဲသူများမှ သဘောတူလက်ခံပါသည်။
                        • ၂။ ဝန်ဆောင်မှုသုံးစွဲသူများ၏ အီးမေးလ်လိပ်စာများ၊ ဖုန်းနံပါတ်များ သို့မဟုတ် နေရပ်လိပ်စာများဆီသို့ ကုမ္ပဏီမှပေးပို့သော အကြောင်းကြားချက်များသည် ဆက်သွယ်ရေးအခြေအနေများအရ သို့မဟုတ် အဖွဲ့ဝင်အချက်အလက်များရှိ ချို့ယွင်းချက် သို့မဟုတ် ယင်းအချက်အလက်များ ပြောင်းလဲရန်ပျက်ကွက်မှု၊ သို့မဟုတ် ကုမ္ပဏီနှင့်သက်ဆိုင်ခြင်းမရှိသည့် အခြားအကြောင်းရင်းတစ်ခုခုကြောင့် ရောက်ရှိလာရန် နှောင့်နှေးခြင်း သို့မဟုတ် ပျက်ကွက်ခြင်းများဖြစ်ပေါ်သော်လည်း အဆိုပါအကြောင်းကြားစာသည် ပုံမှန်ရောက်ရှိရမည့်အချိန်တွင် ရောက်ရှိပြီးဖြစ်သည်ဟု ဝန်ဆောင်မှုသုံးစွဲသူများမှ သဘောတူလက်ခံ မှတ်ယူရမည်ဖြစ်သည်။
                        • ၃။ ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီမှသတ်မှတ်သည့်အတိုင်းအတာအထိ အီးမေးလ်လိပ်စာများစွာကို စာရင်းသွင်းမှတ်ပုံတင်နိုင်ပါသည်။ ကုမ္ပဏီမှပေးထားသည့်အခြားနည်းမှလွဲ၍ ကုမ္ပဏီသည် ဝန်ဆောင်မှု သုံးစွဲသူများကသတ်မှတ်ထားသော အီးမေးလ်လိပ်စာသို့ ဝန်ဆောင်မှုသုံးစွဲသူများမှ ရွေးချယ်ထားသည့် အချက်အလက်များကို ပေးပို့မည်ဖြစ်သည်။
                        • ၄။ ဝန်ဆောင်မှုသုံးစွဲသူများက သဘောတူညီမှုပြုသည်မှာ ကုမ္ပဏီသည် စည်းမျဉ်းစည်းကမ်း အမျိုးမျိုး၏ အကြောင်းခြင်းရာများ၊ အမျိုးမျိုးသောဖော်ပြချက်များ (စည်းမျဉ်းစည်းကမ်းဆိုင်ရာပြောင်းလဲမှုများ အပါအဝင်)၊ လမ်းညွှန်ချက်အမျိုးမျိုး၊ စာချုပ်ပါအကြောင်းအရာများ၊ ငွေပေးငွေယူမှတ်တမ်းနှင့် အစရှိသည်တို့ကို စာဖြင့်(စာတိုက်မှတစ်ဆင့်)ပေးပို့ခြင်းအစား၊ ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်၊ ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်း၊ အီးမေးလ် စသည်တို့ကဲ့သို့သော ကုမ္ပဏီမှ သတ်မှတ်ထားသည့် လျှပ်စစ်သံလိုက်ဓါတ်သုံး နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပေးပို့နိုင်သည်ကို ဝန်ဆောင်မှုသုံးဆွဲသူများက သဘောတူညီပါသည်။ စာရွက်စာတမ်းအချို့ကို စာဖြင့် (စာတိုက်မှတစ်ဆင့်) ပေးပို့ဆောင်ရွက်နိုင်သည်။
                        •  

                           

                          ပုဒ်မ ၁၉။ (လွှဲအပ်ခြင်း၊ အပေါင်ထားခြင်း အစရှိသည်တို့ကို တားမြစ်ခြင်း)

                          • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီနှင့် ငွေပေးငွေယူကိစ္စရပ်များဆောင်ရွက်သည့် မိမိတို့၏ လုပ်ပိုင်ခွင့်များကို တတိယပုဂ္ဂိုလ်အဖွဲ့အစည်းအား လွှဲအပ်ခြင်း၊ ချေးငှားခြင်း၊ အပေါင်ထားခြင်း သို့မဟုတ် အခြားအခွင့်အရေးများပေးအပ်ခြင်း သို့မဟုတ် ကုမ္ပဏီနှင့် ငွေပေးငွေယူကိစ္စရပ်များဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့်အခြားအခွင့်အရေးများ သို့မဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းကို အဆိုပါအခွင့်အရေးများ အသုံးပြုနိုင်စေရန်ဆောင်ရွက်ပေးခြင်းများကို ကုမ္ပဏီ၏ ကြိုတင်ခွင့်ပြုချက်ချက်ရရှိခြင်းမရှိဘဲ ဆောင်ရွက်ခြင်း မပြုရပါ။
                          • ၂။   ကုမ္ပဏီသည် အထက်အပိုဒ်ခွဲပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် ဝန်ဆောင်မှုသုံးစွဲသူတွင် ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                          •  

                             

                            အပိုဒ် ၂၀။ (ဒုစရိုက်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိခြင်း)

                            • ၁။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ၎င်းတို့နှင့် ၎င်းတို့၏ အရာရှိများ အစရှိသည်တို့သည် လက်ရှိ ဖွဲ့စည်းထားသော ရာဇ၀တ်ဂိုဏ်းတစ်ခု မဟုတ်ပါကြောင်း၊ ဖွဲ့စည်းထားသော ရာဇ၀တ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးမဟုတ်ပါကြောင်း၊ လွန်ခဲ့သည့်ငါးနှစ်အတွင်းက ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခဲ့သူ မဟုတ်ပါကြောင်း၊ ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်းတစ်ခု၏ တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေသူမဟုတ်ပါကြောင်း၊ ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်းတစ်ခုနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းတစ်ခုမဟုတ်ပါကြောင်း၊ ကော်ပိုရိတ်ဆိုင်ရာ တရားမဝင်လုပ်ငန်း‌ဆောင်ရွက်သူများ အစရှိသည်တို့မဟုတ်ပါကြောင်း၊ လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှုအပေါ်ကမကထပြုမှုအောက်တွင် ဆောင်ရွက်နေသည့် ပါတီတစ်ရပ်နှင့် အလားတူအရာများ မဟုတ်ပါကြောင်း၊ အဆင့်မြင့်အသိပညာများကို အသုံးပြုလှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့အစည်း သို့မဟုတ် အလားတူပါတီအဖွဲ့အစည်းများ (ဤမှနောင်တွင် ယင်းတို့အား “ဒုစရိုက်ဂိုဏ်များ အစရှိသည်ဖြင့်” ဟု တစ်ပေါင်းတစ်စည်းတည်း ခေါ်ဆိုမည်။) မဟုတ်ပါကြောင်း၊ အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်းနှင့် နောင်တွင် အောက်ပါကိစ္စရပ်များအနက် မည်သည်နှင့်မျှ ပတ်သက်ဆက်နွယ်မည် မဟုတ်ကြောင်း ကတိကဝတ်ပြု ပါသည်။
                            • (၁) ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်းအဖွဲ့ဝင်များက ဝန်ဆောင်မှုသုံးစွဲသူအား ကြိုးကိုင်ထိန်းချုပ်ထားသည် ဟု ယူဆသည့် ပတ်သက်ဆက်နွယ်မှု၊
                              (၂) ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်းအဖွဲ့ဝင်များအစရှိသည်တို့က ဝန်ဆောင်မှုသုံးစွဲသူ၏ စီမံခန့်ခွဲရေး တွင် ကြီးကြီးမားမား ပါဝင်ပတ်သက်သည်ဟု ယူဆသည့် ပတ်သက်ဆက်နွယ်မှု၊
                              (၃) ဝန်ဆောင်မှုသုံးစွဲသူမှ မိမိကိုယ်တိုင်အတွက် သို့မဟုတ် မိမိတို့ကုမ္ပဏီ သို့မဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ရပ်အတွက် တရားမ၀င်အမြတ်အစွန်းရရှိရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ မည်သည့်တတိယပုဂ္ဂိုလ် အဖွဲ့အစည်းတစ်ရပ်ကိုမဆို ထိခိုက်ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ မသမာသော နည်းလမ်းများအသုံးပြု၍ ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်း အဖွဲ့ဝင်များ အစရှိသည်တို့အား အသုံးချနေသည်ဟု ယူဆသည့်ပတ်သက်ဆက်နွယ်မှု၊
                              (၄) ဝန်ဆောင်မှုသုံးစွဲသူသည် ဖွဲ့စည်းထားသောရာဇ၀တ်ဂိုဏ်းအဖွဲ့ဝင်များအစရှိသည်တို့ကို ငွေကြေး ထောက်ပံ့ခြင်း သို့မဟုတ် အခွင့်အရေးပေးခြင်းများ လုပ်ဆောင်သည်ဟုယူဆသည့် ပတ်သက် ဆက်နွယ်မှု၊
                              (၅) စီမံခန့်ခွဲရေးတွင် ကြီးကြီးမားမားပါဝင်သက်ဆိုင်နေသည့် အရာရှိ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး သည် ရာဇ၀တ်ဂိုဏ်းအဖွဲ့ဝင်များအစရှိသည်တို့နှင့် လူမှုရေးအရ ပြစ်တင်ရှုတ်ချအပ်သည်ဟု ယူဆသည့် ဆက်ဆံရေးမျိုးတွင်ရှိနေခြင်း။
                              • ၂။ ဝန်‌ဆောင်မှုသုံးစွဲသူများသည် အောက်ဖော်ပြပါလုပ်ဆောင်ချက်တစ်ခုခုကိုလုပ်ဆောင်ခြင်း သို့မဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းကို အသုံးချခြင်းများမပြုရန် ကတိကဝတ်ပြုပါသည်။
                              • (၁) အကြမ်းဖက်တောင်းဆိုမှုများ၊
                                (၂) တရားဝင်ပေးအပ်ထားသောတာဝန်များကို ကျော်လွန်သည့် အခြေအမြစ်မရှိသော တောင်းဆိုမှုများ၊
                                (၃) ငွေပေးငွေယူကိစ္စရပ်နှင့်စပ်လျဉ်း၍ အကြမ်းဖက်မှု သို့မဟုတ် ခြိမ်းခြောက်ပြောဆိုမှုများ၊
                                (၄) ကောလာဟလများဖြန့်ဝေခြင်း၊ လိမ်လည်လှည့်ဖြားသောနည်းလမ်းများအသုံးပြုခြင်း သို့မဟုတ် ကုမ္ပဏီ/ကုမ္ပဏီစီးပွားရေးလုပ်ငန်းများ၏ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဖိအားပေးခြင်း၊ သို့မဟုတ်
                                (၅) အထက်ဖော်ပြပါ လုပ်ဆောင်ချက်များနှင့် တူညီသော အခြားလုပ်ဆောင်မှုများ။
                              • ၃။ အထက်ပါအပိုဒ်ခွဲနှစ်ပိုဒ်တွင်ဖော်ပြထားသော ကတိခံဝန်ချက်များကို ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးမှ ဖောက်ဖျက်မှုကြောင့် ကုမ္ပဏီတွင် ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ယင်းဆုံးရှုံးနစ်နာမှုများ အတွက် ဝန်ဆောင်မှုသုံးစွဲသူမှ တာဝန်ယူရမည်ဖြစ်သည်။
                              •  

                                 

                                အပိုဒ် ၂၁။ (အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ငွေလွှဲခြင်းဆိုင်ရာ ကန့်သတ်ချက်များ)

                                • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီမှသတ်မှတ်ထားသောနည်းလမ်းဖြင့် အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက် နိုင်သည်။
                                • ၂။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီပါက ကုမ္ပဏီသည် ဝန်ဆောင်မှု သုံးစွဲသူအား ကြိုတင်သတိပေးချက်မထုတ်ပြန်ဘဲ ဝန်ဆောင်မှုအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ချက်ချင်းရပ်တန့်ခြင်း၊ သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှပယ်ဖျက်ခြင်းကို ချက်ချင်းပြုလုပ်နိုင်သည်။ ဤအပိုဒ်ခွဲအရ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်သည့်အချိန်တွင် ငွေလွှဲလက်ကျန်ငွေ စာရင်းအတွင်း သွင်းထားသော ငွေလွှဲလက်ကျန်ငွေကို အပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ် ဆောင်ရွက်မည်ဖြစ်သည်။ ယင်းသို့သောအခြေအနေမျိုးတွင် ကုမ္ပဏီသည် ဝန်ဆောင်မှု အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ရပ်တန့်ခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှပယ်ဖျက်ခြင်းအတွက် အကြောင်းပြချက်ကို ဝန်ဆောင်မှု သုံးစွဲသူအား ရှင်းလင်းတင်ပြခြင်း ပြုနိုင်မည်မဟုတ်ပါ။
                                • (၁) ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ကြွေးမြီများကို အချိန်မီပြန်လည်မပေးဆပ်နိုင်ခြင်း၊ သို့မဟုတ် လူမွဲအဖြစ်ခံယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ တရားမကြောင်းအရ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ၊ ကော်ပိုရိတ်ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ သို့မဟုတ် ကုမ္ပဏီ ဖျက်သိမ်းခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်ရန် လျှောက်ထားမှု ရှိထားခြင်း၊
                                  (၂) ယာယီဝရမ်းကပ်ခြင်း သို့မဟုတ် ဝရမ်းကပ်ချိပ်ပိတ်ခြင်းသို့မဟုတ် ဝရမ်းကပ်ခြင်းဆိုင်ရာ အမိန့် သို့မဟုတ် အကြောင်းကြားစာ ထုတ်ပြန်ခံထားရခြင်း၊
                                  (၃) ဆက်ခံလွှဲပြောင်းမှုဆောင်ရွက်ထားပြီးဖြစ်ခြင်း၊
                                  (၄) ဝန်ဆောင်မှုသုံးစွဲသူ တည်ရှိသည့်နေရာကို မသိရှိရခြင်း၊
                                  (၅) ဝန်ဆောင်မှုသုံးစွဲသူသည် ဝန်ဆောင်မှုများကို (၂)နှစ်ထက်ကျော်လွန်၍ အသုံးပြုမှုမရှိခြင်း၊
                                  (၆) ဝန်ဆောင်မှုများကို ဥပဒေနှင့် စည်းမျဥ်းစည်းကမ်းများ သို့မဟုတ် အများပြည်သူဆိုင်ရာ စည်းမျဥ်းစည်းကမ်းနှင့် အကျင့်စာရိတ္တ (အွန်လိုင်းကာစီနိုများတွင် လောင်းကစားခြင်းကဲ့သို့သော ပြစ်မှုဆိုင်ရာလုပ်ရပ်များအပါအဝင်) ကိုဖောက်ဖျက်ကျူးလွန်ရန်အတွက် အသုံးပြုခဲ့ခြင်း သို့မဟုတ် အသုံးပြုနိုင်ခြင်းဖြစ်သည်ဟု မှတ်ယူအပ်သည့်အခြေအနေများဖြစ်ပေါ်ခြင်း၊
                                  (၇) ဝန်ဆောင်မှုသုံးစွဲသူသည် အမှန်တကယ်မရှိကြောင်း သို့မဟုတ် ဝန်ဆောင်မှုသုံးစွဲသူသည် ၎င်း၏ဆန္ဒမပါဝင်ဘဲ စာရင်းသွင်းမှတ်ပုံတင်ထားကြောင်း တွေ့ရှိရခြင်း၊
                                  (၈) တင်ပြလာသော အချက်အလက်များသည် မှားယွင်းကြောင်း သို့မဟုတ် တင်ပြထားသော စာရွက်စာတမ်းများသည် မှန်ကန်မှုမရှိကြောင်း တွေ့ရှိရခြင်း၊
                                  (၉) အထောက်အထားအစရှိသည်တို့ကို အပိုဒ် ၁၆ အရ ပြန်လည်အတည်ပြုရန်အတွက် ထပ်မံတင်ပြရန် တောင်းဆိုသော်လည်း လိုအပ်သည့်စာရွက်စာတမ်းများ (နိုင်ငံတွင်းနေထိုင်ခွင့်ကဒ် အစရှိသဖြင့်) တင်ပြမှုမရှိခြင်း (ကုမ္ပဏီက သတ်မှတ်ထားသည့်ရက်မတိုင်မီ ကုမ္ပဏီသို့ ဆက်သွယ်လာခြင်း မရှိသည့်ကိစ္စရပ်များ၊ စာရွက်စာတမ်းများ တင်သွင်းရန် အကြောင်းကြားစာကို ဝန်ဆောင်မှုသုံးစွဲသူမှ တင်ပြထားသည့် လိပ်စာသို့ ပေးပို့ပြီးနောက်မရောက်ရှိဘဲ ကုမ္ပဏီသို့ပြန်လည်ရောက်ရှိလာခြင်းနှင့် ကုမ္ပဏီသို့ တင်ပြထားသောဖုန်းနံပါတ်ကို အသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူကိုဆက်သွယ်ရာတွင် ဆက်သွယ်၍မရခြင်း ကိစ္စရပ်များအပါအဝင်)၊
                                  (၁၀) ကုမ္ပဏီနှင့်ဆောင်ရွက်သည့်ငွေပေးငွေယူဆောင်ရွက်ခြင်းဆိုင်ရာစည်းမျဉ်းများနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် အဖြစ်မှရပ်စဲနိုင်သည့် အကြောင်းပြချက်တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း၊
                                  (၁၁) ဝန်ဆောင်မှုသုံးစွဲသူသည် ဤစည်းမျဥ်းစည်းကမ်းများ သို့မဟုတ် ငွေပေးငွေယူဆိုင်ရာ စည်းမျဉ်း များကို ချိုးဖောက်ခြင်း၊
                                  (၁၂) ဝန်ဆောင်မှုသုံးစွဲသူသည် အပိုဒ် ၂၀.၁ သို့မဟုတ် ၂၀.၂ ပါ အချက်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် ဖောက်ဖျက်သည်ဟု ကျိုးကြောင်းခိုင်လုံစွာ သံသယဖြစ်ဖွယ်ရှိခြင်း၊
                                  (၁၃) အပိုဒ် ၄၀.၁ အရ ငွေပေးငွေယူဆောင်ရွက်မှုများကို စောင့်ကြည့်ရန်အတွက် လူတွေ့မေးမြန်းခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီမှတောင်းဆိုချက် သို့မဟုတ် အပိုဒ် ၄၀.၂ အရ ယင်းလူတွေ့မေးမြန်းချက်များကို အထောက်အထားပြုသည့် စာရွက်စာတမ်းများတင်ပြရန် ကုမ္ပဏီမှတောင်းဆိုချက်များအပေါ် ဝန်ဆောင်မှုသုံးစွဲသူမှ လူတွေ့မေးမြန်းမှုနှင့်စပ်လျဥ်း၍ အကြောင်းပြန်ကြားရန်ငြင်းဆိုခြင်း သို့မဟုတ်၊ စာရွက်စာတမ်းများကို တင်ပြမှုမရှိခြင်း (ကုမ္ပဏီက သတ်မှတ်ထားသည့်ရက်မတိုင်မီ ကုမ္ပဏီသို့ ဆက်သွယ်လာခြင်းမရှိသည့်ကိစ္စရပ်များ၊ စာရွက်စာတမ်းများ တင်သွင်းရန် အကြောင်းကြားစာကို ဝန်ဆောင်မှုသုံးစွဲသူမှ တင်ပြထားသည့် လိပ်စာသို့ ပေးပို့ပြီးနောက်မရောက်ရှိဘဲ ကုမ္ပဏီသို့ပြန်လည်ရောက်ရှိလာခြင်းနှင့် ကုမ္ပဏီသို့ တင်ပြထားသောဖုန်းနံပါတ်ကိုအသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူကို ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရခြင်း ကိစ္စရပ်များ အပါအဝင်)၊
                                  (၁၄) အပိုဒ် ၄၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စောင့်ကြည့်မှု သို့မဟုတ် စုံစမ်းစစ်ဆေးချက်ရလဒ်များအရ ဆောင်ရွက်ရန်လိုအပ်သည်ဟု ကုမ္ပဏီမှ ထင်မြင်ယူဆခြင်း၊ သို့မဟုတ်
                                  (၁၅) တတိယပုဂ္ဂိုလ်အဖွဲ့အစည်း၏ငွေကြေးတစ်ရပ်ကို အသုံးပြု၍ ငွေလွှဲခြင်း၊ သို့မဟုတ်
                                  (၁၆) အထက်ဖော်ပြပါအချက်များအပြင် ကုမ္ပဏီမှ ဝန်ဆောင်မှုများကိုရပ်တန့်ရန် ကျိုးကြောင်း ဆီလျော်သော အကြောင်းအရင်းများ ပေါ်ပေါက်ခြင်း။
                                  • ၃။ အထက်ပါအပိုဒ်ခွဲအရ ဝန်ဆောင်မှုများရပ်ဆိုင်းခြင်း သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှရပ်ဆိုင်းခြင်းကြောင့် အဖွဲ့ဝင်တွင်ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                  • ၄။ အထက်ပါ အပိုဒ်ခွဲ ၂ အရ ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားခြင်းကြောင့် ဝန်ဆောင်မှုသုံးစွဲသူက အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်လိုပါက ကုမ္ပဏီမှ သတ်မှတ်ထားသောနည်းလမ်းဖြင့် ကုမ္ပဏီသို့ လျှောက်ထားရမည်ဖြစ်သည်။ ယင်းသို့သောအခြေအနေမျိုးတွင် ကုမ္ပဏီသည် အထောက်အထားအတည်ပြုခြင်းဆောင်ရွက်ရန်အတွက် သီးခြားအထောက်အကူပြုစာရွက်စာတမ်းများ သို့မဟုတ် အခြားလိုအပ်သောစာရွက်စာတမ်းများတင်ပြရန် တောင်းခံနိုင်သည်။
                                  • ၅။ ဤစည်းမျဥ်းစည်းကမ်းများတွင်ဖော်ပြထားသည့် အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသည့်အချိန်တွင် ငွေလွှဲအရံငွေ စာရင်းတွင် လက်ကျန်ငွေရှိနေပါက ကုမ္ပဏီသည် အဆိုပါလက်ကျန်ငွေကို ဝန်ဆောင်မှုသုံးစွဲသူထံ ပြန်လည်ပေးအမ်းရမည်။ ဤကဲ့သို့သောကိစ္စရပ်များတွင် ငွေလွှဲအရံငွေပြန်အမ်းခြင်းများကို ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းဖြင့် ကုမ္ပဏီရုံးချုပ်၌ ပြုလုပ်ရမည်ဖြစ်သည်။
                                  • ၆။ ဝန်ဆောင်မှုသုံးစွဲသူများသည် အထက်အပိုဒ်ခွဲတွင်ဖော်ပြထားသော ပြန်အမ်းငွေများအတွက် ကုန်ကျစရိတ်အဖြစ် အပိုဒ် ၃၈.၁ (၅) တွင်ဖော်ပြထားသည့် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို ပေးဆောင်ရမည်။ ကုမ္ပဏီသည် အဆိုပါပြန်အမ်းငွေဆိုင်ရာ ဝန်ဆောင်ခများကို ပြန်အမ်းမည့် ငွေလွှဲအရံငွေမှ ဖြတ်တောက်ရယူရမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါ ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခပမာဏသည် ပြန်အမ်းရမည့် ငွေလွှဲအရံငွေစာရင်းရှိ လက်ကျန်ငွေပမာဏထက် ကျော်လွန်နေပါက ဝန်ဆောင်မှု သုံးစွဲသူသည် ပြန်အမ်းငွေဆိုင်ရာ ဝန်ဆောင်ခများကို သီးခြား ပေးဆောင်ရမည်။ ထို့အပြင် ပြန်အမ်းငွေဆိုင်ရာ ဝန်ဆောင်ခ ပမာဏသည် ငွေလွှဲအရံငွေစာရှင်းရှိ လက်ကျန်ငွေပမာဏထက် ကျော်လွန်နေခြင်းနှင့် ဝန်ဆောင်မှုသုံးစွဲသူမှ ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို သီးခြားပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ပြန်အမ်းငွေပေးရန်မဖြစ်နိုင်ခြင်း သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုရှိ ဝန်ဆောင်မှုသုံးစွဲသူမှ သတ်မှတ်သည့် ဘဏ်အကောင့်သို့ ပြန်အမ်းငွေမပေးနိုင်ခြင်းတို့ ဖြစ်ပေါ်ပါက ယင်းတို့မှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                  •  

                                     

                                    အပိုဒ် ၂၂။ (အရွယ်ရောက်ပြီးသူအားအုပ်ထိန်းခွင့်ဆိုင်ရာ အကြောင်းကြားစာ)

                                    • ၁။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် မိသားစုကိစ္စရပ်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အရ အကူအညီ တစ်ရပ်ရပ်၊ အရွယ်ရောက်ပြီးသော်လည်း အကူအညီလိုအပ်သူအား အုပ်ထိန်းခွင့် သို့မဟုတ် အုပ်ထိန်းခွင့်တို့နှင့် အကျုံးဝင်သက်ဆိုင်မှုရှိလာပါက ဝန်ဆောင်မှုသုံးစွဲသူသည် အရွယ်ရောက်ပြီးသူအား အုပ်ထိန်းသူနှင့် စပ်လျဉ်းသည့်အမည်ကိုရေးသား၍ အခြားလိုအပ်သော အချက်အလက်များနှင့်အတူ ကုမ္ပဏီသို့ ချက်ချင်း ရေးသားတင်ပြရမည်၊
                                    • ၂။ မိသားစုကိစ္စရပ်ဆိုင်ရာတရားရုံး၏ဆုံးဖြတ်ချက်များနှင့်အညီ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးအတွက် ကိုယ်ပိုင် သဘောဆန္ဒအလျောက်ခန့်အပ်ထားသောအုပ်ထိန်းသူအတွက် ကြီးကြပ်သူတစ်ဦး ခန့်အပ်မည် ဆိုပါက ဝန်ဆောင်မှုသုံးစွဲသူသည် အဆိုပါကြီးကြပ်သူ၏အမည်ကို ရေးသား၍ အခြားလိုအပ်သော အချက်အလက် များနှင့်အတူ ကုမ္ပဏီသို့ ချက်ချင်းအကြောင်းကြားရမည်။
                                    • ၃။ အကူအညီတစ်ရပ်ရပ်၊ အရွယ်ရောက်ပြီးသော်လည်းအကူအညီလိုအပ်သူအားအုပ်ထိန်းခွင့် သို့မဟုတ် အုပ်ထိန်းခွင့်တို့စတင်ခြင်းအတွက် စီရင်ချက်တစ်ရပ်ကို ဝန်ဆောင်မှုသုံးစွဲသူမှ လက်ခံရရှိပြီးလျှင်ဖြစ်စေ၊ ကိုယ်ပိုင်သဘောဆန္ဒအလျောက်ခန့်အပ်ထားသောအုပ်ထိန်းသူအတွက် ကြီးကြပ်သူတစ်ဦးကို ခန့်အပ် ထားပြီးလျှင်ဖြစ်စေ၊ ဝန်ဆောင်မှုသုံးစွဲသူသည် အထက်ပါအပိုဒ်ခွဲ ၁ နှင့် ၂ ပါအတိုင်း ကုမ္ပဏီသို့ အကြောင်းကြားရမည်။
                                    • ၄။ ထို့အပြင် အထက်အပိုဒ်ခွဲ ၁ မှ ၃ အရ ပေးထားသော အချက်အလက်များကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းပြုလုပ်ပါက ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီအား အကြောင်းကြားရမည်။
                                    • ၅။ အထက်အပိုဒ်ခွဲ ၁ မှ ၄ အထိ အကြောင်းကြားစာများ မရောက်ရှိမီတွင် အကြောင်းကြားစာပေးပို့ရန် ပျက်ကွက်မှုကြောင့် ဝန်ဆောင်မှုသုံးစွဲသူတွင်ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                    •  

                                       

                                      အပိုဒ် ၂၃။ (စနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ၊ သဘာဝဘေးအန္တရာယ်များ စသည်တို့နှင့် စပ်လျဉ်းသည့် လျော်ကြေးငွေ)

                                      • ၁။ အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုကြောင့် ဝန်ဆောင်မှုသုံးစွဲသူ သို့မဟုတ် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းတွင် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် တာ၀န်ရှိမည်မဟုတ်ပါ။
                                      • (၁) သဘာဝဘေးအန္တရာယ်၊ မီးလောင်ကျွမ်းမှု သို့မဟုတ် အဓိကရုဏ်းစသည်တို့နှင့် ဝန်ဆောင်မှုသုံးစွဲသူ၏ ပျက်ကွက်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူ သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်အဖွဲ့အစည်း၏ ဆက်သွယ်ရေးကိရိယာများ၊ လိုင်းများ၊ ကွန်ပျူတာများ၊ သို့မဟုတ် ဆက်သွယ်ရေးပြတ်တောက်မှု စသည်ဖြင့်၊ သို့မဟုတ် တရားရုံး သို့မဟုတ် အခြားအစိုးရအေဂျင်စီမှ အရေးယူဆောင်ရွက်ခြင်းစသည့်၊ မမျှော်မှန်းနိုင်သည့်အခြေအနေများကဲ့သို့ ကုမ္ပဏီနှင့်မသက်ဆိုင်သည့် အကြောင်းပြချက်တစ်ခုခု ကြောင့် ဝန်ဆောင်မှုများပေးအပ်ရာတွင် ကြန့်ကြာခြင်း၊ ဝန်ဆောင်မှုမပေးနိုင်ခြင်းစသည်တို့ ဖြစ်ပေါ်ခြင်း၊
                                        (၂) ကုမ္ပဏီ၏စနစ်လည်ပတ်ဆောင်ရွက်မှုများတွင် ထိုက်သင့်သော လုံခြုံရေးအစီအမံများကို လက်ခံကျင့်သုံးနေသော်လည်း terminal များ၊ ဆက်သွယ်ရေးလိုင်းများ သို့မဟုတ် ကွန်ပျူတာများ အစရှိသည်တို့ ချို့ယွင်းမှုကြောင့် ဝန်ဆောင်မှုများပေးအပ်ရာတွင် ကြန့်ကြာခြင်း၊ ဝန်ဆောင်မှုမပေးနိုင်ခြင်းစသည်တို့ ဖြစ်ပေါ်ခြင်း၊ သို့မဟုတ်
                                        (၃) လွှဲငွေလက်ခံသူ၏ အမည် မမှန်ကန်ခြင်းအစရှိသည်တို့ကဲ့သို့ ဝန်ဆောင်မှုသုံးစွဲသူ သို့မဟုတ် လွှဲငွေလက်ခံသူကဲ့သို့ တတိယပုဂ္ဂိုလ်အဖွဲ့အစည်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကြောင့် ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ကြန့်ကြာခြင်း၊ ဝန်ဆောင်မှုမပေးနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်ခြင်း၊
                                        • ၂။ ကုမ္ပဏီအနေဖြင့် ထိုက်သင့်သော လုံခြုံရေးအစီအမံများဖြင့် ကျင့်သုံးဆောင်ရွက်နေသော်လည်း ဝန်ဆောင်မှုသုံးစွဲသူ၏ စကားဝှက် အစရှိသည်တို့ ပေါက်ကြားခြင်း၊ သို့မဟုတ် အများသုံးဖုန်းလိုင်း၊ ကိုယ်ပိုင်ဖုန်းလိုင်း၊ အင်တာနက် သို့မဟုတ် အခြားသော ဆက်သွယ်ရေးလိုင်း စသည်တို့မှ ငွေပေးငွေယူ သတင်းအချက်အလက်များ ကြားဖြတ်ရယူခံရခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန် ရှိမည်မဟုတ်ပါ။
                                        •  

                                           

                                          အပိုဒ် ၂၄။ (တာဝန်ရှိမှု)

                                          • ၁။ ဝန်ဆောင်မှုများနှင့်ဆက်စပ်၍ ဝန်ဆောင်မှုသုံးစွဲသူများတွင် ဖြစ်ပေါ်လာသော မတော်တဆဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နောက်ဆက်တွဲဖြစ်စေ၊ ပေါ်ပေါက်သည့်ပျက်စီးဆုံးရှုံးမှု သို့မဟုတ် အကျိုးအမြတ် ဆုံးရှုံးမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။ သို့ရာတွင် ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူအနေဖြင့် တမင်ကြံရွယ်သည့် ကျူးလွန်မှု သို့မဟုတ် ပေါ့ဆမှုတို့ကြောင့် ဖြစ်ပေါ်သည့်ကိစ္စရပ်များအတွက်ကိုမူ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်သည်။
                                          • ၂။ (၁) ဝန်ဆောင်မှုသုံးစွဲသူမှ ငွေပမာဏတစ်ရပ်ကို ပိုမိုလွှဲပြောင်းမိခြင်းနှင့် ငွေလွှဲခပိုမိုပေးချေခြင်း၊ (၂) ဝန်ဆောင်မှုတစ်ရပ်၌ငွေပေးငွေယူကိစ္စရပ်များတွင် လွှဲပြောင်းသည့်ငွေပမာဏထက်ပိုမိုသည့် ငွေပမာဏကို ဝန်ဆောင်မှုသုံးစွဲသူမှ လက်ခံရရှိ၍ ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများအတွက် ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတွင် မည်သို့မျှ တာဝန်ရှိမည် မဟုတ်ပါ။ သို့ရာတွင် ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူအနေဖြင့် တမင်ကြံရွယ်သည့် ကျူးလွန်မှု သို့မဟုတ် ပေါ့ဆမှုတို့ကြောင့် ဖြစ်ပေါ်သည့်ကိစ္စရပ်များအတွက်ကိုမူ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်သည်။
                                          • ၃။ ငွေလွှဲဝန်ဆောင်မှုဖြင့် ငွေလွှဲပြောင်းပေးပို့ရမည့်နိုင်ငံ၏ ဥပဒေအရဖြစ်ပေါ်သော အခြေအနေများကဲ့သို့ ကုမ္ပဏီမှ ထိန်းချုပ်ဆောင်ရွက်နိုင်မှုကို ကျော်လွန်သည့် အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်သော နှောင့်နှေးကြန့်ကြာမှု၊ ငွေပေးပို့ရန်ပျက်ကွက်မှု၊ ငွေပေးချေရန်ပျက်ကွက်မှု သို့မဟုတ် လိုအပ်သည့်ငွေပမာဏထက် လျော့နည်းပေးချေမှုအစရှိသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတွင် မည်သို့မျှ တာဝန်ရှိမည် မဟုတ်ပါ။ သို့ရာတွင် ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူအနေဖြင့် တမင်ကြံရွယ်သည့် ကျူးလွန်မှု သို့မဟုတ် ပေါ့ဆမှုတို့ကြောင့် ဖြစ်ပေါ်သည့်ကိစ္စရပ်များအတွက်ကိုမူ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်သည်။
                                          •  

                                             

                                            အပိုဒ် ၂၅။ (စည်းမျဥ်းစည်းကမ်းများကို လိုအပ်သည့်အလျောက် ပြောင်းလဲကျင့်သုံး‌ဆောင်ရွက်မှု)

                                            ဤစည်းမျဥ်းစည်းကမ်းများတွင် သတ်မှတ်ဖော်ပြထားခြင်းမရှိသည့် ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူများအကြား ဝန်ဆောင်မှုများနှင့်စပ်လျဥ်းသော မည်သည့်ငွေပေးငွေယူဆိုင်ရာကိစ္စရပ်ကိုမဆို ကုမ္ပဏီက သီးခြားချမှတ်ထားသော ငွေပေးငွေယူကိစ္စရပ်ဆိုင်ရာ စည်းမျဥ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရမည်။ ကုမ္ပဏီက သီးခြားချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများ အစရှိသည်တို့ကို ကုမ္ပဏီ၏ မိုဘိုင်းလ် အပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

                                             

                                            အပိုဒ် ၂၆။ (စည်းမျဥ်းစည်းကမ်းများ ပြောင်းလဲခြင်း)

                                            ကုမ္ပဏီသည် ဤစည်းမျဥ်းစည်းကမ်းများပါ အကြောင်းအရာများကို ပြောင်းလဲနိုင်သည်။ ထိုသို့ပြောင်းလဲ ရာတွင် ကုမ္ပဏီအနေဖြင့် ပြောင်းလဲမှုစတင်သက်ရောက်သည့်နေ့နှင့် ပြောင်းလဲသည့်အကြောင်းအရာ အပါအဝင် ကြေညာချက်တစ်ရပ်ကို ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် စည်းမျဥ်းစည်းကမ်းများပြောင်းလဲမှု စတင်အကျိုးသက်ရောက်သည့်နေ့၌ ထုတ်ပြန်ရမည်ဖြစ်ပြီး ပြောင်းလဲမှု စတင်အကျိုးသက်ရောက်သည့်နေ့နှင့် ထိုနေ့နောက်ပိုင်းတွင် ပြောင်းလဲပြီးသည့် စည်းမျဥ်းစည်းကမ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

                                             

                                            အပိုဒ် ၂၇။ (လွှမ်းမိုးသည့်ဥပဒေနှင့် သဘောတူညီထားသော စီရင်ပိုင်ခွင့်)

                                            • ၁။ ဤစည်းမျဥ်းစည်းကမ်းများအရ ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူများအကြား ငွေပေးငွေယူကိစ္စရပ် များကို ဂျပန်နိုင်ငံ၏ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။
                                            • ၂။ ဤစည်းမျဥ်းစည်းကမ်းများနှင့်စပ်လျဥ်း၍ ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူများအကြား တရားစွဲဆိုမှု တစ်ရပ်ရပ် ပြုလုပ်ရန်လိုအပ်လျှင် တိုကျိုခရိုင်တရားရုံးက တရားစီရင်မည့်မူလတရားရုံးအနေဖြင့် အဆိုပါတရားစွဲဆိုမှုအပေါ် သီးခြားစီရင်ဆုံးဖြတ်ခွင့်ရှိစေရမည်။
                                            • ၃။ ဤစည်းမျဥ်းစည်းကမ်းများအား ဘာသာပြန်ဆိုမှုနှင့် ဂျပန်ဘာသာဖြင့်ထုတ်ပြန်မှုတို့အကြား အဓိပ္ပာယ်ကွဲလွဲမှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဂျပန်ဘာသာဖြင့်ထုတ်ပြန်မှုကိုသာ ဦးစားပေး အတည်ပြုမည် ဖြစ်သည်။
                                            •  

                                               

                                              အပိုဒ် ၂၈။ (ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကို ကိုင်တွယ်ထိန်းသိမ်းခြင်း)

                                              • ၁။ ကုမ္ပဏီ၏ “ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒ” နှင့် “ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ ကိုင်တွယ် ထိန်းသိမ်းခြင်း” တို့နှင့်အညီ ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ သတင်း အချက်အလက်များကို ကိုင်တွယ်ထိန်းသိမ်းမည်ဖြစ်ကြောင်း ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် သဘောတူလက်ခံပါသည်။
                                              • ၂။ ကုမ္ပဏီ၏ “ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒ” နှင့် “ကိုယ်ရေးကိုယ်တာအချက်အလက်များ ကိုင်တွယ် ထိန်းသိမ်းခြင်း” တို့ကို ကုမ္ပဏီ၏ မိုဘိုင်းလ်အပလီကေးရှင်း သို့မဟုတ် အင်တာနက်ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန် ကြေညာရမည်။
                                              •  

                                                 

                                                အပိုဒ် ၂၈.၂။ (SBI Remit NEOBANK ဝန်ဆောင်မှုအတွက် အထူးပြဋ္ဌာန်းချက်များ)

                                                • ၁။ အပိုဒ် ၄ အရ ဝန်ဆောင်မှုသုံးစွဲသူများ၏ အထောက်အထားအတည်ပြုခြင်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ကုမ္ပဏီမှ SSNB သို့ ပေးပို့မည်ဖြစ်ကြောင်းကို SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများက သဘောတူလက်ခံပါသည်။ ဝန်ဆောင်မှုများ သို့မဟုတ် SBI Remit NEOBANK ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်အလို့ငှာ၊ ဝန်ဆောင်မှုသုံးစွဲသူများ၏အချက်အလက်များကို ကုမ္ပဏီမှ လိုအပ်သည့်အတိုင်းအတာအထိ SSNB သို့ ပေးပို့မည်ဖြစ်ကြောင်းကို ဝန်ဆောင်မှုသုံးစွဲသူများက သဘောတူလက်ခံပါသည်။
                                                • ၂။ SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများသည် SSNB တွင် ဘဏ်စာရင်းဖွင့်ခြင်း ဆောင်ရွက်ပြီးစီးသည့်အခါတွင် သက်ဆိုင်ရာ ဝန်ဆောင်မှုသုံးစွဲသူ၏ ဘဏ်စာရင်းကိုင်ဆောင်သူ၏ အမည်နှင့် ဘဏ်စာရင်းနံပါတ်ကို ကုမ္ပဏီ၊ မူရင်းကုမ္ပဏီနှင့် ကြီးကြပ်ရေးအဖွဲ့အစည်းတို့ထံ SSNB မှပေးပို့မည်ဖြစ်ကြောင်းကို SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများက သဘောတူလက်ခံပါသည်။
                                                • ၃။ SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းရာ၌ သက်ဆိုင်ရာ ဝန်ဆောင်မှုသုံးစွဲသူ၏အမည်ဖြင့်ဖွင့်လှစ်ထားသည့် SSNB Account မှတိုက်ရိုက်ငွေဖြည့်သွင်းခြင်းကို ကန့်သတ်ထားမည်ဖြစ်သည်။ ငွေလွှဲအရံငွေစာရင်းသို့ ငွေဖြည့်သွင်းခြင်းကို ဂျပန်ယန်းငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည်။
                                                • ၄။ လုပ်ငန်းဆောင်ရွက်ရန်ကုမ္ပဏီမှငှားရမ်းထားသည့်ပြင်ပပုဂ္ဂိုလ်များမှ ကော်မရှင်ကြေးနှင့် ဝန်ဆောင်မှုနှင့် မိတ်ဆက်ထားသော အဖွဲ့ဝင်များ၏ငွေလွှဲမှုအခြေအနေအား အတည်ပြုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီမှ ဝန်ဆောင်မှုသုံးစွဲသူများ၏ ငွေလွှဲခြင်းဆိုင်ရာ အချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီမှ ငှားရမ်းထားသည့်ပြင်ပပုဂ္ဂိုလ်များထံ ထုတ်ဖော်အသိပေးမည်ကို SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများမှ သဘောတူပါသည်။
                                                • ၅။ ကုမ္ပဏီသည် SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးနှင့် ပတ်သက်သည့် ပြန်လည်အကြောင်းကြားစာကို ကြီးကြပ်ရေးအဖွဲ့အစည်းထံမှ လက်ခံရရှိသောအခါ၊ ကုမ္ပဏီအနေဖြင့် ထိုအကြောင်းကြားစာကို SSNB ထံ အသိပေးမျှဝေရမည်။
                                                • ၆။ SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးအပေါ် အပိုဒ် ၂၁.၂(၄) သို့မဟုတ် ၂၁.၂(၉)အရ သက်ရောက်မှုရှိပါက၊ ကုမ္ပဏီသည် အဆိုပါပြဋ္ဌာန်းချက်က ယင်းဝန်ဆောင်မှု သုံးစွဲသူအပေါ် သက်ရောက်မှုရှိကြောင်း SSNB သို့ အသိပေးအကြောင်းကြားရမည်။
                                                • ၇။ SBI Remit NEOBANK ဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူများသည် သတ်မှတ်ထားသော ငွေလွှဲခနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်မှုအဖိုးအခများကို ပေးဆောင်ရမည်ဖြစ်သည်။ ယင်းအခကြေးငွေ ပမာဏကို အောက်ပါ URL တွင် ဝင်ရောက်ကြည့်ရှုအတည်ပြုနိုင်ပါသည်။
                                                  (URL:https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/
                                                  ကုမ္ပဏီသည် အထက်ပါအပိုဒ်တွင် ဖော်ပြထားသော အခကြေးငွေများကို ကုမ္ပဏီဝက်ဘ်ဆိုဒ်တွင် အခကြေးငွေပြောင်းလဲသည့် ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကို ကြိုတင်အသိပေး ထုတ်ပြန်၍ ပြောင်းလဲနိုင်သည်။
                                                  (၁) ဝန်ဆောင်မှုသုံးစွဲသူသည် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုအတွက် လျှောက်ထားချိန်တွင် ဝန်ဆောင်မှုသုံးစွဲသူ၏ SSNB အကောင့်မှ ငွေလွှဲအရံငွေစာရင်းသို့ လွှဲပြောင်းမည့်ငွေပမာဏ အတွက် ငွေလွှဲခကို ပေးဆောင်ရန်လိုအပ်ပြီး ယင်းငွေလွှဲခကို ဝန်ဆောင်မှုသုံးစွဲသူ၏ SSNB Account မှ ငွေလွှဲသည့်ပမာဏထဲမှ သီးခြားနုတ်ယူမည်ဖြစ်သည်။
                                                  (၂) စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြစ်သည့် ဝန်ဆောင်မှုအသုံးပြုသည့်ကာလအတွင်း ဝန်ဆောင်မှုသုံးစွဲသူများအပေါ်ပံ့ပိုးမှု၊ ဝန်ဆောင်မှုသုံးစွဲသူမှ ၎င်း၏ဇာတိသို့ပြန်သည့်အခါ စာရင်းပိတ်ခြင်း၊ နှင့် ယင်းသို့ဇာတိမြေသို့ ပြန်သွားပြီးနောက် ဝန်ဆောင်မှုသုံးစွဲသူ၏ ဇာတိမြေသို့ ငွေလွှဲခြင်းတို့အတွက် စီမံခန့်ခွဲရေးဆိုင်ရာဆောင်ရွက်မှုအဖိုးအခများ ပေးဆောင်ရမည် ဖြစ်သည်။ ဝန်ဆောင်မှုသုံးစွဲသူ၏ ဘဏ်စာရင်းဖွင့်ပြီးသည့်လတွင် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်မှု အဖိုးအခများကို ဝန်ဆောင်မှုသုံးစွဲသူ၏ SSNB Account မှ နုတ်ယူမည်ဖြစ်သည်။
                                                • ၈။ အောက်ပါအချက်များအနက် သုံးစွဲသူသည် တခုမဟုတ်တခု ကိုက်ညီပါက SSNB သည် ယင်း ဝန်ဆောင်မှု သုံးစွဲသူ၏ SSNB ဘဏ်စာရင်းလက်ကျန်ငွေကို ကုမ္ပဏီမှတစ်ဆင့် ပြန်ပေးအမ်းရန်အတွက် ဝန်ဆောင်မှုသုံးစွဲသူ၏ SSNB ဘဏ်စာရင်း လက်ကျန်ငွေအားလုံးကို ကုမ္ပဏီသို့ လွှဲပြောင်းပေးနိုင်သည်။ ထိုသို့သောကိစ္စရပ်တွင် ကုမ္ပဏီသည် SSNB မှ လွှဲပြောင်းပေးပို့လိုက်သည့် ဝန်ဆောင်မှုသုံးစွဲသူ၏ SSNB ဘဏ်စာရင်းလက်ကျန်ငွေအားလုံးကို ဝန်ဆောင်မှုသုံးစွဲသူ၏ ကြိုတင်ငွေလွှဲစာရင်းထဲသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ ထိုသို့ထည့်သွင်းပြီးနောက် အဆိုပါ ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲလက်ကျန်ငွေ အားလုံးကို ဝန်ဆောင်မှုသုံးစွဲသူထံသို့ ပြန်အမ်းရမည်။ ဤကဲ့သို့သောကိစ္စရပ်များတွင် ငွေလွှဲလက်ကျန်ငွေပြန်အမ်းခြင်းများကို ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းဖြင့် ကုမ္ပဏီရုံးချုပ်၌ ပြုလုပ်ရမည်ဖြစ်သည်။
                                                  (၁) ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီနှင့် SSNB တို့မှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးနောက် ၎င်း၏ မိခင်နိုင်ငံသို့ ပြန်သွားခြင်း၊ သို့မဟုတ်
                                                  (၂) ဝန်ဆောင်မှုသုံးစွဲသူသည် (ရှေ့အပိုဒ်ခွဲတွင် ဖော်ပြထားသောကိစ္စရပ်မှလွဲ၍) SSNB မှ သတ်မှတ်ပြဋ္ဌာန်းထားသော စာရင်းပယ်ဖျက်သည့် အခြေအနေများအနက် တစ်ခုခုနှင့် အကျုံးဝင်ခြင်း။
                                                • ၉။ ဝန်ဆောင်မှုသုံးစွဲသူများသည် ရှေ့အပိုဒ်ခွဲတွင် ဖော်ပြထားသော ပြန်အမ်းငွေအတွက် ကုန်ကျစရိတ်အဖြစ် အပိုဒ် ၃၈.၁(၅) တွင် ဖော်ပြထားသည့် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို ပေးဆောင်ရမည်။ ကုမ္ပဏီသည် အဆိုပါပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို ပြန်လည်ပေးအမ်းရမည့် ငွေလွှဲလက်ကျန်ငွေပမာဏထဲမှ နုတ်ယူခြင်းဖြင့် ရယူမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခပမာဏသည် ပြန်လည် ပေးအမ်းရမည့် ငွေလွှဲလက်ကျန်ထက် ကျော်လွန်နေပါက ဝန်ဆောင်မှုသုံးစွဲသူသည် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများကို သီးသန့် ပေးဆောင်ရမည်။ ထို့အပြင်၊ ပြန်အမ်းငွေဆိုင်ရာ ဝန်ဆောင်ခပမာဏသည် ငွေလွှဲလက်ကျန်ထက် ကျော်လွန်နေပြီး၊ ဝန်ဆောင်မှုသုံးစွဲသူမှ ပြန်အမ်းငွေဆိုင်ရာ ဝန်ဆောင်ခများကို သီးခြားပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့် ပြန်အမ်းငွေမပေးနိုင်ခြင်း၊ သို့မဟုတ် အခြားအကြောင်းများကြောင့် ဝန်ဆောင်မှုသုံးစွဲသူမှ သတ်မှတ်ထားသည့် ဘဏ်စာရင်းသို့ ပြန်အမ်းငွေမပေးနိုင်ခြင်းတို့ဖြစ်ပေါ်ပါက ယင်းတို့မှ ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးနစ်နာမှုမဆိုအတွက် ကုမ္ပဏီ၌ တာဝန်ရှိမည်မဟုတ်ပါ။
                                                •  

                                                   

                                                  အခန်း ၂။ (နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှု)

                                                   

                                                    အပိုဒ် ၂၉။ (မိုဘိုင်းလ်အပလီကေးရှင်းဖြင့် ငွေလွှဲဝန်ဆောင်မှု သို့မဟုတ် အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှု အတွက် လျှောက်ထားခြင်း)

                                                    • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် မိုဘိုင်းလ် အပလီကေးရှင်းဖြင့် ငွေလွှဲဝန်ဆောင်မှု သို့မဟုတ် အင်တာနက်မှ တစ်ဆင့် ငွေလွှဲဝန်ဆောင်မှုတို့ကို ကုမ္ပဏီ၏မိုဘိုင်းလ်အပလီကေးရှင်းကို ဖွင့်၍ဖြစ်စေ၊ ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ခြင်းဖြင့်ဖြစ်စေ ကုမ္ပဏီမှသတ်မှတ်ထားသောနည်းလမ်းနှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီအသုံးပြုရမည်။ ငွေလွှဲဝန်ဆောင်မှု လျှောက်ထားရာတွင် ငွေလွှဲခြင်း ရည်ရွယ်ချက်ကို ထည့်သွင်းရမည်ဖြစ်ပြီး စကားဝှက် စသည်တို့ကိုအသုံးပြု၍ အထောက်အထား အတည်ပြုခြင်းများ ဆောင်ရွက်ရမည် ဖြစ်သည်။
                                                    • ၂။ ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူထံမှ ငွေလွှဲလျှောက်ထားမှုတစ်ရပ်ကို လက်ခံရရှိပြီး ယင်းလျှောက်ထားမှု သည် အပိုဒ် ၁၃ ပါ ပြဌာန်းချက်များနှင့်အညီ ဝန်ဆောင်မှုသုံးစွဲသူမှ တင်သွင်းသည့် ငွေလွှဲလျှောက်ထားမှု တစ်ခုအဖြစ် အသိအမှတ်ပြုခံရသည့်အခါ ကုမ္ပဏီသည် လက်ခံရရှိသော လျှောက်ထားမှုပါ အသေးစိတ်အချက်အလက်များကို ဝန်ဆောင်မှုသုံးစွဲသူ၏ terminal သို့ ပြန်လည်ပေးပို့ရမည်။
                                                    • ၃။ ဝန်ဆောင်မှုသုံးစွဲသူများသည် အထက်ပါအပိုဒ်ခွဲနှင့်အညီ ကုမ္ပဏီမှ ပြန်လည်ပေးပို့လာသော အသေးစိတ် အချက်အလက်များကို စစ်ဆေးရမည်ဖြစ်ပြီး မှန်ကန်ပါက ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ကုမ္ပဏီမှ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ အသေးစိတ်အချက်အလက်များကို အတည်ပြုဆောင်ရွက်ပြီး ကြောင်း ဖော်ပြထားသည့် အကြောင်းပြန်စာတစ်စောင်ကို ကုမ္ပဏီသို့ ပေးပို့ရမည်။ ဝန်ဆောင်မှုသုံးစွဲသူသည် အဆိုပါ လျှောက်ထားမှုပါ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီမှ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်သည်။
                                                    • ၄။ ဝန်ဆောင်မှုသုံးစွဲသူသည် အထက်အပိုဒ်ခွဲပါ အကြောင်းပြန်စာကို ကုမ္ပဏီသို့ ချက်ချင်းပေးပို့ရမည်။ ကုမ္ပဏီက သတ်မှတ်ထားသည့်အချိန်အတွင်း ကုမ္ပဏီသို့ အကြောင်းပြန်စာ ရောက်ရှိခြင်းမရှိပါက ငွေလွှဲလျှောက်ထားမှုကိုဝန်ဆောင်မှုသုံးစွဲသူဘက်မှ ပယ်ဖျက်ခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီမှမှတ်ယူမည် ဖြစ်သည်။
                                                    • ၅။ ကုမ္ပဏီက သတ်မှတ်ထားသည့်အချိန်အတွင်း ကုမ္ပဏီအနေဖြင့် ဤအပိုဒ်၏ အပိုဒ်ခွဲ ၃ ပါ အကြောင်းပြန်စာ ကိုလက်ခံရရှိသည့်အချိန်တွင် မိုဘိုင်းလ်အပလီကေးရှင်းဖြင့် ငွေလွှဲဝန်ဆောင်မှု သို့မဟုတ် အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုရန် ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲလျှောက်ထားမှု ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး၊ ကုမ္ပဏီ၏ ကွန်ပျူတာလုပ်ငန်းစဥ်ဆောင်ရွက်မှုများ ပြီးစီးမည်ဖြစ်သည်။
                                                    • ၆။ အထက်အပိုဒ်ခွဲပါ ငွေလွှဲလျှောက်ထားမှု အပြီးသတ်ဆောင်ရွက်ပြီးနောက် ကုမ္ပဏီသည် လျှောက်ထားချက်ပါ အချက်အလက်များကို ကုမ္ပဏီမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ စစ်ဆေးရမည်။ အဆိုပါစစ်ဆေးမှုနှင့်စပ်လျဥ်း၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိဟု ကုမ္ပဏီမှ သတ်မှတ်လျှင် ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲလျှောက်ထားမှုကို လက်ခံရမည်။ သို့ရာတွင် လျှောက်ထားမှုအတည်ပြုခြင်း၏ နောက်ဆက်တွဲအနေဖြင့် ငွေသွင်းဝန်ဆောင်ခ၊ ငွေလွှဲခ၊ အစရှိသည်တို့ကို ထည့်သွင်းတွက်ချက်ပြီးနောက် ဝန်ဆောင်မှုသုံးစွဲသူက ငွေလွှဲရန် တောင်းဆိုသည့် ငွေပမာဏအား ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု ကုမ္ပဏီမှဆုံးဖြတ်ပါက၊ ထိုသို့သော လျှောက်ထားချက်ပါ အကြောင်းအရာနှင့် အနီးစပ်ဆုံးဖြစ်သည့် ငွေပမာဏကိုလွှဲရန် ငွေလွှဲလျှောက်ထားမှုတစ်ရပ် ပြုလုပ်၍ ၎င်းငွေလွှဲလျှောက်ထားမှုကို ကုမ္ပဏီမှလက်ခံပြီးဖြစ်သည်ဟု မှတ်ယူနိုင်သည်ဖြစ်ပြီး ဝန်ဆောင်မှု သုံးစွဲသူသည် ငွေလွှဲလျှောက်ထားချက်ပါ အကြောင်းအရာများအား အထိုက်အလျောက် ပြောင်းလဲမည်ကို ကြိုတင်လက်ခံပြီးဖြစ်ကြောင်း မှတ်ယူမည်ဖြစ်သည်။
                                                    • ၇။ ကုမ္ပဏီအနေဖြင့် အထက်အပိုဒ်ခွဲတွင် ရည်ညွှန်းဖော်ပြထားသည့် လျှောက်ထားမှုလက်ခံခြင်းနှင့် စပ်လျဥ်း၍ ဝန်ဆောင်မှုသုံးစွဲသူထံ အသိပေး အကြောင်းကြားရမည်ဖြစ်ပြီး ဝန်ဆောင်မှုသုံးစွဲသူက အဆိုပါ အကြောင်းကြားစာကို လက်ခံရရှိသည့်အခါ ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူတို့အကြားတွင် နိုင်ငံတကာသို့ ငွေလွှဲပေးပို့မှုဆိုင်ရာသဘောတူညီချက် (ဤမှနောင်တွင် “ငွေလွှဲခြင်းသဘောတူညီချက်” ဟု ရည်ညွှန်းခေါ်ဆိုမည်) ကို ချုပ်ဆိုဆောင်ရွက်ရမည်။
                                                    • ၈။ ဤအပိုဒ်ပါ အပိုဒ်ခွဲ ၆ တွင် ဖော်ပြထားသည့် စစ်ဆေးမှုရလဒ်အဖြစ် ငွေလွှဲလျှောက်ထားချက်ပါ အကြောင်းအရာနှင့်စပ်လျဥ်း၍ ပြဿနာပေါ်ပေါက်သည်ဟု ကုမ္ပဏီမှ ဆုံးဖြတ်ပါက ကုမ္ပဏီသည် ထိုသို့သော ငွေလွှဲလျှောက်ထားမှုကို လက်ခံမည်မဟုတ်ဘဲ အဆိုပါ လျှောက်ထားမှုအား ဝန်ဆောင်မှုသုံးစွဲသူဘက်မှ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် စစ်ဆေးမှုရလဒ်များအား ဝန်ဆောင်မှု သုံးစွဲသူထံ ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းကိုအသုံးပြု၍ အသိပေးအကြောင်းကြားရမည် ဖြစ်သည်။
                                                    • ၉။ ငွေပေးငွေယူဆောင်ရွက်မှုများအတွက် ဝန်ဆောင်မှုသုံးစွဲသူအသုံးပြုသည့် terminal များကောင်းမွန်စွာ လည်ပတ်မှုရှိ မရှိ ဆောင်ရွက်ရန်မှာ ဝန်ဆောင်မှုသုံးစွဲသူ၏ တာဝန်ဖြစ်ပြီး၊ ငွေပေးငွေယူဆောင်ရွက်မှုများ အတွက် ဝန်ဆောင်မှုသုံးစွဲသူအသုံးပြုသည့် terminal များသည် ကောင်းမွန်စွာလည်ပတ်မှုရှိ မရှိ ကုမ္ပဏီမှ အာမခံမည်မဟုတ်ပါ။ ယင်းသို့ terminal ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ကုမ္ပဏီအနေဖြင့် အဆိုပါဆုံးရှုံးမှုအတွက် တာဝန်ရှိမည်မဟုတ်ပါ။
                                                    • ၁၀။ ဤအပိုဒ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူထားသော ငွေလွှဲ လျှောက်ထားမှု ဆောင်ရွက်ခြင်းမှ ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအပြင် ဝန်ဆောင်မှုသုံးစွဲသူမှ မှားယွင်းသော အချက်အလက်ထည့်သွင်းမှုကြောင့်ဖြစ်စေ၊ လျှောက်ထားချက်ပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြဿနာများပေါ်ပေါက်သည်ဖြစ်စေ ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာ၀န်ရှိမည်မဟုတ်ပါ။

                                                   

                                                   

                                                  အပိုဒ် ၃၀။ (မိုဘိုင်းလ်အပလီကေးရှင်းဖြင့်ငွေလွှဲရန် ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းခြင်း)

                                                  • ၁။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် အပိုဒ် ၂၉ အရ မိုဘိုင်းလ်အပလီကေးရှင်းဖြင့် ငွေလွှဲခြင်း ဝန်ဆောင်မှုကိုအသုံးပြု၍ ငွေလွှဲရန်လျှောက်ထားပါက ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ထိုသို့သော ငွေလွှဲခြင်းအတွက် လိုအပ်သည့် ငွေလွှဲအရံငွေ ပမာဏတစ်ရပ်ကို ငွေလွှဲလျှောက်ထားသည့်အချိန်တွင် ရွေးချယ်ခဲ့သောနည်းလမ်းအတိုင်း ငွေလွှဲအရံငွေစာရင်းသို့ထည့်သွင်းရမည်။ ငွေလွှဲအရံငွေ ပြတ်လပ်သည့် အခြေအနေမျိုးတွင် ငွေလွှဲပေးပို့ရန် မည်သည့်ပျက်ကွက်မှုအတွက်မဆို ကုမ္ပဏီတွင် တာဝန်မရှိပါ။
                                                  • ၂။ ငွေသွင်းရန်ကန့်သတ်အချိန်ကာလ (သို့မဟုတ် ငွေသွင်းရန်ကန့်သတ်အချိန်ကာလသည် ကုမ္ပဏီ ပိတ်ရက်ဖြစ်ပါက ကပ်လျက်ဖြစ်ပေါ်သည့် အလုပ်လုပ်ရက်) မစေ့ရောက်မီ ဝန်ဆောင်မှုသုံးစွဲသူမှ ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းမှုကို ကုမ္ပဏီမှ အတည်ပြုနိုင်ခြင်းမရှိပါက မိုဘိုင်းလ်အပလီကေးရှင်း ဖြင့်ငွေလွှဲဝန်ဆောင်မှုကိုအသုံးပြု၍ ငွေလွှဲရန်လျှောက်ထားချက်ကို ဝန်ဆောင်မှုသုံးစွဲသူဘက်မှ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
                                                  •  

                                                     

                                                    အပိုဒ် ၃၁။ (အင်တာနက်မှတစ်ဆင့် ငွေလွှဲခြင်းအတွက် ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းခြင်း)

                                                    • ၁။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးသည် အပိုဒ် ၂၉ အရ အင်တာနက်မှတစ်ဆင့်ငွေလွှဲခြင်း ဝန်ဆောင်မှုကို အသုံးပြု၍ ငွေလွှဲရန်လျှောက်ထားပါက ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ထိုသို့သော ငွေလွှဲခြင်းအတွက် လိုအပ်သည့် ငွေလွှဲအရံငွေပမာဏတစ်ရပ်ကို ငွေလွှဲလျှောက်ထားသည့်အချိန်တွင် ရွေးချယ်ခဲ့သော နည်းလမ်းအတိုင်း ငွေလွှဲအရံငွေစာရင်းသို့ထည့်သွင်းရမည်။ ငွေလွှဲအရံငွေ ပြတ်လပ်သည့် အခြေအနေမျိုးတွင် ငွေလွှဲပေးပို့ရန် မည်သည့်ပျက်ကွက်မှုအတွက်မဆို ကုမ္ပဏီတွင် တာဝန်ရှိမည်မဟုတ်ပါ။
                                                    • ၂။ အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုကိုအသုံးပြု၍ ငွေလွှဲရန်လျှောက်ထားသည့်အခါ ဝန်ဆောင်မှု သုံးစွဲသူသည် ကွန်ဗီးနီးယန့်စတိုးဆိုင်တစ်ခုမှ ငွေလွှဲအရံငွေစာရင်းသို့ ငွေလွှဲရန်ရွေးချယ်ပါက ထိုသို့သော ငွေလွှဲလျှောက်ထားမှုဆောင်ရွက်ပြီးစီးသည့်နောက် ကုမ္ပဏီကသတ်မှတ်ထားသည့် ကာလအတွင်း (ဤမှနောင်တွင် “ငွေသွင်းရန် ကန့်သတ်အချိန်ကာလ” ဟု ရည်ညွှန်းခေါ်ဆိုမည်) ဝန်ဆောင်မှုသုံးစွဲသူ အနေဖြင့် ငွေလွှဲမည့် ပမာဏအပြင် အပိုင်၃၈ တွင် ဖော်ပြထားသည့် အခကြေးငွေကိုပါ ငွေလွှဲအရံငွေ စာရင်းသို့ ထည့်သွင်းရမည်။
                                                    • ၃။ ငွေသွင်းရန်ကန့်သတ်အချိန်ကာလ (သို့မဟုတ် ငွေသွင်းရန်ကန့်သတ်အချိန်ကာလသည် ကုမ္ပဏီပိတ်ရက် ဖြစ်ပါက ကပ်လျက်ဖြစ်ပေါ်သည့် အလုပ်လုပ်ရက်) မစေ့ရောက်မီ ဝန်ဆောင်မှုသုံးစွဲသူမှ ငွေလွှဲအရံငွေစာရင်းသို့ ငွေသွင်းမှုကို ကုမ္ပဏီမှ အတည်ပြုနိုင်ခြင်းမရှိပါက အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုကိုအသုံးပြု၍ ငွေလွှဲရန်လျှောက်ထားချက်ကို ဝန်ဆောင်မှုသုံးစွဲသူဘက်မှ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
                                                    •  

                                                       

                                                      အပိုဒ် ၃၂။ (ကြိုတင်စာရင်းသွင်း နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုအတွက် လျှောက်ထားခြင်း)

                                                      • ၁။ ကြိုတင်စာရင်းသွင်း နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြုသည့် ဝန်ဆောင်မှုသုံးစွဲသူ တစ်ဦးသည် အသုံးပြုသည့်ဝန်ဆောင်မှုနှင့်ကိုက်ညီသော နည်းလမ်းအတိုင်း ငွေလွှဲအရံငွေစာရင်းသို့ငွေသွင်းသည့်အခါ ဝန်ဆောင်မှုသုံးစွဲသူက ကြိုတင်စာရင်းသွင်းထားပြီးဖြစ်သော လွှဲငွေလက်ခံသူထံသို့ ငွေလွှဲမှုတစ်ရပ် ပြုလုပ်ရန် လျှောက်ထားပြီးဖြစ်သည်ဟု ကုမ္ပဏီအနေဖြင့် မှတ်ယူမည် ဖြစ်သည်။
                                                      • ၂။ ကုမ္ပဏီမှသတ်မှတ်ထားသောအချိန်အတွင်း အထက်ပါအပိုဒ်တွင်ဖော်ပြထားသည့် ‌ငွေသွင်းခြင်းနှင့် ကုမ္ပဏီ၏ ကွန်ပျူတာလုပ်ငန်းစဉ်ဆောင်ရွက်မှုများ ဆောင်ရွက်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ကြိုတင်စာရင်းသွင်း နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ ငွေလွှဲရန် ဝန်ဆောင်မှုသုံးစွဲသူ၏ လျှောက်ထားမှု ဆောင်ရွက်ခြင်း ပြီးစီးမည်ဖြစ်သည်။
                                                      • ၃။ အထက်ပါအပိုဒ်ခွဲတွင် ဖော်ပြထားသော ငွေလွှဲလျှောက်ထားမှုဆောင်ရွက်ပြီးစီးသည့်နောက် လျှောက်ထားချက်ပါ အကြောင်းအရာများကို ကုမ္ပဏီမှသတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ကုမ္ပဏီမှ စစ်ဆေးရမည်။ ကုမ္ပဏီအနေဖြင့် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခြင်းမရှိဟု သတ်မှတ်ပါက ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲလျှောက်ထားမှုကို လက်ခံရမည်။
                                                      • ၄။ ကုမ္ပဏီသည် အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသော လျှောက်ထားမှုလက်ခံခြင်းနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုသုံးစွဲသူထံ အသိပေးအကြောင်းကြားရမည်ဖြစ်ပြီး ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ထိုသို့သော အကြောင်းကြားစာကို လက်ခံရရှိသည့်အချိန်တွင် ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူအကြား ငွေလွှဲခြင်း သ‌ဘောတူညီချက်ကို ချုပ်ဆိုဆောင်ရွက်ရမည်။
                                                      • ၅။ ကုမ္ပဏီသည် အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသော စစ်ဆေးမှုရလဒ်အဖြစ် ငွေလွှဲလျှောက်ထားမှုပါ အကြောင်းအရာနှင့်စပ်လျဥ်း၍ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်သည်ဟု သတ်မှတ်ပါက ကုမ္ပဏီ အနေဖြင့် အဆိုပါငွေလွှဲလျှောက်ထားမှုကို လက်ခံမည်မဟုတ်ပါ။ ထို့အပြင် ထိုသို့သော လျှောက်ထားမှုအား ဝန်ဆောင်မှုသုံးစွဲသူဘက်မှ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။ ကုမ္ပဏီသည် စစ်ဆေးမှု ရလဒ်များကို ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းများကိုအသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူထံ အသိပေးအကြောင်းကြားရမည်။
                                                      • ၆။ ဤအပိုဒ်ပါပြဌာန်းချက်များနှင့်အညီ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူထားသည့် ငွေလွှဲလျှောက်ထားမှု ကြောင့် ပေါ်ပေါက်လာသော နစ်နာဆုံးရှုံးမှုသာမက ဝန်ဆောင်မှုသုံးစွဲသူက သတင်းအချက်အလက် မှားယွင်းစွာ ဖြည့်သွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု သို့မဟုတ် လျှောက်ထားချက်ပါ အကြောင်းအရာနှင့်စပ်လျဥ်း၍ ပေါ်ပေါက်သည့် ပြဿနာကိစ္စရပ်များအတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည် မဟုတ်ပါ။
                                                      •  

                                                         

                                                        အပိုဒ် ၃၃။ (ငွေလွှဲပေးပို့မှုများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း)

                                                        • ၁။ ငွေလွှဲခြင်းသ‌ဘောတူညီချက် ချုပ်ဆိုဆောင်ရွက်ပြီးနောက်တွင် ကုမ္ပဏီသည် ငွေလွှဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ၎င်းကိုယ်တိုင်ဖြစ်စေ၊ ကြားခံအဖြစ်ဆောင်ရွက်ပေးသူမှတစ်ဆင့်ဖြစ်စေ ချက်ချင်း အကောင်အထည်ဖော်‌ဆောင်ရွက်ရမည်။
                                                        • ၂။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ငွေလွှဲခြင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ၎င်းတို့၏အချက်အလက်များအား ကြားခံအဖြစ်ဆောင်ရွက်ပေးသူနှင့် နိုင်ငံတကာငွေလွှဲပို့ခြင်း ဆိုင်ရာငွေကြေးအဖွဲ့အစည်းများထံ အောက်ပါရည်ရွယ်ချက်များအရ ထုတ်ဖော်မည်ကို သဘောတူ လက်ခံပါသည်- (၁) ဝန်ဆောင်မှုသုံးစွဲသူအား နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုပေးရန်၊ (၂) ဥပဒေအရ ခွင့်ပြုထားသော နယ်ပယ်အတွင်း ပူးတွဲစျေးကွက်ချဲ့ထွင်ခြင်းဆောင်ရွက်ရန်၊ သို့မဟုတ် (၃) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းနှင့် အခြားသော ဥပဒေကြောင်းဆိုင်ရာ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ တောင်းဆိုမှုများကို ကာကွယ်တားဆီးရန် ဖြစ်ပါသည်။ ထို့အပြင် အထက်ဖော်ပြပါရည်ရွယ်ချက်များအတွက် ထိုအချက်အလက်များကို ကြားခံအဖြစ်ဆောင်ရွက်ပေးသူမှ အခြားကြားခံအဖြစ်ဆောင်ရွက်ပေးသူများ၊ ၎င်း၏မိခင်ကုမ္ပဏီ သို့မဟုတ် ၎င်း၏လုပ်ငန်းခွဲများ (ဂျပန်နိုင်ငံတွင် တည်ထောင်ဖွဲ့စည်းထားခြင်းမရှိသည့် အရာများလည်း အပါအဝင်ဖြစ်သည်။) ထံသို့ မျှဝေနိုင်သည်ကို ဝန်ဆောင်မှုသုံးစွဲသူများမှ သဘောတူပါသည်။
                                                        • ၃။ ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူဘက်မှ တမင်ကြံရွယ်သည့် ကျူးလွန်မှု သို့မဟုတ် ပေါ့ဆမှုတို့ကြောင့် ဖြစ်ပွားသည့် ကိစ္စရပ်များမှလွဲ၍ အထက်ပါအပိုဒ်တွင် ဖော်ပြထားသည့် ကိုင်တွယ်ဆောင်ရွက်မှုမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများအတွက် ကုမ္ပဏီနှင့် ကြားခံအဖြစ် ဆောင်ရွက်ပေးသူတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                                        • ၄။ ငွေလွှဲခြင်းတစ်ရပ်စီအတွက် အများဆုံးငွေပမာဏနှင့် တစ်လလျှင်အများဆုံးလွှဲပြောင်းနိုင်မည့် ပမာဏအတွက် ကန့်သတ်ချက်များ၊ တစ်လလျှင် အများဆုံးငွေလွှဲပြောင်းနိုင်သည့် အကြိမ်အရေအတွက်များနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များကို ကုမ္ပဏီ၏ အောက်ဖော်ပြပါ URL တွင် သီးခြား ဖော်ပြမည်ဖြစ်သည်။)
                                                          (URL: https://www.remit.co.jp/kaigaisoukin/service/flowindividual/
                                                          (URL: https://www.remit.co.jp/kaigaisoukin/service/flowcorporation/
                                                        • ၅။ ငွေလွှဲခြင်း သ‌ဘောတူညီချက်ချုပ်ဆိုဆောင်ရွက်ပြီးသည့်အချိန်မှစ၍ ကုမ္ပဏီသည် ကြားခံအဖြစ် ဆောင်ရွက်ပေးသူထံ နိုင်ငံတကာငွေလွှဲပေးပို့မှုကို အောက်ဖော်ပြပါ URL တွင်ဖော်ပြထားသည့် နိုင်ငံတကာငွေလွှဲပို့မှုဆိုင်ရာ စံပြုဆောင်ရွက်ရမည့်ကာလနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည်။
                                                          (URL: https://www.remit.co.jp/correspondent/
                                                        •  

                                                           

                                                          အပိုဒ် ၃၄။ (ငွေလွှဲပို့မှုလက်ခံရရှိခြင်း)

                                                          • ၁။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးထံမှ ဤစည်းမျဥ်းစည်းကမ်းများနှင့်အညီ လွှဲပြောင်းပေးသည့်ငွေကြေးကို လက်ခံရယူရာတွင် ကြားခံအဖြစ်ဆောင်ရွက်ပေးသူကသတ်မှတ်ထားသည့်စည်းမျဥ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ လွှဲငွေလက်ခံသူသည် ယင်းငွေပမာဏကို လက်ခံရရှိသည့်အခါ လွှဲငွေလက်ခံရရှိသူတည်ရှိရာနိုင်ငံ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ အခြေအနေများအရ ကုမ္ပဏီကသတ်မှတ်ထားသည့် အခကြေးငွေများအပြင် သီးခြားအခကြေးငွေများကိုလည်း ပေးဆောင်ရနိုင်သည်ကို ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် အပြည့်အဝ ကြိုတင်နားလည်သိရှိပါသည်။ ဝန်ဆောင်မှုသုံးစွဲသူသည် “နိုင်ငံ/အေဂျင်စီမှ သတ်မှတ်သည့် ငွေလွှဲမှုနည်းလမ်းနှင့် ကန့်သတ်ချက်များ” ကို အောက်ဖော်ပြပါ ကုမ္ပဏီ ဝက်ဘ်ဆိုဒ်တွင် အတည်ပြုကြည့်ရှုနိုင်ပါသည်။
                                                            (URL: https://www.remit.co.jp/kaigaisoukin/remittancearea/
                                                          • ၂။ လွှဲငွေလက်ခံသူသည် အပိုဒ် ၃၃၅ တွင် ဖော်ပြထားသော နိုင်ငံတကာငွေလွှဲမှုဆောင်ရွက်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ကြားခံအဖြစ်ဆောင်ရွက်ပေးသူထံမှ သက်ဆိုင်ရာလွှဲငွေကို လက်ခံရယူနိုင်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါအခြေအနေများ၌ ငွေလွှဲခြင်းသ‌ဘောတူညီချက် ချုပ်ဆိုဆောင်ရွက်သည့်နေ့မှ လွှဲငွေလက်ခံသူက အမှန်တကယ်ငွေလက်ခံရယူနိုင်သည့်အချိန်အထိ ရက်အနည်းငယ်ကြာမြင့်နိုင်သည်ကို ဝန်ဆောင်မှုသုံးစွဲသူမှ ကြိုတင် သိရှိထားပါသည် –
                                                          • (၁) ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ရုံးချိန်ပြင်ပဖြစ်နေခြင်း၊
                                                            (၂) ကြားခံအဖြစ်ဆောင်ရွက်ပေးသူက စနစ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ရက်အနည်းငယ် စောင့်ဆိုင်းရန်လိုအပ်ခြင်း၊
                                                            (၃) ငွေလွှဲပို့မှုကို ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ဆုံးဖြတ်ချက်အရ ထိန်းသိမ်းထားခြင်း၊ သို့မဟုတ်
                                                            (၄) အထက်ပါအချက်များအပြင် လွှဲငွေလက်ခံသူ၏ နိုင်ငံ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက် ပေးသူ၏ သီးခြားအခြေအနေများအရ ငွေလွှဲလက်ခံရရှိမှုဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန် လိုအပ်ခြင်း။
                                                            • ၃။ ဝန်ဆောင်မှုသုံးစွဲသူများသည် ငွေလွှဲမှုအခြေအနေကို ကုမ္ပဏီဝက်ဘ်ဆိုဒ် သို့မဟုတ် အပိုဒ် ၄၉ တွင်‌ ဖော်ပြထားသော ကုမ္ပဏီသို့ဆက်သွယ်ရန်လိပ်စာ (ဤစာပိုဒ်အောက်တွင် “ဆက်သွယ်ရန်လိပ်စာ” ဟု ရည်ညွှန်းခေါ်ဆိုမည်) တွင် ဝင်ရောက်စစ်ဆေးနိုင်သည်။
                                                            •  

                                                               

                                                              အပိုဒ် ၃၅။ (ရည်ညွှန်းနံပါတ်)

                                                              • ၁။ ဝန်‌ဆောင်မှုသုံးစွဲသူတစ်ဦးသည် ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ရုံးလုပ်ငန်းတည်ရှိရာနေရာ၌ ငွေလွှဲလက်ခံရန် ရွေးချယ်သည့်ကိစ္စရပ်တွင် ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူသည် ၎င်းတို့ ထုတ်ပေးထားသည့် ရည်ညွှန်းနံပါတ်(ဤမှနောင်တွင် “ရည်ညွှန်းနံပါတ်” ဟု ရည်ညွှန်းခေါ်ဆိုမည်)ကို ဝန်‌ဆောင်မှုသုံးစွဲသူ သို့မဟုတ် လွှဲငွေလက်ခံသူထံ အသိပေးအကြောင်းကြားရမည်။ ရည်ညွှန်းနံပါတ်နှင့် ငွေလွှဲခြင်းသ‌ဘောတူညီချက် ချုပ်ဆိုဆောင်ရွက်သည့်အချိန်တွင် ကုမ္ပဏီက ဝန်ဆောင်မှုသုံးစွဲသူထံ ပေးပို့သည့် နံပါတ်တို့မှာ ကွဲလွဲမှုရှိနိုင်သည်။
                                                              • ၂။ အောက်ဖော်ပြပါ အခြေအနေများတွင် ရည်ညွှန်းနံပါတ် လိုအပ်ပါသည် –
                                                              • (၁) လွှဲငွေလက်ခံသူက ဝန်ဆောင်မှုသုံးစွဲသူမှ လွှဲပြောင်းပေးပို့သောငွေကို လက်ခံရယူရန် (ငွေလွှဲလက်ခံရယူရန်ပြည်တွင်းဥပဒေများအရ လိုအပ်ပါက)၊
                                                                (၂) ဝန်ဆောင်မှုသုံးစွဲသူက အပိုဒ် ၃၄.၃ အရ ငွေလွှဲမှုအခြေအနေကို စစ်ဆေးရန်၊ သို့မဟုတ်
                                                                (၃) ဝန်‌ဆောင်မှုသုံးစွဲသူက အပိုဒ် ၃၉ အရ ငွေလွှဲလျှောက်ထားမှုကို ပယ်ဖျက်ရန် သို့မဟုတ် ငွေလွှဲခြင်းသဘောတူညီချက်ကို ရပ်စဲရန်။
                                                                • ၃။ ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် အပိုဒ် ၁၁.၁ တွင် ဖော်ပြထားသော လျှို့ဝှက်နံပါတ် အစရှိသည်တို့နှင့် စပ်လျဥ်း၍ စီမံခန့်ခွဲသည့် တူညီသည့်နည်းလမ်းအတိုင်း ဝန်‌ဆောင်မှုသုံးစွဲသူက ရည်ညွှန်းနံပါတ်ကို စီမံခန့်ခွဲရမည်ဖြစ်သည့်အပြင် လွှဲငွေလက်ခံသူမှလည်း ရည်ညွှန်းနံပါတ်ကို အလားတူနည်းလမ်းအတိုင်း စီမံခန့်ခွဲစေရန်ဆောင်ရွက်ရမည်။ ရည်ညွှန်းနံပါတ်ကို တတိယပုဂ္ဂိုလ် အဖွဲ့အစည်းမှ သိရှိထားနိုင်ခြေရှိပါက ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီကသတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ကုမ္ပဏီထံ ချက်ချင်းအသိပေး အကြောင်းကြားရမည်။ ဝန်ဆောင်မှုသုံးစွဲသူ သို့မဟုတ် လွှဲငွေလက်ခံသူသည် ရည်ညွှန်းနံပါတ်ကို တတိယပုဂ္ဂိုလ်အဖွဲ့အစည်း သိရှိစေရန် ဆောင်ရွက်ခြင်းကြောင့် အထက်ပါ အကြောင်းကြားမှု ပေးပို့ခြင်းမတိုင်မီ ဝန်ဆောင်မှုသုံးစွဲသူ သို့မဟုတ် လွှဲငွေလက်ခံသူမှ တွေ့ကြုံရသည့် နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်အတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                                                • ၄။ ဝန်ဆောင်မှုသုံးစွဲသူသည် ရည်ညွှန်းနံပါတ်ကိုလွှဲငွေလက်ခံသူထံ အသိပေးအကြောင်းကြားရန် တာဝန်ရှိသည်။ လွှဲငွေလက်ခံသူထံ ရည်ညွှန်းနံပါတ်အသိပေးအကြောင်းကြားခြင်းနှင့် စပ်လျဉ်းသည့် မည်သည့်ကိစ္စရပ်မဆို ကုမ္ပဏီတွင်တာဝန်မရှိပါ။ ဝန်ဆောင်မှုသုံးစွဲသူက လွှဲငွေလက်ခံသူသို့ ရည်ညွှန်းနံပါတ်အသိပေးအကြောင်းကြားရန် ပျက်ကွက်မှုကြောင့် ဝန်ဆောင်မှုသုံးစွဲသူ သို့မဟုတ် လွှဲငွေလက်ခံသူတို့တွင် တွေ့ကြုံရသည့် နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်အတွက် ကုမ္ပဏီတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                                                •  

                                                                   

                                                                  အပိုဒ် ၃၆။ (ငွေလွှဲခြင်းသဘောတူညီချက်ရပ်စဲခြင်း)

                                                                  • ၁။ လွှဲငွေလက်ခံသူသည် ငွေလွှဲခြင်းသ‌ဘောတူညီချက်နှင့်အညီ ငွေလွှဲလက်ခံရရှိခြင်းမတိုင်မီ အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုနှင့် ငြိစွန်းသည်ဟုယူဆပါက ကုမ္ပဏီသည် ငွေလွှဲခြင်း သ‌ဘောတူညီချက်ကို ချက်ချင်းရပ်စဲနိုင်သည်။ အချို့သောကိစ္စရပ်များတွင် ကုမ္ပဏီသည် ထိုသို့ရပ်စဲရသည့်အကြောင်းအရင်းကို ဝန်ဆောင်မှုသုံးစွဲသူထံ အသိပေးပြောကြားမှုပြုနိုင်မည် မဟုတ်သည်ကို ဝန်ဆောင်မှုသုံးစွဲသူများက ကြိုတင်သိရှိနားလည်ပါသည်။ ထိုသို့သောကိစ္စရပ်များတွင် ဝန်ဆောင်မှုသုံးစွဲသူက ငွေလွှဲရန် လျှောက်ထားသည့် ငွေပမာဏနှင့် အပိုဒ် ၃၈ .၁(၁)တွင်ဖော်ပြထားသည့် ငွေလွှဲခနှင့်ညီမျှသည့်ငွေပမာဏကို ဝန်ဆောင်မှုသုံးစွဲသူ၏ငွေလွှဲအရံငွေစာရင်းသို့ ပေးသွင်းရမည် ဖြစ်သည်။(သို့ရာတွင် ငွေသွင်း ဝန်ဆောင်ခနှင့် ညီမျှသည့် ငွေပမာဏကို ပြန်လည်ပေးအမ်းမည် မဟုတ်ပါ) ကုမ္ပဏီသည် အောက်ဖော်ပြပါ အမှတ်စဥ် (၁) သို့မဟုတ် (၄)အရ ငွေလွှဲခြင်းသဘောတူညီချက်ကို ရပ်စဲပါက ကုမ္ပဏီအနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူက ငွေလွှဲလျှောက်ထားမှုပြုလုပ်သည့်ငွေပမာဏ နှင့် ငွေလွှဲခနှင့်ညီမျှသည့်ငွေပမာဏကို ပြန်လည်ပေးအမ်းမည် မဟုတ်ကြောင်း ဝန်ဆောင်မှုသုံးစွဲသူများ အနေဖြင့် ကြိုတင်သိရှိနားလည်ပါသည်။
                                                                  • (၁) ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲမှုသည် ဂျပန်နိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာ ဥပဒေနှင့် စည်းမျဥ်းတစ်ခုခုကို ချိုးဖောက်မှုဖြစ်ပေါ်နေခြင်း သို့မဟုတ် နိုင်ငံခြားငွေကြေး လဲလှယ်မှုများကို ဂျပန်နိုင်ငံအစိုးရမှ ရပ်ဆိုင်းထားခြင်း၊
                                                                    (၂) စစ်မက်ဖြစ်ပွားခြင်း၊ လူထုဆူပူအုံကြွမှုဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုဖြစ်ပေါ်ြခင်း၊ အဓိကရုဏ်းဖြစ်ပွားခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်ခြင်း သို့မဟုတ် သပိတ်မှောက်မှုဖြစ်ပေါ်ခြင်း သို့မဟုတ် ထိုသို့သောအခြေအနေများ ဖြစ်ပေါ်နိုင်ခြေရှိခြင်း၊
                                                                    (၃) ကြားခံအဖြစ်ဆောင်ရွက်ပေးသူသည် ပိုင်ဆိုင်မှုပစ္စည်းများ ချိပ်ပိတ်အရေးယူမှုခံရခြင်း၊ ငွေပေးချေမှုရပ်ဆိုင်းခြင်းများကြုံတွေ့ရခြင်း၊ သို့မဟုတ် ကြွေးမြီပြန်လည်မပေးဆပ်နိုင်မှု ဆိုင်ရာ လုပ်ငန်းစဉ်များ၊ တရားမကြောင်းအရ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များ ၊ ကော်ပိုရိတ် ပြန်လည်ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များ သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာ အထူးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရန်အတွက် အကြောင်းအခြင်းအရာများ သို့မဟုတ် အခြားသော လူမွဲခံယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း တစ်ခုခုကို စတင်ဆောင်ရွက်ရန်အတွက် အကြောင်းခြင်းရာများ ပေါ်‌ပေါက်ခြင်း၊
                                                                    (၄) ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲမှုသည် ရာဇဝတ်မှုတစ်ခုနှင့် ဆက်စပ်လျက်ရှိသည်ဟု ယူဆသည့်အခါ သို့မဟုတ် ၎င်းနှင့်စပ်လျဥ်းသည့် အခြားအလားတူအကြောင်းခြင်းရာ များ ပေါ်ပေါက်ခြင်း၊
                                                                    (၅) တစ်နည်းအားဖြင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ဆုံးဖြတ်ချက်ဖြင့် ငွေလွှဲမှုကို ပယ်ချခြင်း၊ သို့မဟုတ်
                                                                    (၆) အပိုဒ် ၂၁.၂ တွင် ဖော်ပြထားသည့် ဖြစ်ရပ်တစ်ခုခုပေါ်ပေါက်ခြင်း။
                                                                    • ၂။ အထက်ပါအပိုဒ်ခွဲတွင် မည်သို့ပင်ဖော်ပြထားစေကာမူ ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ရုံးလုပ်ငန်း နေရာ၌ ငွေလက်ခံဆောင်ရွက်သည့်ကိစ္စရပ်တွင် လွှဲငွေလက်ခံသူအနေဖြင့် ငွေလွဲခြင်း သဘောတူညီချက် ချုပ်ဆိုပြီးစီးသည့်နေ့မှစ၍ ရက်ပေါင်းကိုးဆယ် (လက်ရှိကျရောက်သည့်နေ့အပါအဝင်) (၉၀) ကြာမြင့်သည့်တိုင် ငွေလက်ခံရရှိခြင်းမရှိပါက ငွေလွှဲခြင်းသဘောတူညီချက်ချုပ်ဆို ဆောင်ရွက်ထားသည့် ငွေကို ကြားခံအဖြစ်ဆောင်ရွက်ပေးသူက ထိန်းသိမ်းထားရမည်ဖြစ်ပြီး ထိုငွေကို လွှဲငွေလက်ခံသူက လက်ခံရရှိနိုင်မည်မဟုတ်ပါ။ ထိုသို့သောကိစ္စရပ်တွင် ဝန်‌ဆောင်မှုသုံးစွဲသူအနေဖြင့် ထိုငွေပမာဏကို ပြန်အမ်းရရှိရန် အပိုဒ် ၃၉ တွင် ဖော်ပြထားသည့် ငွေလွှဲခြင်း သ‌ဘောတူညီချက်ရပ်စဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်။
                                                                    • ၃။ ကုမ္ပဏီသည် အထက်ဖော်ပြပါ အပိုဒ်ခွဲနှစ်ခုတွင် ဖော်ပြထားသည့် ငွေလွှဲခြင်းသဘောတူညီချက် ရပ်စဲခြင်းကြောင့် ဝန်ဆောင်မှုသုံးစွဲသူမှ တွေ့ကြုံရသည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုတစ်ရပ်ရပ် အတွက် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                                                    •  

                                                                       

                                                                      အပိုဒ် ၃၇။ (နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုတွင် နိုင်ငံခြားငွေလဲလှယ်ခြင်း)

                                                                      • ၁။ ဝန်ဆောင်မှုသုံးစွဲသူသည် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုဖြင့် ငွေလွှဲရန် ကုမ္ပဏီသို့လျှောက်ထားရာတွင် ဂျပန်ယန်းငွေကြေးဖြင့်ဆောင်ရွက်ရမည်။
                                                                      • ၂။ ငွေလွှဲရန်လျှောက်ထားချိန်တွင် ကုမ္ပဏီက သတ်မှတ်ထားသည့် ငွေကြေးအမျိုးအစား (ဤမှနောင်တွင် “လက်ခံရရှိသည့် ငွေကြေးအမျိုးအစား” ဟု ရည်ညွှန်းခေါ်ဆိုမည်) ဖြင့် လက်ခံရရှိရမည့် ငွေပမာဏကို ဝန်ဆောင်သုံးစွဲသူက သတ်မှတ်ပေးရမည်။ သို့ရာတွင် ထိုသို့သောသတ်မှတ်ချက်များရှိစေကာမူ ကြားခံအဖြစ် ဆောင်ရွက်‌ပေးသူမှ သတ်မှတ်ထားသည့် ငွေကြေးအမျိုးအစား (ဤမှနောင်တွင် “ဆင့်ပွားပြောင်းလဲခြင်း” ဟု ရည်ညွှန်းခေါ်ဆိုမည်) သို့ပြောင်းလဲ၍ လွှဲငွေလက်ခံသူထံသို့ ပေးချေမှုများ ပြုလုပ်နိုင် သည်။
                                                                      • ၃။ လက်ခံရရှိမည့်ငွေပမာဏကို အထက်ပါ အပိုဒ်ခွဲအရ လက်ခံရရှိသည့်ငွေကြေးအမျိုးအစားဖြင့် သတ်မှတ်ပါက ငွေကြေးပြောင်းလဲမှုအတွက် အသုံးပြုမည့်ပြောင်းလဲနှုန်းထားသည် ငွေလွှဲခြင်း သ‌ဘောတူညီချက် ချုပ်ဆိုဆောင်ရွက်သည့်အချိန်မှစ၍ အောက်ဖော်ပြပါ URL တွင် ဖော်ပြထားသည့် ငွေလဲနှုန်းထားအတိုင်းဖြစ်ရမည်။ ငွေလွှဲခြင်းသဘောတူညီချက် ချုပ်ဆိုဆောင်ရွက်သည့်အချိန်သည် ကုမ္ပဏီက ဝန်ဆောင်မှုသုံးစွဲသူ၏ လျှောက်ထားမှုတွင် ပြဿနာပေါ်ပေါက်ခြင်းမရှိဟု မှတ်ယူ၍ လျှောက်ထားမှုကို လက်ခံအတည်ပြုသည့်အချိန်ကို ရည်ညွှန်းသည်ဖြစ်ပြီး၊ ဝန်ဆောင်မှုသုံးစွဲသူက ငွေလွှဲလျှောက်ထားမှုဆောင်ရွက်ပြီးစီးသည့်အချိန်ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်းကို ဝန်ဆောင်မှုသုံးစွဲသူ အနေဖြင့် သိရှိထားရမည်ဖြစ်သည်။ သို့ရာတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးသူ၏ လုပ်ငန်း ဆောင်ရွက်သည့်နေရာ၌ ငွေလက်ခံရရှိသည့်ကိစ္စရပ်နှင့် ငွေလွှဲခြင်းသ‌ဘောတူညီချက် ချုပ်ဆို ဆောင်ရွက်ပြီးနောက် လေးဆယ့်ငါး (၄၅) ရက် ကုန်လွန်သည့်နေ့ (ယင်းနေ့အပါအဝင်) မှ ရက်ပေါင်း ကိုးဆယ် (၉၀) ကုန်လွန်သည့်နေ့ (ယင်းနေ့အပါအဝင်) အထိ ကာလအတွင်း ငွေလွှဲရန်အတွက် ပေးချေပြီးဖြစ်ပါက ယင်းပေးချေမှုပြုလုပ်သည့်အချိန်ရှိ ငွေလဲနှုန်းထားကို အသုံးပြုရမည် ဖြစ်သည်။
                                                                        (URL: https://ires.remit.co.jp/IRESWeb/Exchange_Rate.jsf
                                                                      • ၄။ ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူက လျှောက်ထားသည့် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုနှင့်စပ်လျဥ်း သည့် ငွေလဲနှုန်းထားကို ဝန်ဆောင်မှုသုံးစွဲသူထံ အသိပေးအကြောင်းကြားရမည်။
                                                                      • ၅။ ဆင့်ပွားပြောင်းလဲခြင်းကို အပိုဒ်၃၇.၂ ပါ ပြဌာန်းချက်များနှင့်အညီ ပြုလုပ်ခြင်းဖြစ်ပါက ဝန်‌ဆောင်မှု သုံးစွဲသူ၏ ငွေလွှဲခြင်းပြုလုပ်မည့်ငွေကို လက်ခံရရှိမည့်ငွေကြေးအမျိုးအစားသို့ ဦးစွာပထမ ပြောင်းလဲရမည်ဖြစ်ပြီး ကြားခံအဖြစ်ဆောင်ရွက်ပေးသူက ၎င်းသတ်မှတ်ထားသည့် အခြားသော ငွေကြေးအမျိုးအစားသို့ ဆင့်ပွားပြောင်းလဲမှု ပြုလုပ်ရမည်ဖြစ်သည်။ ဆင့်ပွားပြောင်းလဲခြင်းတွင် အသုံးပြုသည့် ငွေလဲနှုန်းထားသည် ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ဆုံးဖြတ်ချက်ဖြင့် ဖော်ပြထားသော ငွေလဲနှုန်းထားအတိုင်း ဖြစ်ရမည်။
                                                                      •  

                                                                         

                                                                        အပိုဒ် ၃၈။ (အခကြေးငွေများ၊ အစရှိသည်)

                                                                        • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုသည့်အခါ ကုမ္ပဏီက သတ်မှတ်ထားသည့် အောက်ပါကျသင့်ငွေများကို ပေးချေရမည်။ ကျသင့်ငွေများကို အောက်ဖော်ပြပါ URL တွင် ဝင်ရောက်စစ်ဆေးနိုင်သည်။
                                                                          (URL:https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/
                                                                        • (၁) ငွေလွှဲ၀န်ဆောင်ခ၊
                                                                          (၂) ငွေသွင်းဝန်ဆောင်ခ၊
                                                                          (၃) ငွေလွှဲပြောင်းမှု ပယ်ဖျက်ခ၊
                                                                          (၄) ငွေထုတ်ဝန်ဆောင်ခ၊ နှင့်
                                                                          (၅) ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခ။
                                                                          • ၂။ အပိုဒ် ၃၈.၁(၁) တွင် ဖော်ပြထားသော ငွေလွှဲခသည် ငွေလွှဲရန်အတွက် ကျသင့်သည့် အခကြေးငွေဖြစ်ပြီး ထိုငွေပမာဏကိုနိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုအတွက် လျှောက်ထားချိန်တွင် ငွေလွှဲအရံငွေစာရင်းတွင် သွင်းထားသည့်ငွေပမာဏမှ နှုတ်ယူမည်ဖြစ်သည်။
                                                                          • ၃။ အပိုဒ် ၃၈.၁(၂)တွင် ဖော်ပြထားသော ငွေသွင်းဝန်ဆောင်ခသည် ငွေလွှဲအရံငွေစာရင်းတွင် ငွေပေးသွင်းမှု အတွက် ကျသင့်သည့် အခကြေးငွေဖြစ်ပြီး ထိုငွေပမာဏကို ငွေလွှဲအရံငွေစာရင်းတွင် သွင်းထားသည့် ငွေပမာဏမှ နှုတ်ယူရမည်။
                                                                          • ၄။ အပိုဒ် ၃၈.၁(၃)တွင် ဖော်ပြထားသော ငွေလွှဲပြောင်းမှုပယ်ဖျက်ခသည် ဝန်ဆောင်မှုသုံးစွဲသူ၏ အချက်အလက်ဖြည့်သွင်းမှုဆိုင်ရာ မှားယွင်းမှုတစ်ခုခုကြောင့်ဖြစ်စေ၊ လျှောက်ထားမှုတွင် လိုအပ်ချက် တစ်ခုခုရှိခြင်းကြောင့်ဖြစ်စေ ငွေလွှဲမှုမပြုလုပ်နိုင်သည့် ကိစ္စရပ်မျိုးတွင် ကျသင့်သော အခကြေးငွေ ဖြစ်ပြီး ထိုငွေပမာဏကို ငွေလွှဲအရံငွေစာရင်းသို့ ပြန်လည်ပေးသွင်းထားသည့် ငွေပမာဏထဲမှ နှုတ်ယူရမည်။
                                                                          • ၅။ အပိုဒ် ၃၈.၁(၄)တွင် ဖော်ပြထားသော ငွေထုတ်ဝန်ဆောင်ခသည် ငွေလွှဲလက်ကျန်ငွေပမာဏကို ဝန်‌ဆောင်မှုသုံးစွဲသူ၏ ဘဏ်ငွေစာရင်းသို့ လွှဲပြောင်းမှုအတွက် ကျသင့်သောငွေဖြစ်ပြီး၊ ယင်းငွေလွှဲပေးပို့မှုနှင့်သက်ဆိုင်သည့် ငွေပမာဏမှ နှုတ်ယူရမည်။
                                                                          • ၆။ အပိုဒ် ၃၈.၁(၅) တွင် ဖော်ပြထားသည့် ပြန်အမ်းငွေဆိုင်ရာဝန်ဆောင်ခများသည် အပိုဒ် ၁၀-၂.၁၊ ၂၁.၅ နှင့် ၂၈-၂.၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေလွှဲလက်ကျန်ငွေအား ပြန်အမ်းပေးရန်အတွက် လိုအပ်သော ကုန်ကျစရိတ်ဖြစ်ပြီး၊ ယင်းဝန်ဆောင်ခများကို ပြန်အမ်းရမည့် ငွေလွှဲလက်ကျန်ငွေပမာဏမှ နုတ်ယူရမည်ဖြစ်သည်။ ငွေလွှဲလက်ကျန် မလုံလောက်ပါက ကုမ္ပဏီသည် အဆိုပါဝန်ဆောင်ခ ပေးချေမှုကို ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းဖြင့် သီးခြားရယူရမည်။
                                                                          • ၇။ ကုမ္ပဏီသည် အထက်အပိုဒ်ခွဲ (၁) တွင် ဖော်ပြထားသော အခ‌ကြေး‌ငွေများကို ကုမ္ပဏီဝက်ဘ်ဆိုဒ်တွင် အခကြေးငွေ ပြောင်းလဲသည့်ရက်စွဲနှင့် အသေးစိတ်အချက်အလက်များကို ကြိုတင် အသိပေး ထုတ်ပြန်၍ ပြောင်းလဲနိုင်သည်။
                                                                          •  

                                                                             

                                                                            အပိုဒ် ၃၉။ (ငွေလွှဲခြင်းဆိုင်ရာ လျှောက်ထားမှု အစရှိသည်တို့ကို ပယ်ဖျက်ခြင်း)

                                                                            • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် ကြားခံအဖြစ်ဆောင်ရွက်ပေးသူဘက်မှ အတည်ပြုမှသာ ငွေလွှဲလျှောက်ထားမှု ဖျက်သိမ်းခြင်းနှင့် ငွေလွှဲခြင်းသဘောတူညီချက်ရပ်စဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
                                                                            • ၂။ ဝန်ဆောင်မှုသုံးစွဲသူသည် ငွေလွှဲလျှောက်ထားမှုကို ပယ်ဖျက်ခြင်း သို့မဟုတ် အထက်အပိုဒ်ခွဲပါ ငွေလွှဲခြင်းသဘောတူညီချက်ကို ရပ်စဲသည့်အခါ ကုမ္ပဏီသည် ငွေလွှဲမည့်ငွေပမာဏ နှင့် ငွေလွှဲခနှင့်ညီမျှသော ငွေပမာဏကို ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲအရံငွေစာရင်းသို့ ဂျပန်ယန်းငွေကြေးဖြင့် ပြန်အမ်းငွေ ထည့်သွင်းပေးရမည်။ ထိုသို့သောအခြေအနေတွင် ငွေသွင်းဝန်ဆောင်ခနှင့် ညီမျှသောပမာဏကို ပြန်လည်ပေးအမ်းမည်မဟုတ်ပါ။ သို့ရာတွင် ငွေလွှဲခကို ပြန်လည်ပေးအမ်းမှု မပြုခြင်း သို့မဟုတ် ငွေလွှဲပြောင်းမှုပယ်ဖျက်ခ ပေးဆောင်ရန် လိုအပ်ခြင်းရှိ/မရှိကို ကြားခံအဖြစ်ဆောင်ရွက်ပေးသူအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
                                                                            • ၃။ ကြားခံအဖြစ်ဆောင်ရွက်ပေးသူ၏ ရုံးလုပ်ငန်းတည်ရှိရာနေရာ၌ ငွေလွှဲလက်ခံဆောင်ရွက်သည့် ကိစ္စရပ်တွင် လွှဲငွေလက်ခံသူသည် ငွေလွှဲခြင်းသဘောတူညီချက်ကို ချုပ်ဆိုဆောင်ရွက်ပြီးစီးသည့် အချိန်မှစ၍ ရက်ပေါင်း ၉၀ (လက်ရှိကျရောက်သည့်နေ့အပါအဝင်) ကြာမြင့်သည့်တိုင် လွှဲငွေလက်ခံသူမှ ငွေလက်ခံမရရှိခြင်းနှင့် ယင်းသည် အပိုဒ် ၃၆.၂ အရ ငွေလက်ခံမရရှိမှုအဖြစ် ရောက်ရှိခဲ့ပြီး၊ ငွေလွှဲခြင်းသဘောတူညီချက်ကို နောက်ဆက်တွဲအနေဖြင့် ရပ်စဲသည့်ကိစ္စရပ်မျိုးတွင် ငွေလွှဲခ၊ ငွေသွင်းဝန်ဆောင်ခတို့နှင့်ညီမျှသော ‌ငွေပမာဏတို့ကို ပြန်လည်ပေးအမ်းမည်မဟုတ်ပါ။
                                                                            •  

                                                                               

                                                                              အပိုဒ် ၄၀။ (စောင့်ကြည့်လေ့လာရေး အကောင်အထည်ဖော်ဆောင်ရွက်မှု)

                                                                              • ၁။ Acts on Prevention of Transfer of Criminal Proceeds နှင့်အစရှိသည်တို့ ကဲ့သို့သော သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရန် ကုမ္ပဏီသည် ကုမ္ပဏီမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဝန်ဆောင်မှုသုံးစွဲသူ၏ နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုမှုအား စောင့်ကြည့်စစ်ဆေးမှုပြုလုပ်ရမည်ဖြစ်ပြီး၊ ကုမ္ပဏီဘက်မှ လိုအပ်သည်ဟုယူဆပါက ငွေလွှဲရခြင်း ရည်ရွယ်ချက်များ၊ လွှဲငွေလက်ခံသူနှင့် ဝန်ဆောင်မှုသုံးစွဲသူတို့အကြား ပတ်သက်ဆက်နွယ်မှုနှင့် ဝန်ဆောင်မှုသုံးစွဲသူ၏ ဝင်ငွေကဲ့သို့ သက်ဆိုင်ရာကိစ္စရပ်များကို တယ်လီဖုန်းခေါ်ဆိုခြင်း ကဲ့သို့သော ကုမ္ပဏီမှသတ်မှတ်ထားသည့် နည်းလမ်းဖြင့် မေးမြန်းဆောင်ရွက်မှုပြုလုပ်မည်ဖြစ်သည်။
                                                                              • ၂။ အထက်အပိုဒ်ခွဲပါ မေးမြန်းဆောင်ရွက်မှု၏ရလဒ်တစ်ခုအရ ကုမ္ပဏီမှလိုအပ်သည်ဟု ယူဆပါက ကုမ္ပဏီမှ မေးမြန်းဆောင်ရွက်ခဲ့သည့်အကြောင်းအရာများကို အတည်ပြုရန်အတွက် ကျိုးကြောင်းဆီလျော်သည်ဟု ယူဆသော စာရွက်စာတမ်းများကို ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူထံမှ တောင်းဆိုနိုင်ပါသည်။
                                                                              • ၃။ အထက်အပိုဒ်ခွဲနှစ်ပိုဒ်ပါ စုံစမ်းစစ်ဆေးမှုများ၏ရလဒ်အရ ကုမ္ပဏီသည် ငွေလွှဲပြောင်းမှုပမာဏ ကန့်သတ်ချက်များကို ပြောင်းလဲနိုင်သည်၊ သို့မဟုတ် ဝန်ဆောင်မှုသုံးစွဲသူ၏ နိုင်ငံတကာသို့ ငွေလွှဲဝန်ဆောင်မှု အသုံးပြုမှုကို ရပ်တန့်နိုင်သည် သို့မဟုတ် အပိုဒ် ၂၁ အရ ဝန်ဆောင်မှုသုံးစွဲသူ၏ စာရင်းသွင်းမှတ်ပုံတင်ခြင်းကို ပယ်ဖျက်နိုင်သည်။
                                                                              •  

                                                                                 

                                                                                အခန်း ၃။ (နိုင်ငံတကာငွေလွှဲလက်ခံခြင်းဝန်ဆောင်မှု)

                                                                                 

                                                                                အပိုဒ် ၄၁။ (ငွေလွှဲလက်ခံရန်အတွက် အွန်လိုင်းလျှောက်ထားမှုဆောင်ရွက်ခြင်း)

                                                                              • ၁။ ဝန်ဆောင်မှုသုံးစွဲသူများသည် ကုမ္ပဏီမှသတ်မှတ်ထားသော နည်းလမ်းနှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်အညီ ကုမ္ပဏီ၏ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်၍ ငွေလွှဲလက်ခံရန်အတွက် အွန်လိုင်းလျှောက်ထားမှုကို အသုံးပြုရမည်။ ငွေလွှဲလက်ခံရန်အတွက် အွန်လိုင်းလျှောက်ထားမှုတစ်ရပ် ဆောင်ရွက်သည့်အခါ၊ ငွေလွှဲရခြင်းရည်ရွယ်ချက်ကို ထည့်သွင်းရမည်ဖြစ်ပြီး၊ စကားဝှက် စသည်တို့ကိုကို အသုံးပြု၍ အထောက်အထားအတည်ပြုခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
                                                                              • ၂။ ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူထံမှ ငွေလွှဲလက်ခံရန်အတွက် အွန်လိုင်းလျှောက်ထားမှုကို လက်ခံရရှိပြီးနောက် အဆိုပါလျှောက်ထားမှုမှာ အပိုဒ် ၁၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ဆောင်မှု သုံးစွဲသူမှ တင်သွင်းသည့် လျှောက်ထားမှုအဖြစ် အသိအမှတ်ပြုသည့်အခါ ကုမ္ပဏီမှ ငွေလွှဲလက်ခံရန်အတွက် အွန်လိုင်းလျှောက်ထားမှုပါ အသေးစိတ်အချက်အလက်များကို ဝန်ဆောင်မှုသုံးစွဲသူ၏ terminal သို့ ပြန်လည်ပေးပို့ရမည်။
                                                                              • ၃။ ဝန်ဆောင်မှုသုံးစွဲသူသည် အထက်ပါအပိုဒ်ခွဲနှင့်အညီ ကုမ္ပဏီမှပြန်လည်ပေးပို့လာသော အသေးစိတ် အချက်အလက်များကို စစ်ဆေးရမည်ဖြစ်ပြီး မှန်ကန်ပါက ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ကုမ္ပဏီမှ သတ်မှတ်ထားသော လုပ်ငန်းစဉ်များနှင့်အညီ အသေးစိတ်အချက်အလက်များကို အတည်ပြု ဆောင်ရွက်ပြီးကြောင်း ဖော်ပြထားသည့် အကြောင်းပြန်စာတစ်စောင်ကို ကုမ္ပဏီသို့ ပေးပို့ရမည်။ ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီမှသတ်မှတ်ထားသော လုပ်ငန်းစဉ်များနှင့်အညီ လျှောက်ထားမှုပါ အသေးစိတ်အချက်အလက်များကို ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။
                                                                              • ၄။ ဝန်ဆောင်မှုသုံးစွဲသူသည် အထက်အပိုဒ်ခွဲပါ အကြောင်းပြန်စာကို ကုမ္ပဏီသို့ ချက်ခြင်းပေးပို့ ရမည်။ ကုမ္ပဏီမှ သတ်မှတ်ထားသောအချိန်အတွင်း ကုမ္ပဏီသို့ အကြောင်းပြန်စာမရောက်ရှိပါက လျှောက်ထားမှုကို ဝန်ဆောင်မှုသုံးစွဲသူဘက်မှ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
                                                                              • ၅။ ကုမ္ပဏီကသတ်မှတ်သည့် အချိန်အတွင်း ကုမ္ပဏီမှ ဤအပိုဒ်၏ အပိုဒ်ခွဲ ၃ တွင် ဖော်ပြထားသည့် အကြောင်းပြန်စာကို လက်ခံရရှိသည့်အချိန်တွင် နိုင်ငံတကာငွေလွှဲလက်ခံခြင်း ဝန်ဆောင်မှုကို အသုံးပြု၍ ဝန်ဆောင်မှုသုံးစွဲသူ၏ ငွေလွှဲလက်ခံရရှိရန်အွန်လိုင်းလျှောက်ထားမှု ဆောင်ရွက်ပြီးစီးမည်ဖြစ်ပြီး ကုမ္ပဏီ၏ ကွန်ပျူတာလုပ်ငန်းစဉ်ဆောင်ရွက်မှုများလည်း ဆောင်ရွက်ပြီးစီးမည်ဖြစ်သည်။
                                                                              • ၆။ အထက်အပိုဒ်ခွဲပါ ငွေလွှဲလက်ခံခြင်းအတွက် အွန်လိုင်းလျှောက်ထားမှု ချုပ်ဆိုဆောင်ရွက်ပြီးနောက် ကုမ္ပဏီသည် လျှောက်ထားချက်ပါအချက်အလက်များကို ကုမ္ပဏီမှသတ်မှတ်ထားသော စံနှုန်းများနှင့်အညီ စစ်ဆေးရမည်။ အဆိုပါစစ်ဆေးမှုနှင့်စပ်လျဥ်း၍ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ခြင်းမရှိဟု ကုမ္ပဏီဘက်မှ သတ်မှတ်လျှင် ကုမ္ပဏီသည် ဝန်ဆောင်မှုသုံးစွဲသူတင်သွင်းသည့် လျှောက်ထားမှုကို လက်ခံရမည်။ အဆိုပါလက်ခံမှုဆောင်ရွက်ချိန်၌ ငွေလွှဲလက်ခံရရှိမှု သဘောတူညီချက်ကို ကုမ္ပဏီနှင့် ဝန်ဆောင်မှုသုံးစွဲသူအကြား ချုပ်ဆိုဆောင်ရွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ကုမ္ပဏီအနေဖြင့် စစ်ဆေးမှုရလဒ်များအား ဝန်ဆောင်မှုသုံးစွဲသူထံ ကုမ္ပဏီမှ သတ်မှတ်ထားသော နည်းလမ်းကိုအသုံးပြု၍ အသိပေးအကြောင်းကြားရမည်ဖြစ်သည်။
                                                                              • ၇။ အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသော သဘောတူညီချက်ရယူပြီးဖြစ်သည့် ငွေလွှဲလက်ခံရရှိမှု သဘောတူညီချက်ကို ချုပ်ဆိုဆောင်ရွက်ပြီးသည်နှင့် ဝန်ဆောင်မှုသုံးစွဲသူသည် ယင်းငွေလွှဲ လက်ခံရရှိမှု သဘောတူညီချက်ကို ရပ်စဲနိုင်မည်မဟုတ်ပါ။
                                                                              • ၈။ ဤအပိုဒ်ပါ အပိုဒ်ခွဲ ၆ တွင်ဖော်ပြထားသည့် စစ်ဆေးမှု၏ရလဒ်မှ ငွေလွှဲလက်ခံခြင်းဆိုင်ရာ အွန်လိုင်းလျှောက်ထားမှုပါ အကြောင်းအရာနှင့်စပ်လျဥ်း၍ ပြဿနာပေါ်ပေါက်သည်ဟု ကုမ္ပဏီမှ ဆုံးဖြတ်ပါက ကုမ္ပဏီသည်အဆိုပါလျှောက်ထားမှုအား လက်ခံမည်မဟုတ်ဘဲ လျှောက်ထားမှုကို ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် စစ်ဆေးမှုရလဒ်များအား ဝန်ဆောင်မှုသုံးစွဲသူထံ ကုမ္ပဏီမှ သတ်မှတ်ထားသောနည်းလမ်းကို အသုံးပြု၍ အသိပေး အကြောင်းကြားရမည်ဖြစ်သည်။
                                                                              • ၉။ ငွေပေးငွေယူဆောင်ရွက်မှုများအတွက် ဝန်ဆောင်မှုသုံးစွဲသူ အသုံးပြုသည့် terminal များ ကောင်းမွန်စွာ လည်ပတ်မှုရှိ မရှိ ဆောင်ရွက်ရန်မှာ ဝန်ဆောင်မှုသုံးစွဲသူ၏တာဝန်ဖြစ်ပြီး၊ ငွေပေးငွေယူ ဆောင်ရွက်မှုများ အတွက် ဝန်ဆောင်မှုသုံးစွဲသူ အသုံးပြုသည့် terminal များသည် ကောင်းမွန်စွာလည်ပတ်မှုမရှိခြင်းကြောင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ကုမ္ပဏီအနေဖြင့် အဆိုပါဆုံးရှုံးမှုအတွက် ဝာာဝန်ရှိမည် မဟုတ်ပါ။
                                                                              • ၁၀။ ဤအပိုဒ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူထားသော ငွေလွှဲလက်ခံရရှိရန် လျှောက်ထားမှုဆောင်ရွက်ခြင်းမှ ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများအပြင် ဝန်ဆောင်မှုသုံးစွဲသူမှ မှားယွင်းသော အချက်အလက်ထည့်သွင်းမှုကြောင့်ဖြစ်စေ၊ လျှောက်ထားချက်ပါ အကြောင်းအရာ များနှင့် စပ်လျဉ်း၍ ပြဿနာများပေါ်ပေါက်သည်ဖြစ်စေ ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအတွက် ကုမ္ပဏီတွင် တာ၀န်ရှိမည်မဟုတ်ပါ။
                                                                              •  

                                                                                 

                                                                                အပိုဒ် ၄၂။ (တယ်လီဖုန်းဖြင့် ငွေလွှဲလက်ခံမှုလျှောက်ထားခြင်း)

                                                                                • ၁။ တယ်လီဖုန်းဖြင့် ငွေလွှဲလက်ခံခြင်းအတွက် လျှောက်ထားမှုတစ်ရပ်ကို အဖွဲ့ဝင်ဖြစ်သူဝန်ဆောင်မှုသုံးစွဲသူက ဆက်သွယ်ရန်ဖုန်းနံပါတ်သို့ တယ်လီဖုန်းဖြင့်ဆက်သွယ်လျှောက်ထားသော အခါတွင် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ဝန်ဆောင်မှုသုံးစွဲသူ၏ အချက်အလက်နှင့် ငွေစာရင်းဆိုင်ရာ အသေးစိတ် အချက်အလက်ကို ကုမ္ပဏီက သတ်မှတ်သည့်ပုံစံအတိုင်း စစ်ဆေးပြီး၊ ငွေစာရင်းရှိအမည်နှင့် ဝန်ဆောင်မှုသုံးစွဲသူ၏အမည်တို့ ကိုက်ညီမှုရှိမရှိကို စစ်ဆေးမည်ဖြစ်သည်။ တယ်လီဖုန်းဖြင့် ငွေလွှဲလက်ခံခြင်းဆိုင်ရာ လျှောက်ထားမှုတစ်ရပ်သည် ကုမ္ပဏီမှသတ်မှတ်သည့်ပုံစံအတိုင်း ငွေလွှဲရခြင်းရည်ရွယ်ချက်နှင့် အထောက်အထားအတည်ပြုခြင်းဆိုင်ရာ အသိပေးဆောင်ရွက်မှုများ လိုအပ်ပါသည်။
                                                                                • ၂။ အထက်ပါအပိုဒ်ခွဲတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ၊ ကုမ္ပဏီသည် အောက်ပါကိစ္စရပ်များအနက် တစ်ရပ်ရပ်တွင် တယ်လီဖုန်းဖြင့် ငွေလွှဲခြင်းအတွက် ဝန်ဆောင်မှုသုံးစွဲသူ၏ လျှောက်ထားမှုကို ငြင်းဆို နိုင်သည်-
                                                                                • (၁) ကုမ္ပဏီမှသတ်မှတ်ထားသောပုံစံဖြင့် အတည်ပြုရမည့် ကိစ္စရပ်အသီးသီးအတွက် လိုအပ်သော အချက်အလက်များကို ဝန်ဆောင်မှုသုံးစွဲသူမှ ပေးအပ်ခြင်းမရှိပါက၊ ၊
                                                                                  (၂) အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသော ငွေလွှဲရခြင်းရည်ရွယ်ချက်သည် တရားမဝင်ကိစ္စရပ် ဖြစ်ပါက၊ သို့မဟုတ်
                                                                                  (၃) ဂျပန်နိုင်ငံရှိ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းနှင့် အခွန်ကောက်ခံခြင်းဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းများတွင် ပြဋ္ဌာန်းထားသည့် ပြည်သူ့ရုံးဌာနတစ်ရပ်မှ ထုတ်ပြန်ထားသော တရားဝင်စာရွက်စာတမ်း၊ သို့မဟုတ် ငွေကြေးလွှဲပြောင်းမှုတစ်ရပ်အတွက် ခွင့်ပြုချက် လိုအပ်သည့်အခြေအနေတွင် ခွင့်ပြုချက်အစရှိသည်တို့ရရှိကြောင်း သက်သေခံစာရွက်စာတမ်း စသည်တို့ကို ကုမ္ပဏီမှသတ်မှတ်ထားသည့် ရက်စွဲစေ့ရောက်သည့်တိုင် တင်ပြထားမှုမရှိခြင်း။
                                                                                  • ၃။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းနှင့် အခြားသော ဥပဒေကြောင်းဆိုင်ရာ သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ တောင်းဆိုမှုများကို အကာအကွယ်ပေးရန် မူဝါဒများအရ၊ တယ်လီဖုန်းဖြင့် ငွေလွှဲလက်ခံခြင်းဆိုင်ရာ လျှောက်ထားမှုကိုလက်ခံရရှိခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီမှ ဝန်ဆောင်မှု သုံးစွဲသူများ၏ အချက်အလက်များကို ကြားခံအဖြစ်ဆောင်ရွက်ပေးသူထံ ထုတ်ဖော်နိုင်သည်ကို ဝန်ဆောင်မှုသုံးစွဲသူများမှ သဘောတူပါသည်။ ထို့အပြင် ကြားခံအဖြစ် ဆောင်ရွက်ပေးသူမှ ထိုအချက်အလက်များကို အခြား ကြားခံအဖြစ် ဆောင်ရွက်ပေးသူများ၊ ၎င်း၏မိခင်ကုမ္ပဏီ သို့မဟုတ် ၎င်း၏လုပ်ငန်းခွဲများနှင့် မျှဝေနိုင်သည်ကို ဝန်ဆောင်မှုသုံးစွဲသူမှ သဘောတူပါသည်။
                                                                                  • ၄။ ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူဘက်မှ တမင်ကြံရွယ်၍ကျူးလွန်ခြင်း သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်ပွားသည့် ကိစ္စရပ်များမှလွဲ၍ အထက်ပါအပိုဒ်တွင် ဖော်ပြထားသည့် ကိုင်တွယ်ဆောင်ရွက်မှုမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများအတွက် ကုမ္ပဏီနှင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတွင် မည်သို့မျှ တာဝန်ရှိမည် မဟုတ်ပါ။
                                                                                  •  

                                                                                     

                                                                                    အပိုဒ် ၄၃။ (ငွေလွှဲလက်ခံရရှိမှု)

                                                                                    • ၁။ ချုပ်ဆိုဆောင်ရွက်ပြီးသည့် ငွေလွှဲလက်ခံရရှိမှုသဘောတူညီချက်နှင့်စပ်လျဉ်း၍ လက်ခံရရှိသော ငွေလွှဲပမာဏမှ အောက်ပါအပိုဒ်များတွင်ဖော်ပြထားသည့်အခကြေးငွေများကို နုတ်ယူပြီးနောက် ကျန်ရှိသောပမာဏကို ဝန်ဆောင်မှုသုံးစွဲသူ၏အမည်ဖြင့် ကြိုတင်စာရင်း ဖွင့်လှစ်ထားသော ဘဏ်စာရင်းတစ်ခုသို့ ကုမ္ပဏီမှ လွှဲပြောင်းပေးရမည်ဖြစ်သည်။ ယင်းသို့လွှဲပြောင်းရာတွင် ငွေလွှဲလက်ခံရရှိမှု သဘောတူညီချက်ကိုချုပ်ဆိုပြီးစီးသည့်နေ့၏ ညနေ ၃ နာရီမတိုင်မီ ချုပ်ဆိုပြီးစီးခဲ့ခြင်းဖြစ်ပါက ယင်းနေ့နှင့် ကပ်လျက်ဖြစ်ပေါ်သည့် ရုံးဖွင့်ရက်တွင်လည်းကောင်း၊ ငွေလွှဲလက်ခံရရှိမှု သဘောတူညီချက်ကို ချုပ်ဆိုပြီးစီးသည့်နေ့၏ ညနေ ၃နာရီ တိတိ သို့မဟုတ် ယင်းနောက်ပိုင်းတွင် ချုပ်ဆိုခဲ့ပါက ယင်းရက်မှ နှစ်ရက်မြောက်နေ့တွင်လည်းကောင်း၊ ကုမ္ပဏီအနေဖြင့် ကျန်ရှိသောငွေပမာဏကို လွှဲပြောင်းပေးရမည် ဖြစ်သည်။
                                                                                    • ၂။ ငွေလွှဲလက်ခံခြင်းအတွက် အခကြေးငွေကို ကုမ္ပဏီမှ သီးခြားသတ်မှတ်ပေးမည်ဖြစ်ပြီး ယင်း အခကြေးငွေကို အောက်ပါ URL တွင် စစ်ဆေးနိုင်ပါသည်။
                                                                                      (URL: https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/
                                                                                    • ၃။ ငွေလွှဲလက်ခံရရှိမှုတစ်ရပ်စီ၏ အများဆုံးငွေပမာဏနှင့် တစ်လလျှင်အများဆုံးလွှဲပြောင်းနိုင်မည့် ပမာဏအတွက်ကန့်သတ်ချက်များ၊ တစ်လလျှင် အများဆုံးငွေလွှဲပြောင်းနိုင်သည့် အကြိမ်အရေ အတွက်များနှင့်စပ်လျဉ်းသည့် ကန့်သတ်ပမာဏများကို ကုမ္ပဏီက သီးခြားသတ်မှတ်ရမည်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါ URL တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
                                                                                      (URL: https://www.remit.co.jp/kaigaisoukin/service/flowindividual/
                                                                                      (URL: https://www.remit.co.jp/kaigaisoukin/service/flowcorporation/
                                                                                    • ၄။ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးမှ ငွေလွှဲလက်ခံရန် လျှောက်ထားပါက၊ ဝန်ဆောင်မှုသုံးစွဲသူသည် ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်သို့ဝင်ရောက်ပြီး လွှဲပို့လိုက်သည့်ငွေကိုလက်ခံရရှိနိုင်မှုအခြေအနေအား ကုမ္ပဏီမှ သတ်မှတ်ထားသော ဝက်ဘ်စာမျက်နှာပေါ် တွင် စစ်ဆေးနိုင်ပါသည်။
                                                                                    • ၅။ ဝန်ဆောင်မှုသုံးစွဲသူများအနေဖြင့် ငွေလွှဲလက်ခံခြင်းနှင့်စပ်လျဉ်း၍ မိမိတို့၏အချက်အလက်များအား ကြားခံအဖြစ်ဆောင်ရွက်ပေးသူထံ အောက်ပါရည်ရွယ်ချက်များအရ ထုတ်ဖော်မည်ကို သဘောတူ လက်ခံပါသည်- (က) ဝန်ဆောင်မှုသုံးစွဲသူအား ဝန်ဆောင်မှုများပေးရန် ရည်ရွယ်ချက်ဖြင့်၊ (ခ) ဥပဒေအရ ခွင့်ပြုထားသော နယ်ပယ်အတွင်း ပူးတွဲစျေးကွက်ချဲ့ထွင်ခြင်းဆောင်ရွက်ရန် ရည်ရွယ်ချက် ဖြင့်၊ သို့မဟုတ် (ဂ) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့ခြင်းနှင့် အခြားသော ဥပဒေကြောင်းအရ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ တောင်းဆိုမှုများအရ ထုတ်ဖော်ဖွင့်ဟမည်ကို သဘောတူလက်ခံပါသည်။ ထို့အပြင် အထက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် ထိုအချက်အလက်များကို ကြားခံအဖြစ် ဆောင်ရွက်ပေးသူမှ အခြားကြားခံအဖြစ် ဆောင်ရွက်ပေးသူများ၊ ၎င်း၏မိခင်ကုမ္ပဏီ သို့မဟုတ် ၎င်း၏လုပ်ငန်းခွဲများ (ဂျပန်နိုင်ငံတွင် တည်ထောင်ဖွဲ့စည်းထားခြင်းမရှိသည့် အရာများ လည်း အပါအဝင်ဖြစ်သည်။) နှင့် မျှဝေနိုင်သည်ကို ဝန်ဆောင်မှုသုံးစွဲသူများက သဘောတူပါသည်။
                                                                                    • ၆။ ကုမ္ပဏီ သို့မဟုတ် ကြားခံအဖြစ်ဆောင်ရွက်ပေးသူဘက်မှ တမင်ကြံရွယ်သည့် ကျူးလွန်မှု သို့မဟုတ် ပေါ့ဆမှုတို့ကြောင့် ကြောင့်ဖြစ်ပွားသည့် ကိစ္စရပ်များမှလွဲ၍ အထက်ပါအပိုဒ်တွင် ဖော်ပြထားသည့် ကိုင်တွယ်ဆောင်ရွက်မှုမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများအတွက် ကုမ္ပဏီနှင့် ကြားခံအဖြစ်ဆောင်ရွက်ပေးသူတွင် မည်သို့မျှ တာဝန်ရှိမည်မဟုတ်ပါ။
                                                                                    •  

                                                                                       

                                                                                      အပိုဒ် ၄၄။ (နိုင်ငံခြားငွေကြေးလဲလှယ်မှု)

                                                                                      • ၁။ ငွေလွှဲလက်ခံရရှိမှုကို ဂျပန်ယန်းငွေကြေးဖြင့် ဆောင်ရွက်ရမည်။
                                                                                      • ၂။ လက်ခံရရှိရမည့်ငွေပမာဏ၏ ပြည်တွင်းသုံးငွေမှ ဂျပန်ယန်းငွေကြေးသို့ ငွေကြေးပြောင်းလဲမှုနှုန်းထားသည် ငွေလွှဲပေးရန် လျှောက်ထားသူက ငွေလွှဲလျှောက်ထားမှုကို တင်သွင်းသည့်အချိန်၌ ကြားခံအဖြစ် ဆောင်ရွက်ပေးသူက သတ်မှတ်သည့် ငွေလဲနှုန်းဖြစ်ပြီး၊ ငွေကြေးပြောင်းလဲမှုကို ယင်းငွေလဲနှုန်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
                                                                                      •  

                                                                                         

                                                                                        အပိုဒ် ၄၅။ (ရပ်စဲခြင်း)

                                                                                        ကုမ္ပဏီအနေဖြင့် ချုပ်ဆိုပြီးစီးခဲ့သည့် ငွေလွှဲလက်ခံရရှိမှုသဘောတူညီချက်တွင် အမှားအယွင်း သို့မဟုတ် ကွဲလွဲမှုရှိပါက ငွေလွှဲလက်ခံမှုနှင့်ပတ်သက်၍ ငွေပေးချေမှုပြုလုပ်ပြီးနောက်တွင်ပင် ယင်းငွေပေးငွေယူမှု တစ်ရပ်အား ရပ်စဲနိုင်သည်။ ထိုသို့သောအခြေအနေတွင် ဝန်ဆောင်မှုသုံးစွဲသူသည် တောင်းဆိုချက်နှင့်အညီ ထိုငွေများကို ကုမ္ပဏီထံ ပြန်လည်အပ်နှံရမည်။

                                                                                         

                                                                                        အခန်း ၄။ (ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများအက်ဥပဒေနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ)

                                                                                         

                                                                                        အပိုဒ် ၄၆။ (ဘဏ်များ အစရှိသည်တို့မှ ဆောင်ရွက်သည့် နိုင်ငံခြားငွေကြေးလွှဲပြောင်းမှုများတွင် အထောက်အထား မှားယွင်းအတည်ပြုမှု တားဆီးရေးဆိုင်ရာကိစ္စရပ်များ)

                                                                                        • ဝန်ဆောင်မှုသုံးစွဲသူများသည် အောက်ပါကိစ္စရပ်များကို အပြည့်အဝနားလည်သိရှိပြီးမှသာဝန်ဆောင်မှုများကို အသုံးပြုရပါမည်-
                                                                                        • (၁) ဝန်ဆောင်မှုများသည် ဘဏ်များ အစရှိသည်တို့မှပြုလုပ်သော နိုင်ငံခြားငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ဆောင်ရွက်မှုများ မဟုတ်ပါ။
                                                                                          (၂) ဝန်ဆောင်မှုများသည် ကုမ္ပဏီအနေဖြင့် အပ်ငွေများလက်ခံခြင်း၊ ငွေစုခြင်း သို့မဟုတ် အရစ်ကျငွေစုခြင်းစသည့် ဝန်ဆောင်မှုများမဟုတ်ပါ။
                                                                                          (၃) ဝန်ဆောင်မှုများသည် Deposit Insurance Act (၁၉၇၁ ခုနှစ် အက်ဥပဒေအမှတ် ၃၄ နှင့် နောက်ဆက်တွဲ ပြင်ဆင်မှုများ အပါအဝင်)၏ ပုဒ်မ ၅၃ သို့မဟုတ် Agricultural and Fishery Cooperation Savings Insurance Act (၁၉၇၃ ခုနှစ် အက်ဥပဒေ အမှတ် ၅၃ နှင့် နောက်ဆက်တွဲ ပြင်ဆင်မှုများ အပါအဝင်) ၏ ပုဒ်မ ၅၅ အရ အာမခံရရှိသောငွေများနှင့် အကျုံးဝင်သက်ဆိုင်မှုမရှိပါ။

                                                                                           

                                                                                           

                                                                                          အပိုဒ် ၄၇။ (စည်းမျဥ်းစည်းကမ်းများနှင့်စပ်လျဉ်းသည့် သဘောတူညီချက်ပါအကြောင်းအရာများ)

                                                                                          • ၁။ နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုတွင် ကုမ္ပဏီမှ ကိုင်တွယ်ဆောင်ရွက်နိုင်မည့် အများဆုံးငွေပမာဏသည် ငွေလွှဲမှုတစ်ကြိမ်လျှင် ဂျပန်ယန်း ၁,၀၀၀,၀၀၀ ဖြစ်သည်။
                                                                                          • ၂။ ကုမ္ပဏီမှပြုလုပ်သော နိုင်ငံတကာငွေလွှဲပို့မှုဆိုင်ရာ စံပြုဆောင်ရွက်ရမည့်ကာလသည် အပိုဒ် ၃၃.၅ တွင်ဖော်ပြထားသည့် အတိုင်းဖြစ်သည်။
                                                                                          • ၃။ ဝန်ဆောင်မှုသုံးစွဲသူများမှပေးဆောင်ရမည့် ကျသင့်ငွေပမာဏ၊ ပေးချေရမည့်ပမာဏ၊ ကုန်ကျစရိတ်များ၊ ယင်းတို့၏ အမြင့်မားဆုံးပမာဏ သို့မဟုတ် ယင်းတို့အား တွက်ချက်သည့်နည်းလမ်းသည် အပိုဒ် ၂၈-၂ (၇)၊ အပိုဒ် ၃၈ နှင့် အပိုဒ် ၄၃.၂ တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။
                                                                                          • ၄။ နိုင်ငံခြားငွေကြေးတစ်ရပ်၏ပမာဏဖြင့် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုကိုပြုလုပ်မည်ဆိုပါက၊ ယင်းငွေ ပမာဏကို အပိုဒ် ၃၇ နှင့် ၄၄ တွင်ဖော်ပြထားသည့် တွက်ချက်နည်းဖြင့်တွက်ချက်၍ ဂျပန်ယန်းငွေအဖြစ် ပြောင်းလဲရမည်။
                                                                                          • ၅။ ဤစည်းမျဥ်းစည်းကမ်းများနှင့်အညီ ဝန်ဆောင်မှုသုံးစွဲသူနှင့် ကုမ္ပဏီအကြား လိုက်နာဆောင်ရွက်ရန် ဖြစ်သော သဘောတူညီချက် (ဤမှနောင်တွင် “သဘောတူစာချုပ်” ဟုရည်ညွှန်းခေါ်ဆိုမည်) တွင် ပုံသေသတ်မှတ်ထားသော စာချုပ်သက်တမ်းမရှိစေရ။ အသင်းဝင်မှတ်ပုံတင်ခြင်းကို ပယ်ဖျက်သည့်အခါ သဘောတူစာချုပ်သည် ရပ်စဲရမည်။
                                                                                          • ၆။ ဤစည်းမျဥ်းစည်းကမ်းများတွင် ဖော်ပြထားသော သဘောတူစာချုပ်အား ရပ်စဲသည့်ကိစ္စရပ်တွင်၊ ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းမှာ အောက်ပါအတိုင်း ဖြစ်သည် –
                                                                                          • (၁) သဘောတူစာချုပ် ရပ်စဲပါက အပိုဒ် ၂၁ တွင် ဖော်ပြထားသည့်အတိုင်း ကိုင်တွယ်ဆောင်ရွက်မည် ဖြစ်သည်။
                                                                                            (၂) ငွေလွှဲခြင်းသဘောတူညီချက်ကို ဖျက်သိမ်းပါက အပိုဒ် ၃၆ နှင့် ၃၉ တို့တွင် ဖော်ပြထားသည့်အတိုင်း ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။
                                                                                            (၃) ငွေလွှဲလက်ခံရရှိမှုသဘောတူညီချက်ကို ပယ်ဖျက်ပါက အပိုဒ် ၄၅ တွင် ဖော်ပြထားသည့်အတိုင်း ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။
                                                                                          • ၇။ ကုမ္ပဏီသည် အမျိုးအစား(၂) ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုပေးသူဖြစ်ပြီး၊ ကုမ္ပဏီမှ လုပ်ဆောင်နေသော ယင်းဝန်ဆောင်မှုအတွက် တွက်ချက်မှုကာလမှာ တစ်ပတ်ဖြစ်ပြီး အပ်ငွေထည့်သွင်းရမည့် နောက်ဆုံးကာလမှာ ရုံးဖွင့်ရက် သုံးရက်အတွင်း ဖြစ်သည်။
                                                                                          • ၈။ ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းကြောင့် ဝန်ဆောင်မှုသုံးစွဲသူအဖွဲ့ဝင်များ သို့မဟုတ် အဖွဲ့ဝင်မဟုတ်သော ဝန်ဆောင်မှုသုံးစွဲသူများ၌ ဆုံးရှုံးနစ်နာမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာသည့် ကိစ္စရပ်တွင်၊ ကုမ္ပဏီ၏ “နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို ခွင့်ပြုချက်မရှိသည့် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပေးခြင်းဆိုင်ရာမူဝါဒ” နှင့်အညီ လျော်ကြေး ပေးအပ်သွားမည် ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ URL (https://www.remit.co.jp/coverage_policy/) တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
                                                                                            (URL: https://www.remit.co.jp/coverage_policy/
                                                                                          •  

                                                                                             

                                                                                            အပိုဒ် ၄၈။ (လုပ်ငန်းဆောင်ရွက်မှုအာမခံအပ်ငွေစနစ်)

                                                                                            • ၁။ Payment Services Act (၂၀၀၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ ရက်စွဲပါ အက်ဥပဒေအမှတ် ၅၉ နှင့် နောက်ဆက်တွဲပြင်ဆင်မှုများအပါအဝင်)၏ ပုဒ်မ ၄၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ ကုမ္ပဏီသည် လုပ်ငန်းအပ်နှံဆောင်ရွက်မှုအာမခံအပ်ငွေ၏ ပမာဏတစ်ရပ်ကို ထိန်းသိမ်းထားနိုင်ရန် အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းသို့ ထိန်းသိမ်းထားရမည့်ပမာဏတစ်ရပ်သည် ငွေလွှဲအရံငွေစာရင်းများတွင် သွင်းထားသည့်ငွေလွှဲအရံငွေ စုစုပေါင်းနှင့် Cabinet Office Ordinance on Funds Transfer Service Providers ၏ အပိုဒ် ၆၊ ပုဒ်မ ၁၁ ပါ မြှောက်ဖော်ကိန်းဖြင့် တွက်ချက်ခြင်းမှ ရရှိလာသော လက်ခံရရှိထားသည့်လွှဲငွေပမာဏတို့ကို မြှောက်ခြင်းဖြင့်ရရှိလာသော ပမာဏနှင့်တူညီသော သို့မဟုတ် ပိုမိုများပြားသောငွေပမာဏ ဖြစ်ရမည်။ ယင်းငွေပမာဏကို ပြန်အမ်းငွေလုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ်အဖြစ် ကုမ္ပဏီမှ ထိန်းသိမ်းထားရမည်ဖြစ်ပြီး၊ ယင်းမှာ ဝန်ဆောင်မှုသုံးစွဲသူများထံ ငွေလွှဲအရံငွေပြန်လည်ပေးအမ်းရန် တာဝန်တစ်ရပ်အတွက် အာမခံပေးအပ်နိုင်ရန်နှင့် လက်ခံရရှိသည့် လွှဲငွေများအား ဝန်ဆောင်မှုသုံးစွဲသူများထံ ကုမ္ပဏီမှပေးအပ်နိုင်ရန် တို့အတွက်ဖြစ်သည်။ ကုမ္ပဏီသည် ၎င်း၏ မည်သည့်ပေးချေရန်တာဝန်ကိုမျှ ပေးဆောင်နိုင်ခြင်းမရှိပါက၊ ငွေလွှဲရန်တောင်းဆိုသူ သည် ကုမ္ပဏီ၏အခြားမြီရှင်များအားကျော်လွန်၍ လုပ်ငန်းဆောင်ရွက်မှု အာမခံအပ်ငွေကို ပြန်အမ်းရရှိရန် ဦးစားပေးခွင့် (ဤမှနောင်တွင် “ပြန်အမ်းငွေအတွက် တောင်းဆိုပိုင်ခွင့်” ဟုရည်ညွှန်းခေါ်ဆိုမည်) ရှိစေရမည်ဖြစ်သည်။
                                                                                            • (က) Aozora Bank, Ltd. နှင့် ငွေပေးချေမှုအာမခံသဘောတူညီချက် ချုပ်ဆိုဆောင်ရွက်ခြင်း၊
                                                                                              (ခ) Resona Bank,Ltd. နှင့် ငွေပေးချေမှုအာမခံသဘောတူညီချက် ချုပ်ဆိုဆောင်ရွက်ခြင်း။
                                                                                              (ဂ) ဘရာဇီးဘဏ် တိုကျိုဘဏ်ခွဲ နှင့် ငွေပေးချေမှုအာမခံသဘောတူညီချက် ချုပ်ဆိုဆောင်ရွက်ခြင်း။
                                                                                              (ဃ)SBI Insurance Co, Ltd. နှင့် လုပ်ငန်းဆောင်ရွက်မှုအာမခံအပ်ငွေ ထိန်းသိမ်းခြင်း သဘောတူညီချက်ချုပ်ဆိုဆောင်ရွက်ခြင်း။
                                                                                              (င) Tokyo Legal Affairs Bureau တွင် လုပ်ငန်းဆောင်ရွက်မှုအာမခံအပ်ငွေ အပ်နှံထည့်သွင်းခြင်း။
                                                                                              • ၂။ လွှဲငွေလက်ခံသူမှ လွှဲပို့သည့်ငွေကို အမှန်တကယ်မရရှိမချင်း ဝန်ဆောင်မှုသုံးစွဲသူတွင် နိုင်ငံတကာငွေလွှဲခြင်း ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ပြန်အမ်းငွေအတွက်ပြန်လည်တောင်းဆိုပိုင်ခွင့် ဆက်လက်ရှိစေရမည်။ လွှဲငွေလက်ခံသူမှ ငွေလွှဲခြင်းကို အမှန်တကယ်လက်ခံရရှိပြီးနောက်တွင် ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ပြန်အမ်းငွေအတွက် တောင်းဆိုပိုင်ခွင့်ကို ကျင့်သုံး၍ရနိုင်မည်မဟုတ်ပါ။ ထို့အပြင် နိုင်ငံတကာ ငွေလွှဲလက်ခံခြင်းဝန်ဆောင်မှုတွင် ပြန်အမ်းငွေအတွက်တောင်းဆိုပိုင်ခွင့်သည် ဝန်ဆောင်မှု သုံးစွဲသူနှင့်သာ သက်ဆိုင်စေရမည် ဖြစ်သည်။
                                                                                              • ၃။ Payment Services Act ၏ ပုဒ်မ ၅၉၊ အပိုဒ် ၂ တွင်ဖော်ပြထားသည့် ကိစ္စတစ်ရပ် ပေါ်ပေါက်လာပါက၊ ယင်းအပိုဒ်တွင်ဖော်ပြထားသော ပြန်အမ်းငွေဆိုင်ရာလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝန်ဆောင်မှုသုံးစွဲသူများသည် လုပ်ငန်းဆောင်ရွက်မှုအာမခံအပ်ငွေကို ပြန်အမ်း ရရှိနိုင်ပါသည်။
                                                                                              • ၄။ အထက်ပါအပိုဒ်ခွဲတွင်ဖော်ပြထားသည့် ကိစ္စရပ်ဖြစ်ပွားခဲ့ပါက၊ နိုင်ငံတကာသို့ ငွေလွှဲဝန်ဆောင်မှုတွင် လွှဲငွေလက်ခံသူသည် လွှဲပို့သည့်ငွေကို လက်ခံရရှိမည်မဟုတ်ပါ။ ယင်းကိစ္စရပ်ဖြစ်ပွားခဲ့ပြီး၊ နိုင်ငံတကာသို့ ငွေလွှဲဝန်ဆောင်မှုတွင် လွှဲငွေလက်ခံသူသည် ငွေလွှဲခြင်းကိုလက်ခံရရှိပြီးနောက်တွင် ပြန်အမ်းငွေ လုပ်ငန်းစဉ်များကိုဆောင်ရွက်ပါက ဝန်ဆောင်မှုသုံးစွဲသူအနေဖြင့် ကုမ္ပဏီသို့ လုပ်ငန်းဆောင်ရွက်မှု အာမခံအပ်ငွေနှင့် ညီမျှသော ပမာဏကို ပြန်လည်ပေးအပ်ရမည်။
                                                                                              •  

                                                                                                 

                                                                                                အပိုဒ် ၄၉။ (စုံစမ်းမေးမြန်းရန်အဆက်အသွယ်များ၊ တိုင်ကြားမှုဆောင်ရွက်ချက်အစီအမံများနှင့် အငြင်းပွားမှု ဖြေရှင်းရေး အစီအမံများ)

                                                                                                • ၁။ ဝန်ဆောင်မှုများနှင့်ပတ်သက်သော စုံစမ်းမေးမြန်းမှုများနှင့် မှတ်ချက်ပေးပို့မှုများအား အောက်ပါ
                                                                                                  ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြု၍ လက်ခံဆောင်ရွက်ပါသည်။
                                                                                                  လိပ်စာ- SBI Remit Co., Ltd. ၊ Customer Center
                                                                                                  4F Sumitomo Fudosan Otowa Bldg., 2-9-3, Otsuka, Bunkyo-ku, Tokyo, 112-0012
                                                                                                  ဖုန်း- 03-5652-6759
                                                                                                  အီးမေးလ်- support@remit.co.jp
                                                                                                  (အပတ်စဉ်ရုံးဖွင့်ရက်များ)နံနက် ၉:၀၀ မှ – ညနေ ၆:၀၀ အထိ
                                                                                                • ၂။ ကုမ္ပဏီသည် Payment Services Act အရ အောက်ပါတိုင်ကြားမှု ဆောင်ရွက်ချက် အစီအမံများနှင့် အငြင်းပွားမှုဖြေရှင်းရေးအစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ကုမ္ပဏီမှ လုပ်ဆောင်နေသည့် ငွေလွှဲလုပ်ငန်းနှင့်ပတ်သက်သော တိုင်ကြားချက်များနှင့် အငြင်းပွားမှုများကို အောက်ပါ ပြင်ပအဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
                                                                                                • (၁) တိုင်ကြားမှုဆောင်ရွက်ချက်အစီအမံများ
                                                                                                  Japan Payment Service Association Customer Hotline ဖုန်း- 03-3556-6261
                                                                                                  စုံစမ်းမေးမြန်းမှုများနှင့် တိုင်ကြားချက်များကို ကိုင်တွယ်ဆောင်ရွက်ရန် ၎င်းအဖွဲ့အစည်း မှကျင့်သုံးသည့် လုပ်ငန်းစဉ်ကို အောက်ပါ URL တွင် ဖတ်ရှုနိုင်ပါသည်။
                                                                                                  (URL:http://www.s-kessai.jp/consumer/giftcard_prica_netprica/funds_consumer_inquiry_cg.html
                                                                                                  (၂) အငြင်းပွားမှုဖြေရှင်းရေး အစီအမံများ
                                                                                                  Tokyo Bar Association Dispute Resolution Center ဖုန်း- 03-3581-0031
                                                                                                  Daiichi Tokyo Bar Association Arbitration Centre ဖုန်း- 03-3595-8588
                                                                                                  Daini Tokyo Bar Association Arbitration Center ဖုန်း- 03-3581-2249
                                                                                                  ဤဘာသာပြန်ဆိုချက်သည် ဝန်ဆောင်မှုသုံးစွဲသူများ နားလည်သဘောပေါက်စေရန်အတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး၊ ဤဘာသာပြန်ဆိုချက်နှင့် ဂျပန်စာသားတို့အကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက ဂျပန်စာသားပါ အကြောင်းအရာကသာ အတည်ဖြစ်သည်။

                                                                                                   

                                                                                                   

                                                                                                  စာနိဂုံး

                                                                                                   

                                                                                                  • စာနိဂုံး
                                                                                                  • ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်၊ တွင်ရေးသားပြုစုပြီး၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၇ ခုနှစ်၊ မေလ ၁၈ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ၁ ရက်၊
                                                                                                  • ပြင်ဆင်ချက် ၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်၊
                                                                                                  • ပြင်ဆင်ချက် ၊ ၂၀၂၀ ခုနှစ်၊ မတ်လ ၃၀ ရက်၊
                                                                                                  • ပြင်ဆင်ချက် ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်၊
                                                                                                  • ပြင်ဆင်ချက် ၊ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်၊
                                                                                                  • ပြင်ဆင်ချက် ၊ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်၊
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်।
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်।
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ ရက်।
                                                                                                  • ပြင်ဆင်ချက်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်।
                                                                                                  • ပြင်ဆင်ချက်၊၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်।
                                                                                                  • ပြင်ဆင်ချက်၊၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်।
                                                                                                  • ပြင်ဆင်ချက်၊၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်နေ့တွင် ပြင်ဆင်သည်။
                                                                                                  • ပြင်ဆင်ချက်၊၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်နေ့တွင် ပြင်ဆင်သည်။